မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်မှာ ကျေးရွာတွေထဲ ၁၈ ရက်ကြာ စစ်ကြောင်းဝင်နေတဲ့ အကြမ်းဖက်စစ်တပ်ကို မိုင်းဆွဲပိတ်ဆို့တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၇ ယောက်သေဆုံးပြီး အများအပြားထိခိုက်သွားတယ်လို့ TAMAR MYAY Special Column (တမာမြေအထူးလှုပ်ရှားစစ်ကြောင်း) တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
စက်တင်ဘာလ ၂၂ ရက်က ရေနံချောင်းမြို့နယ်၊ယာကြီးပြင်အင်တောလမ်းကတဆင့် မကျည်းကန်နဲ့ မကျည်းရိုးရွာအုပ်စုတွေထဲ စစ်ကြောင်းဝင်လာတဲ့ ခလရ ၇၇ တပ်က အင်အား ၅၀ ပါအကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထောင်ထားတဲ့ မိုင်းမိပြီး ထိခိုက်မှုတွေရှိခဲ့တာကြောင့် ကျေးရွာတွေထဲ စစ်ကြောင်းပြန်ဆုတ်သွားခဲ့တယ်လို့ သိရပါတယ်။
ပြန်ဆုတ်သွားတဲ့ စစ်ကောင်စီတပ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်​တွေရဲ့ပိတ်ဆို့ထားမှုကြောင့် ကုက္ကိုခွရွာ၊ ကန်လေးကုန်းရွာ၊ကြွယ်ပုံရွာ တို့ထဲ ၁၅ ရက်ကြာ ညအိပ်စခန်းချနေထိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
အောက်တိုဘာ ၁၀ ရက် မနက်ပိုင်းမှာတော့ အထက်ပါ အကြမ်းဖက်စစ်ကြောင်း ပြန်အဆုတ်လာကိုစောင့်ရင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ထပ်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
” ပထမဆုံး ကျနော်တို့ စခန်းကို သူတို့ ဝိုက်ပြီးတက်လာတဲ့အချိန်မှာ ထောင်ထားတဲ့ တိုက်မိုင်းတွေထိပြီး ပြန်ဆုတ်သွားကြတယ်ပေါ့။ စခန်းကို အတိအကျသိလို့ ထိုးလာတာတော့မဟုတ်ဘူး။ သတင်းသဲ့သဲ့ကြားလို့ တောနင်းဝင်လာရှာတဲ့အချိန်မှာဖြစ်တာပေါ့နော်။မိုင်းတွေကလည်းစစ်ကြောင်းဝင်လာမှန်းသိလို့ကြိုထောင်ထားတာပါ။ စစ်ကြောင်းပြန်ဆုတ်မယ်လို့ကြားတော့လည်း သူတို့ပြန်ထွက်မယ့်လမ်းမှာ အဖွဲ့တွေအသင့်စောင့်ပြီး မိုင်းထပ်ဆွဲတာပါ။မိုင်းဆွဲပြီးတာနဲ့ အပြန်အလှန်ပစ်ခတ်မှုလည်း မိနစ် ၂၀ လောက်ဖြစ်သေးတယ်။” လို့ TAMAR MYAY Special Column (တမာမြေအထူးလှုပ်ရှားစစ်ကြောင်း) တာဝန်ရှိသူက မောင်းသတင်းဌာနကိုပြောပါတယ်။
ဒီမိုင်းဆွဲတိုက်ခိုက်မှုတွေကို TAMAR MYAY Special Column (တမာမြေအထူးလှုပ်ရှားစစ်ကြောင်း) နဲ့ People’s Defence Force -Yenangyaung (YNG-PDF) ၊ အင်တောတိုက်နယ် (ပကဖ)တို့က လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။
ပုံစာ – စစ်ကောင်စီကားကို တော်လှန်ရေးအဖွဲ့တွေ မိုင်းဆွဲတိုက်ခိုက်နေစဥ်
0 Shares:
You May Also Like
Read More

စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကို နည်းမျိုးစုံနဲ့ ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ MSFC ထုတ်ပြန်

အာဏာသိမ်း စစ်ကောင်စီကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ၊ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်တိုက်ဖျက်ရေးကော်မတီ (MSFC’s Anti-Sham Election Committee) ကနေ ထုတ်ပြန်လိုက်ပါတယ်။
Read More

ခမောက်ကြီးတပ်နယ်က အင်အား ၈၀ ခန့်ပါ အကြမ်းဖက်စစ်သားတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး ၆ ယောက် သေ၊ ၁၀ ယောက်ကျော် ဒဏ်ရာရ

ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ မာရမ်းကျေးရွာဘက်ကို ဦးတည်လာနေတဲ့ ခမောကိကြီးတပ်နယ်က အကြမ်းဖက်စစ်သားတွေကို နိုဝင်ဘာ ၁၁ ရက်နေ့မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

မေလအတွင်း ဘောလခဲမြို့စစ်ဆင်ရေးနှင့် မိုးဗြဲမြို့ခံစစ်တွင် တိုက်ပွဲဝင်ခဲ့သည့် DMO Local PDF တပ်ဖွဲ့မှ ဒုတပ်ရင်းမှူး ကျဆုံးခဲ့၊ ၂၀ ဦးဒဏ်ရာရ

ပြည်သူ့ကာကွယ်ရေးတပ် ဒီးမောဆိုတပ်ဖွဲ့ (DMO Local PDF) အနေနဲ့ မေလ (၁) လတာအတွင်း ဘောလခဲမြို့ စစ်ဆင်ရေးနဲ့ မိုးဗြဲမြို့ ခုခံစစ်မှာ ပါဝင်တိုက်ပွဲဝင်ခဲ့ရာ ဒုတပ်ရင်းမှူး ကျဆုံးခဲ့ပြီး အယောက် ၂၀ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ခမရ-၅၉၉ မှ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းရသူ ၈ ဦး KNLA တပ်ရင်း(၈)ထံ လက်နက်ချခိုလှုံ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူခရိုင် (ညောင်လေးပင်ခရိုင်)၊ မူးမြို့နယ်မှာ အခြေစိုက်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၈) ထံကို စစ်အုပ်စု လက်အောက်ခံ ခမရ-၅၉၉ တပ်ရင်းက တပ်သား (၈) ယောက့ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ ဆက်တိုက်အလင်းဝင်ရောက်လာခဲ့တယ်လို့ KNU ကနေ သတင်းထုတ်ပြန်လာပါတယ်။
Read More

လက်နက်စက်ရုံ ကပစ- ၁၃ ကို ရော့တိုက်ဒုံးများနှင့် တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံးပြီး အရာရှိအပါအဝင် ၁၀ ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိ…

အဲ့ဒီတိုက်ခိုက်မှုအတွင်း တာဝန်ကျ အရာရှိ ၃ ယောက်နဲ့ စစ်သား ၁၂ ယောက် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး အရာရှိ ၃ ယောက်ထဲက ၁ ယောက်ဟာ ဘယ်ဘက်နားရွက် ပြတ်ထွက်သွားသလို နောက်တစ်ယောက်ကတော့ ဘယ်ခြေသလုံး အစဖောက်ထွက်ပြီး ကျန်တစ်ယောက်က ကျောတစ်ပြင်လုံး မီးလောင်ဒဏ်ရာ အသီးသီး ရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

UWSA သည် ထိုင်းသို့ဝင်ရောက်လာသော မူးယစ်ဆေးဝါးများ၏ အဓိကအရင်းအမြစ်ဟု သက်ဆင်ပြောဆိုချက် “ဝ” ငြင်းဆို၊ စစ်ကောင်စီ ဘာမှမလုပ်လျှင် ထိုင်းဝင်ရောက်ကိုင်တွယ်သင့်ဟု သက်စင်ဆို

“သူတို့ရဲ့ ပြောဆိုချက်အတွက် သက်သေအထောက်အထားပြဖို့ လိုတယ်။ ကျွန်တော်တို့က သူတို့လိုပဲ (မူးယစ်ဆေးဝါး) နှိမ်နင်းနေပါတယ်။ နယ်စပ်ဒေသတွေမှာ လက်နက်ကိုင်အဖွဲ့တွေ အများကြီးရှိတယ်ဆိုတာ လူတိုင်းသိပါတယ်။ ကျွန်တော်တို့က (မူးယစ်ဆေးဝါး) တိုက်ဖျက်ရေး ဆက်တိုက်လုပ်ဆောင်နေတာပါ” လို့ ၎င်းက ဧရာဝတီကို ပြောဆိုခဲ့ကြောင်းလည်း ဆိုပါတယ်။