မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် ကန်နားရဲစခန်းရှိ အကြမ်းဖက်စစ်သားနဲ့ ရဲ အင်အား ၃၀ ခန့်ကို အောက်တိုဘာ ၁၁ ရက် မနေ့နေ့လယ်ပိုင်းက‌ တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ Natogyi People Defence Force အဖွဲ့ထံက သိရပါတယ်။

တိုက်ပွဲ ၂ နာရီကြာဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သားနဲ့ ရဲတွေရဲ့ ထိခိုက်မှုကို နယ်မြေအခြေအနေအရ အတိအကျမသိသေးဘဲ စုံစမ်းလျက်ရှိတယ်လို့ သိရပါတယ်။ တိုက်ပွဲနေရာကို
အကြမ်းဖက်စစ်တပ်က Mi 35 ရဟတ်ယာဉ်တွေအပြင် ဂျက်ဖိုက်တာနဲ့ပါ လာရောက်ပစ်ခတ်ခဲ့ ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်အရှိ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ်(၄-၁၀)တပ်ရင်းမှ ရဲဘော်တွေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ပွဲအချိန်မရွေးဖြစ်ပွားနိုင်တဲ့ ပြင်စီ-တံတားဦးလမ်း ပိုင်းအား မိဘပြည်သူများအနေနဲ့ အသုံးပြုခြင်းမပြုလုပ်ရန် Natogyi People Defence Force မြင်းခြံခရိုင်အမှတ်(၄-၁၀)တပ်ရင်းမှ သတိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဖိလစ်ပိုင်နိုင်ငံတွင် တိုက်ခတ်ခဲ့သည့် တိုင်ဖွန်မုန်တိုင်းကြောင့် လူ ၆၀ ကျော်သေဆုံးပြီး အိမ်ခြေ ၄၀၀၀၀ ကျော် ပျက်စီးခဲ့ (ရုပ်/သံ)

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းမှာ နိုဝင်ဘာ ၃ ရက်နဲ့ ၄ ရက်က တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်မုန်တိုင်း Kalaegi ကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့ပြီး လူပေါင်း ၆၆ ယောက်သေဆုံးကာ အိမ်ခြေ ၄၀၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ပါတယ်။
Read More

ရေလာလေးပျူစခန်း စီးနင်းတိုက်ခိုက်မှုမှာ စစ်သား ၆ ယောက် သေ၊ ပြည်သူ့ရဲဘော် ၂ ယောက် ကျဆုံးခဲ့ရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေလာလေးပျူစခန်းကို ဒီဇင်ဘာ ၁၁ ရက် မနက်ပိုင်းက တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ Earthquake People’s Defence Force အဖွဲ့ထံက သိရပါတယ်။
Read More

စခန်းသိမ်းတိုက်ပွဲဆင်နွှဲရင်း ကျဆုံးခဲ့ရတဲ့ ရဲဘော် ယွန်းချစ်သဲ (ခ) လိပ်ပြာကြီး (ရုပ်/သံ)

အမှတ် (၁) စစ်ဒေသ ရှေ့တန်းတစ်နေရာမှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စခန်းသိမ်းတိုက်ပွဲဆင်နွှဲစဉ် စက်တင်ဘာ ၁၈ ရက် နေ့လည်ပိုင်းက  ရဲဘော် ယွန်းချစ်သဲ (ခ) လိပ်ပြာ ကြီး ကျဆုံးခဲ့ရတယ်လို့ ရွှေဘိုခရိုင် အမှတ်(၄) တပ်ရင်း ၊ တပ်ခွဲ(၂) ထံက သိရပါတယ်။
Read More

ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်ကော်မရှင်ရေယာဉ် ၁၅ စီးကို ကြားဖြတ်တိုက်ခိုက်(ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်ကော်မရှင်ရေယာဉ် ၁၅ စီးကို လက်နက်ငယ်တွေနဲ့ ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Fighter Groupမှ သတင်းထုတ်ပြန်ထားပါတယ်။ ယနေ့ အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းက မုံရွာမြို့နယ် ချင်းတွင်းမြစ်ကြောင်းတစ်နေရာမှာ စစ် ကော်မရှင်ရေယာဉ် ၁၅ စီးကို တော်လှန်ရေးပူးပေါင်းတပ်တွေက လက်နက်ငယ်တွေနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

MNDAA တပ်များ ပြန်လည်ဆုတ်ခွာသွားပြီဖြစ်သည့် လားရှိုးမြို့တွင် စစ်ကောင်စီ ဆေးရုံဖွင့်ပွဲ ပြုလုပ် (ရုပ်/သံ)

MNDAA တပ်တွေ ပြန်လည်ဆုတ်ခွာသွားပြီဖြစ်တဲ့ လားရှိုးမြို့မှာ စစ်ကောင်စီက မေလ ၂ ရက် ဒီနေ့ မနက်ပိုင်းမှာ ဆေးရုံဖွင့်ပွဲပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကွတ်ခိုင်မြို့ကို အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲမှုကြောင့် ၂လသား ကလေးငယ်နဲ့ မိခင်အပါ ၃ ယောက်သေဆုံး (ရုပ်/သံ)

ရှမ်းပြည်နယ် ကွတ်ခိုင်မြို့ကို နိုဝင်ဘာ ၁၇ ရက် မနေ့က ညနက်ပိုင်းအချိန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ၂လသား အရွယ်ကလေးနဲ့ မိခင်အပါအဝင် အရပ်သား ၃ ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။