မွန်ပြည်နဘ် မုဒုံမြို့နယ် အဘစ်ကျေးရွာရှိ အကြမ်းဖက်စစ်တပ်ရဲ့ အမတ ၃၁၈ တပ်စခန်းကို အောက်တိုဘာ ၈ ရက် နံနက် ၅ နာရီခန့်ကနေ ၁၀ နာရီခွဲအချိန်အထိ SF-Z ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက် ခိုက်ပြီး ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF)ထံက သိရပါတယတိုက်ခိုက်ခံရတဲ့ အမတ ၃၁၈ အတွင်းရှိ လက်နက်ကြီး အထိုင်စခန်းနေရာ ထိခိုက်ပျက်စီးခဲ့ပြီး လက်နက်တိုက်နဲ့ အဆောက်အအုံတွေလည်း ပျက်စီးမှုရှိခဲ့ကာ စစ်ကောင်စီတပ်သား ၁ ယောက်သေပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို မွန်ပြည်တော်လှန်ရေးတပ် – (MSRF)၊ မွန်ပြည်ကာကွယ်ရေးတပ် – (MSDF) ၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး – (NMSP-AD) ၊ Saw Dragon Drone Force – SDDF (ဒရုန်းအထူးတပ်ဖွဲ့) ၊ Ye Air Force – (YAF) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ရင်း (၁) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်း (တပ်ခွဲ – ၂) ၊ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – KBDF (ဒေါနတပ်ခွဲ – ၄) ၊ ထားဝယ်ခရိုင်အမှတ် (၂) တပ်ရင်း – T5 နဲ့ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး – (DDPDF) တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြင်းခြံမြို့နယ်နဲ့ နွားထိုးကြီးမြို့နယ်အတွင်း အောင်ပွဲရစစ်ဆင်ရေးတွေ ဖော်ဆောင်ခဲ့တဲ့ PDF ရဲဘော်တွေကို ပြည်သူများ ကြိုဆို (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ်နဲ့ နွားထိုးကြီးမြို့နယ်အတွင်း အောင်ပွဲရစစ်ဆင်‌ရေးတွေ ဖော်ဆောင်ခဲ့တဲ့ BRIGHT STAR GROUP LOCAL DEFENSE FORCE ရဲဘော်တွေကို ဒေသခံပြည်သူများ က သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလကစတင်ပြီး BRIGHT STAR GROUP LOCAL DEFENSE FORCE ရဲဘော်တွေဟာ မြင်းခြံမြို့နယ်နဲ့ နွားထိုးကြီးမြို့နယ်အတွင်း စစ်ဆင်ရေးတွေမှာ ပါဝင်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
Read More

မဲ‌ဆောက်မြို့တွင် သေနတ်ကိုင် ရမ်းကားသူ ၁ ဦးကို အာဏာပိုင်များ အရှင်ဖမ်းဆီး (ရုပ်/သံ)

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ သေနတ်ကိုင် ရမ်းကားနေသူ ၁ ယောက်ကို ထိုင်းအာဏာပိုင်တွေက ပစ်ခတ် ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြကြပါတယ်။
Read More

ရှားတောရွာမှ ထွက်လာသည့် စစ်တပ် တိုက်ခိုက်ခံရပြီး အများအပြား ထိခိုက်သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရှားတောရွာကနေ အင်အား ၁၀၀ ဝန်းကျင်နဲ့ ထွက်လာတဲ့ စစ်ကော်မရှင် တပ်တွေကို တိုက်ခိုက်ခဲ့ရာ အများအပြားထိခိုက်သေဆုံးခဲ့တယ်လို့ ဇာမဏီဒရုန်းတပ်ဖွဲ့က အောက်တိုဘာ ၂၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
Read More

မန္တလေးမှ ရန်ကုန် ပျံသန်းမည့် MNA လေယာဉ် ၁ စီး ပြေးလမ်းမှာ မီးလောင်မှုဖြစ်ပွား (ရုပ်/သံ)

မန္တလေးကနေ ရန်ကုန်ကို ပျံသန်းမယ့် မြန်မာအမျိုးသားလေကြောင်းလိုင်း (Myanmar National Airlines _ MNA)ခရီးသည်တင်လေယာဉ် ၁ စီး ဟာ မေလ ၆ ရက် မနေ့ညပိုင်းက လေယာဉ်ပြေးလမ်းမှာ ဘီးပေါက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ခရီးသည်က လူမှုကွန်ရက်ကနေ မျှဝေခဲ့ပါတယ်။
Read More

ဝမ်ပေါင် ကြေနီးတင်ယာဉ်များအတွက် လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ဝမ်ပေါင်ကုမ္ပဏီက ထွက်လာတဲ့ ကြေးနီတင်ယာဉ်တွေကို လုံခြုံရေးယူထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၂၆ ရက် မနက်ပိုင်းက ယမားတံတားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မဲမှောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ငါန်းဇွန်မြို့နယ်တွင် ပျူစောထီး ပေါက်စများ တိုက်ခိုက်ခံရပြီး ဒုတပ်ကြပ် ၂ ဦးနဲ့ ပျူ ၄၀ ကျော် သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ကနေ သင်တန်းဆင်းပျူစောထီးတွေ တင်ဆောင်လာတဲ့ ကားတန်းကို ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒုတပ်ကြပ် ၂ ယောက်နဲ့ ပျူ ၄၀ ကျော် သေဆုံးခဲ့တယ်လို့ TGYR - Youth Guerrilla Counter Revolution -NZ က သတင်းထုတ်ပြန်ထားပါတယ်။