ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါမြို့နဲ့ နောင်ချိုမြို့တို့မှာ အကြမ်းဖက်စစ်ကောင်စစ်တပ်က ဖျက်အားပြင်း ပေါင် (၅၀၀)ဗုံး လာရောက်ကြဲချမှုကြောင့် ဒေသခံ ၁ ယောက် သေဆုံးပြီး နေအိမ်အများအပြားပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာလ ၁၀ ရက်နေ့ မွန်းတည့်အချိန်မှာ သီပေါမြို့ ဇာတ်စုရပ်ကွက်နဲ့ သီပေါအကျဉ်းထောင်အတွင်း စစ်ကောင်စီတပ်က ပြည်သူလူထုကို ဦးတည်ကာ ဂျက်ဖိုက်တာနဲ့ ဖျက်အားပြင်းလက်နက်အမျိုးအစားဖြစ်တဲ့ ပေါင် (၅၀၀)ဗုံး (၃)လုံး လာရောက်​ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ထောင်အဆောက်အဦးနဲ့ လူနေအိမ် (၇)လုံးကျော် ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့ ခလရ-၂၃ တပ်အနီးတစ်ဝိုက်မှာလည်း အောက်တိုဘာလ ၁၁ ရက် မနေ့က မနက်ပိုင်းမှာ စစ်ကောင်စီတပ်က Y-12 လေယာဉ်နဲ့ ဗုံးအလုံး (၄၀) နီးပါး၊ နေ့လယ်ပိုင်းမှာ ဗုံးအလုံး (၄၀)ကျော် လာရောက်ကြဲချခဲ့ပြီး နမ့်လန်အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီး (၁၀) လုံးကျော် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အလားတူ နောင်ချိုမြို့နယ်၊ အင်းဖိုကျေးရွာကိုလည်း အောက်တိုဘာလ ၉ ရက် မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး ဗုံး (၄)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၁၀ ရက် မနက်ပိုင်းမှာလည်း ဘန့်ဘွေရှိ စစ်ကောင်စီတပ်စခန်းက လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဒေသခံ ၁ ယောက် သေဆုံးပြီး လူနေအိမ်အများအပြား ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ပြည်သူလူထု အသက်အိုးအိမ်တွေ သေကြေပျက်စီးစေအောင် စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာတွေမှာ နေ့စဥ် လေကြောင်းနဲ့ လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ကျောက်တံခါးရှိ သူဌေးကုန်းရွာ စစ်တပ်ကာကင်းစခန်းကို PDF နှင့် KNLA တို့ ဝင်ရောက်တိုက်ခိုက်၊ လက်နက်မချဘဲ ပြန်ခုခံသည့် စစ်သားအလောင်း ၅ လောင်းနှင့် လက်နက်တချို့ သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်က သူဌေးကုန်းရွာ စစ်ကောင်စီကာကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ချေမှုန်းရာမှာ စစ်ကောင်စီအလောင်း ၅ လောင်းနဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ Spring Warriors Column တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

တနင်္သာရီမြို့မှ မြိတ်မြို့ကို ဒဏ်ရာရစစ်သားများ သယ်ဆောင်လာသော စစ်ကား ၂ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်…

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့ကနေ မြိတ်မြို့ကို ဒဏ်ရာရစစ်သားတွေ သယ်ဆောင်လာတဲ့ စစ်ကား ၂ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တိုင်းပြည်ကို (၈) ကြိမ်မြောက် အရေးပေါ်အခြေအနေ ကြေညာကာ ၆ လ သက်တမ်းတိုးဦးမည့် စစ်ကောင်စီ 

နိုင်ငံတစ်ဝန်းလုံး အရေးပေါ် အခြေအနေ ကြေညာထားတဲ့ကာလကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အကြိမ်ကြိမ် ၆ လ တိုးမြှင့် သတ်မှတ်လာခဲ့မှုဟာ ဒီနေ့ ဇန်နဝါရီ ၃၁ ရက်မှာ ထပ်မံကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။
Read More

CDM များကို အလုပ်မခန့်ရန် လှုံ့ဆော်ခဲ့သည့် ဒေါက်တာနန္ဒဝင်းအား သခင်အားရ ကျွန်ပါးဝအဖြစ် သတ်မှတ်ကာ ပြည်သူ့ဂုဏ်ရည်ဆုရှင်စာရင်းမှ ဖယ်ရှား

ရန်ကုန်တိုင်း၊ ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းကို ပြည်သူ့ဂုဏ်ရည်အသင်းရဲ့ ဆုရှင်အဖြစ်ကနေ ဖယ်ရှားလိုက်ကြောင်းကို ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

တပ်ပြောင်းတပ်လွှဲလုပ်ပြီး ပြန်လာသည့် စစ်ကားများ သရက်-မင်းတုန်းလမ်းပိုင်းတွင် ခြုံခိုတိုက်ခိုက်ခံရ၊ စစ်သား ၂ ဦးသေပြီး ဗိုလ်နှင့် ဒုတပ်ကြပ်အပါ ၇ ဦးဒဏ်ရာရ…

"မနက် အ‌စောပိုင်းမှာ သူတို့ တပ်ချိန်းဖို့လာတော့ လွှတ်ပေးလိုက်တယ်။ အပြန်မှ စောင့်ပြီး ခြုံခိုတိုက်ခိုက်ခဲ့တာပါ။ ရှေ့ကလာတဲ့ စစ်စိမ်းရောင်ကားကို လွှတ်ပေးလိုက်ပြီးမှ နောက်ကကပ်လိုက်လာတဲ့ ဖောကားအနီကို အဓိကထား ချေမှုန်း ပစ်ခတ်ခဲ့တာပါ။ ပစ်ခတ်မှု ဖြစ်တဲ့အချိန်မှာ စခ တွေအားလုံး ကားပေါ်မှာ ရှိနေတယ်။ အစုလိုက်အပြုံလိုက် ၀ရုန်းသုန်းကားနဲ့ ကား မှောက်လုနီးပါးထိ ဖြစ်သွားတယ်။ အဲ့လို နောက်ကားကို ပစ်နေတော့ ရှေ့ကားကလည်း ရပ်ပြီး လက်နက်ကြီး၊ လက်နက်ငယ်​တွေနဲ့ ပြန်ပြီး ပစ်ကူပေးပါတယ်။ ကျနော်တို့ အဓိကထားပစ်တဲ့ ဖောကားအနီက ကားထဲမှာ သဲအိတ်တွေ စီပြီး အကာကွယ်လုပ်ထားတော့ အထိခိုက်နည်းတယ်။ တိုက်ပွဲက ၅ မိနစ်ပဲကြာပေမယ့် ပြင်းထန်ခဲ့ပါတယ်။ " လို့ ဗမာပြည်ကာကွယ်ရေးတပ် - USBA ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုသာချိုက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဟန်ပြအပစ်ရပ်ထားသည့် စစ်ကောင်စီတပ် မေလအတွင်း TNLA ထိန်းချုပ်နယ်မြေများတွင် တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ (၈) ဦးသေဆုံး၊ (၁၈) ဦး ထိခိုက်ဒဏ်ရာရ

အပစ်ရပ် ကြေညာထားတဲ့ စစ်ကောင်စီတပ်က တအာင်းတပ်မတော် TNLA ထိန်းချုပ်စိုးမိုးထားတဲ့ နယ်မြေတွေမှာ မေလတစ်လအတွင်း ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ (၈) ယောက် သေဆုံးပြီး (၁၈) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။