မကွေးတိုင်း ပခုက္ကူမြို့နယ် မြစ်ခြေရဲစခန်းနဲ့ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့ နေရာကို
ဒရုန်းတွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Black Egale Drone Force အဖွဲ့ထံက သိရပါ တယ်။

တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်သားနဲ့ ရဲတွေ သေဆုံးမှုရှိခဲ့ပြီး ခြေပြတ်လက်ပြတ်ဒဏ်ရာ ရရှိသူတွေလည်းရှိတယ်လို့ သိရပါတယ်။ အဲဒီစစ်ဆင်ရေးကို Black Egale Drone Force၊ ABSDF Column-3နဲ့ ဒေသခံ Drone တပ်ဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ညောင်‌ရွှေမြို့နယ် ‌ရေပူ (ထီခိုး)ရွာအနီး စစ်ကြောင်းထိုးလာတဲ့ PNO ပြည်သူ့စစ်တွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး PNO ၄ ယောက် သေ၊ ၄ ယောက် အရှင်ဖမ်းမိ (ရုပ်/သံ)

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် ရေပူ(ထီခိုး)ရွာအနီး ဖေဖော်ဝါရီ ၁၆ ရက် နေ့လယ်ပိုင်းက စစ် ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တွေနဲ့ တော်လှန်ရေး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

(၁၅၀) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံသို့ တက်ရောက်နေသည့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဒေါက်တာ ဝင်းမြတ်အေးမှ ပြည်သူသို့ တင်ပြချက်‌ (ရုပ်/သံ)

"ကျနော်တို့ CRPH ကို နိုင်ငံတကာပါလီမန်တွေကနေပြီးတော့ မြန်မာနိုင်ငံရဲ့ တရားဝင်လွှတ်တော်အနေနဲ့ အသိအမှတ်ပြုထားတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျနော်တို့ ပြည်သူ့ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖိတ်ကြားပြီးတော့ ဒီမှာ ဆွေးနွေးညှိနှိုင်းဖို့ အခွင့်အရေး ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာပါလီမန်များ ညီလာခံကို ကျေးဇူးတင်ပါတယ်။ ကျနော် တက်ရောက်ခဲ့တဲ့ အချိန်တိုင်းမှာ ပြည်သူတွေရဲ့ ဒုက္ခတွေ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ၊ ပြည်သူတွေအတွက် လိုအပ်ချက်တွေ၊ ဒါတွေအတွက် နိုင်ငံတကာက သိအောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ်။ "
Read More

ထုံမခါကျေးရွာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့မှု (ရုပ်/သံ)

တနင်္သာရီမြို့နယ် ထုံမခါကျေးရွာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ မြိတ်က ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ရေးအသာစီးရနေတယ်လို့ စစ်ကောင်စီဘက်က ဝါဒဖြန့်ထားတဲ့ ဗန်းမော်မြို့နယ်ရှိ အမှတ် ၅၀၁၄ တင့်ကားတပ်ရင်း ကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက် (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်က စစ်ကောင်စီတပ်ရဲ့ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) လက်အောက်ခံ အမှတ် ၅၀၁၄ တင့်ကားတပ်ရင်းကို ကချင်လွတ်လပ်ရေးတပ် မတော် KIA နဲ့ ပူးပေါင်းတပ်တွေက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

ဘုတလင်မြို့နယ် စိုင်ပြင်လေးကျေးရွာထဲက အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စိုင်ပြင်လေးကျေးရွာအတွင်းမှာရှိတဲ့ အကြမ်းဖက်စစ်သားတွေကို ၄၀ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Monywa Inventor အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံမြို့အရှေ့ဘက် ကျောက်ရံရွာအနီးမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ဒီဇင်ဘာ ၂၆ ရက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Freedom Fighter Guerrilla Force အဖွဲ့ထံက သိရပါတယ်။