စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ယောက်နဲ့ အမျိုးသမီး ၁ ယောက် သေဆုံးပြီး ၈ ယောက် ဒဏ်ရာရကာ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က မောင်းသတင်းဌာနကို ပြောပါတယ်။
အောက်တိုဘာလ ၁၁ ရက် မနေ့က ညပိုင်းမှာ ကန့်ဘလူမြို့နယ်အခြေစိုက် အမှတ် ၆၀၀၆ ( တကရ) တင့်ကားတပ်ရင်းကနေ ထွက်ခွာလာတဲ့ သဃ်န်းဝတ် ဝါသဝနောက်လိုက် စစ်သား၊ ပျူတွေပါတဲ့ အင်အား ၇၀ ပါ အကြမ်းဖက်စစ်အုပ်စုဟာ ငါတို့ရွာ ပျူစောထီးစခန်းထဲ ဝင်ရောက်တပ်စွဲရင်း နောက်တစ်နေ့ (အောက်တိုဘာ ၁၂ရက်) မွန်းလွဲပိုင်းမှာ အင်းလယ်ကြီးရွာဆီ ဒရုန်း ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်မှုကြောင့် အင်းလယ်ကြီးရွာနေ မဖြူဝင်း (အသက် ၃၀ နှစ်) နဲ့အတူ အသက်မပြည့်သေးတဲ့ မသိမ့်သိမ့်ဖြူ (အသက် ၄ နှစ်) နဲ့ မငြိမ်းအိစံ (အသက်၁၀နှစ်) တို့ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၈ ယောက်ရှိတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။
” ၆၀၀၆ တင့်ကားတပ်ရင်းကလာတဲ့ ကောင်တွေဆိုတော့ ဝါသဝနောက်လိုက်တွေပါတယ်ဗျ။ ဒီကောင်တွေ အင်းလယ်ကြီးရွာကို ဗုံးမချခင် မနက် ၂နာရီလောက်က ရွာမရွာထဲက အရပ်သားအိမ်တွေဆီအရင်ဆုံးဗုံးသီးတွေကြဲချခဲ့ပါတယ်။ အထိအခိုက်ရှိမရှိကိုတော့ အတိအကျမသိရသေးပါဘူး။ ဒီကောင်တွေအထိုင်ချထားတဲ့ ငါတို့နဲ့ အင်းလယ်ကြီးကဝေးပါတယ် ” လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က မောင်းသတင်းဌာနကို ပြောပါတယ်။
အကြမ်းဖက်စစ်ကြောင်းဟာ လက်ရှိမှာ အနီးအနားကျေးရွာတွေထဲ စစ်ကြောင်းဝင်ရောက်တာမျိုးမရှိပေမယ့်လည်း စခန်းချရာ ပတ်ဝန်းကျင် အနီးအနားက ပြည်သူပိုင် ပစ္စည်းတွေကို ခိုးယူသယ်ဆောင်တာတွေ ၊ အိမ်မွေးတိရိစ္ဆာန်တွေကို သတ်ဖြတ်စားသောက်တာတွေ လုပ်ဆောင်ရင်းနဲ့ပဲ အနီးအနားကျေးရွာတွေဆီ ဒရုန်းဗုံးသီးချတိုက်ခိုက်တာတွေလုပ်ဆောင်နေတာလို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။
ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းဗုံးမိပြီး သေဆုံးခဲ့သူအရေအတွက်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာပဲ ၆ယောက်အထိရှိခဲ့တယ်လို့လည်းသိရပါတယ်။
ပုံစာ – ကန့်ဘလူမြို့နယ်ထဲက စစ်ဘေးရှောင်များ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

ဆိပ်ဖြူ ကပစ – ၂၂ မှ တက်လာသည့် စက်တပ်လေထီး ၂ စီးကို ပကဖ ပစ်ခတ်တိုက်ခိုက်၊ စက်တပ်လေထီး မောင်းသူ ၁ ဦး ပေါင်ကို ကျည်ထိမှန်ပြီး ဖြတ်တောက်ခံရနိုင်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ - ၂၂)က တက်လာတဲ့ စက်တပ်လေထီး Paramotor ၂ စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ပါတယ်။
Read More

မန္တလေးတိုင်းအတွင်း NUG စိုးမိုးနယ်မြေများမှ ငလျင်ဒဏ် ထိခိုက်ပြည်သူများကို ခွဲစိတ်ကုသမှုအပါ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနေ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်းအတွင်း NUG စိုးမိုးနယ်မြေတွေမှာ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကျန်းမာရေးဝန်ကြီးဌာနက CDM အထူးကုဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက ခွဲစိတ်ကုသမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတယ်လို့ NUG က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကြို့ပင်ကောက်က ကျေးရွာတွေကို စစ်ကြောင်းထိုးပြီးနောက် လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရတဲ့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၂၉ ယောက်ထက်မနည်း ပြန်မလွတ်သေး

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးပြီးနောက် ပြန်ဆုတ်ချိန်မှာ ကလေးငယ်တွေအပါအဝင် ပြည်သူ ၂၉ ယောက်ထက်မနည်းကို လူသားဒိုင်းအနေနဲ့ ဖမ်းဆီးသွားပြီး လက်ရှိအချိန်ထိ ပြန်မလွှတ်ပေးသေးဘူးလို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ရေဦးမြို့က စစ်ကောင်စီတပ်ရဲ့ ဂါဝီ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက်…

စစ်ကိုင်းတိုင်း၊ ရေဦးမြို့က အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ဂါဝီ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ Freedom Revolution Force (FRF) တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

စစ်ဘေးရှောင်အရေး ကူညီပေးနေသည့် ရွာငံ NLD လွှတ်​တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်း စစ်ကြောရေးတွင် အသတ်ခံရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းကို စစ်ကြောရေးပို့ဆောင် ဖမ်းဆီးထားပြီး သိပ်မ​ကြာခင်မှာပဲအကြမ်းဖက်စစ်အုပ်စုက သတ်ဖြတ်ခဲ့တယ်လို့ ဦးအောင်စိုးမင်းနဲ့ နီးစပ်သူတွေက မောင်းကို အတည်ပြုပါတယ်။
Read More

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ၂ က တပ်ရင်းတိုးချဲ့ဖွဲ့စည်းတည်ထောင်ခြင်း (၃) နှစ်ပြည့်တပ်မွေးနေ့နဲ့ တပ်သားသစ် (၂၀)ဦးကို ဘက်တံဆိပ် အပ်နှံသည့် ​အခမ်းအနားပြုလုပ်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းအမှတ် - ၁၀၀၇ (မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ၂ ) က တပ်ရင်းတိုးချဲ့ဖွဲ့စည်းတည်ထောင်ခြင်း(၃) နှစ်ပြည့် အခမ်းအနားကို ဇွန်လ ၇ ရက်က လွတ်မြှောက်နယ်မြေတစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။