စစ်ကိုင်းတိုင်း၊ ရေဦးမြို့က အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ဂါဝီ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ Freedom Revolution Force (FRF) တပ်ဖွဲ့ဆီက သိရပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ဂါဝီ စစ်ဆေးရေးဂိတ်ကို Freedom Revolution Force (FRF) အထူး လှုပ်ရှားတပ်ခွဲ (၁) က ရဲဘော်တွေက အောက်တိုဘာလ ၁၁ ရက် မနေ့က ၄၀ မမ ဗုံးသီးတွေ၊ လက်နက်ငယ်တွေနဲ့ ၀င်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေ ထိခိုက်သေဆုံးမှု ရှိနိုင်ပေမယ့် အတည်မပြုနိုင်သေးဘဲ တော်လှန်ရေး တပ်ဖွဲ့တွေကတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

မိုးဗြဲတိုက်ပွဲမှာ နေပြည်တော် ပကဖ ရဲ့ စစ်ကြောင်းမှူးနှင့် ရဲဘော် ၁ ဦး ပြင်းထန်ဒဏ်ရာရ

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့နယ်တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့-နေပြည်တော် (နေပြည်တော် ပကဖ) ရဲ့ တိုက်ခိုက်ရေးအဖွဲ့က စစ်ကြောင်းမှူးနဲ့ ရဲဘော် ၁ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်မှ ကျဆုံးရဲဘော် ၂ ဦး၏ စျာပနအခမ်းအနား…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၈၀၅)တပ်ရင်း၊ နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်က အကြမ်းဖက်စစ်တပ်ကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ရင်း ရရှိခဲ့တဲ့ဒဏ်ရာနဲ့ ကျဆုံးခဲ့တဲ့ ရဲဘော် ၂ ယောက်ရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အမှတ်(၈၀၅)တပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်-မန္တလေး လမ်းပိုင်းမှာ PDF တပ်ဖွဲ့ဝင်များ လမ်းပိုင်း စစ်ဆေးရေးဆောင်ရွက်ခဲ့ (ဓာတ်ပုံသတင်း)

ပဲခူးတိုင်းအတွင်းရှိ ရန်ကုန်-မန္တလေး လမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ(၂၃) တပ်ဖွဲ့ဝင်တွေက မတ်လ ၂၇ ရက် ဒီနေ့မှာ စစ်ဆေးရေးဆောင်ရွက်နေတဲ့ ပုံရိပ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်က ထုတ်ပြန်ထားပါတယ်။
Read More

ရနောင်းမှတဆင့် ကော့သောင်းဘက် ပြန်လည်ပို့ဆောင်ခံရသူများကို စစ်ကောင်စီတပ်ထံ ပို့ဆောင်ပေးခြင်းမပြုဖို့ မြိတ်ခရိုနီများအား ပကဖ သတိပေး

ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးခံရပြီး ကော့သောင်းမြို့ဆီ ပြန်လည်ပို့ဆောင်ခံရတဲ့ ​မြန်မာနိုင်ငံသားတွေကို မြိတ်မြို့ခံ ခရိုနီလုပ်ငန်းရှင်တွေက စစ်ကောင်စီတပ်ထံ ကူညီပို့ဆောင်ပေးနေကြောင်း မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ဇီးကုန်းမှာ ရွာစဥ်လှည့် ပေါ်တာဆွဲနေတဲ့ စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ ၃ ယောက်သေ

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်မှာ ရွာစဥ်လှည့် ပေါ်တာဆွဲနေတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ ၃ ယောက်သေ​ပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်လို့ ကြို့ပင်ကောက်အခြေစိုက် BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ တာဝန်ခံ ဗိုလ်တေဇမင်းက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

တောင်သာနှင့် သပိတ်ကျင်းတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေ၊ အရပ်သား ထိခိုက်သေဆုံးမှုများ ရှိ

မန္တလေးတိုင်း၊ သပိတ်ကျင်းနဲ့ တောင်သာမြို့နယ်တို့မှာ စစ်ကောင်စီက နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့အတွက် ဗုံးခိုကျင်းတွေ အသုံးပြုကြဖို့ ဒေသတော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။