မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပဖို့ မသင့်တော်တဲ့ အခြေအနေမျိုးမှာ စစ်ကောင်စီက ရွေးကောက်ပွဲကို မဖြစ်မနေပြုလုပ်ဖို့ အားစိုက်လုပ်ဆောင်နေလို့ နိုင်ငံတကာက အပြင်းအထန် ကန့်ကွက်ပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်ပါတယ်။

စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲက ပြည်သူတွေကိုပိုမိုဒုက္ခရောက်အောင် တွန်းပို့နေခြင်းသာဖြစ်လို့ မြန်မာပြည်သူတွေကလည်း ရွေးကောက်ပွဲကိုလက်ခံမှာ မဟုတ်ဘူးလို့ သံအမတ်ကြီးက (၇၉) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ဒုတိယကော်မတီ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားလိုက်တာပါ။

ဒါ့ကြောင့် စစ်ကောင်စီကပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲ ကျင်းပမယ့်ကိစ္စကို ပြတ်ပြတ်သားသားနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ပေးဖို့ နိုင်ငံတကာအသိုက်အဝန်းကို သံအမတ်ကြီးက တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေအနေကို ဖြေရှင်းပေးနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းကတော့ မူလဇစ်မြစ်ဖြစ်တဲ့စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့နဲ့ ပြည်သူတွေရဲ့ မျှော်မှန်းချက်နဲ့အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့သာဖြစ်တယ်လို့ သံအမတ်ကြီးက ဆိုပါတယ်။

ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အရပ်သားအစိုးရကို မတရားတဲ့ဥပဒေတွေနဲ့ ဖမ်းဆီးထောင်ချပြီး ရွေးကောက်ပွဲ ပြန်လည်ပြုလုပ်ခြင်းဟာ စစ်ကောင်စီရဲ့ မရိုးဖြောင့်တဲ့ လုပ်ရပ်သာဖြစ်တယ်လို့လည်းဆိုပါတယ်။

စစ်ကောင်စီက တိုင်းပြည်အာဏာကို ရယူထားစဉ်အတွင်း နိုင်ငံဟာ အဆိုးဆုံးအခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပြီး မတရားတဲ့စစ်မှုထမ်းဥပဒေတွေ၊ ပြည်တွင်းမှာ မငြိမ်သက်မှုတွေကြောင့် တိုင်းပြည်ဟာ ဆင်းရဲမွဲတေမှုနဲ့လည်း အဆိုးဆုံးကြုံတွေ့နေရတယ်လို့ ပြောပါတယ်။

ဒါကြောင့် စစ်ကောင်စီက အတင်းအကြပ်လုပ်ဆောင်မယ့် ရွေးကောက်ပွဲကို နိုင်ငံတကာက ပြင်းပြင်းထန်ထန် သပိတ်မှောက်ကန့်ကွက်ပြီး အသိအမှတ်လုံး၀မပြုဖို့ သံအမတ်ကြီးက ကုလစင်မြင့်မှာ တောင်းဆိုလိုက်ပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းနိုင်ငံအနေနဲ့ မြန်မာလူထုအပေါ် စာနာစိတ်ထား ကူညီပေးဖို့နဲ့ ယာယီနေထိုင်ခွင့်ပေးရေး NUCC တိုက်တွန်းတောင်းဆို

လူ့အခွင့်အရေးချိုးဖောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုဆီက ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာပြည်သူလူထုအပေါ် ထိုင်းနိုင်ငံအနေနဲ့ စာနာစိတ်ထားကာ ကူညီကယ်ဆယ်ပေးဖို့နဲ့ အထောက်အထားမဲ့ မြန်မာပြည်သူတွေကို ထိုင်းနိုင်ငံအတွင်း ယာယီ နေထိုင်ခွင့်ပေးတဲ့ အစီအစဉ်တွေကို ရေးဆွဲ အတည်ပြုပေးဖို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC က စက်တင်ဘာလ ၂၃ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

စိန့်ပီတာရင်ပြင်တွင် ကျင်းပတဲ့ ပုပ်ရဟန်းမင်းကြီး၏ ဈာပနအခမ်းအနားကို ဒေါ်နယ်ထရမ့်အပါ နိုင်ငံပေါင်း ၁၅၀ မှ ခေါင်းဆောင်များ တက်ရောက်… စျာပန မကျင်းပခင် စိန့်ပီတာ ခန်းမတနေရာမှာ သမ္မတထရမ့် နဲ့ သမ္မတ ဇလန်စကီး တွေ့ဆုံ

အီတလီနိုင်ငံ ၊ရောမမြို့ ၊ ဗာတီကန်စီးတီး စိန့်ပီတာရင်ပြင်တွင် ကျင်းပခဲ့တဲ့ ကမ္ဘာ့ကက်သလစ်ဘာသာဝင်တွေရဲ့ အကြီးအကဲဖြစ်သူ ပုပ်ရဟန်းမင်းကြီးရဲ့ ဈာပနအခမ်းအနားကို ကက်သလစ်ဘာသာဝင်တွေနဲ့ ဘုန်းတော်ကြီးတွေအပြင် နိုင်ငံပေါင်း ၁၅၀ က ခေါင်းဆောင်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြန်မာမှာ အပစ်ရပ် သက်တမ်းတိုးဖို့ မလေးရှားတိုက်တွန်း

လူသားချင်းစာနာမှုလုပ်ငန်းတွေကို အထူးသဖြင့် ငလျင်ဒဏ်သင့်နေရာတွေမှာ လုံခြုံဘေးကင်းပြီး အဟန့်အတားမရှိ လုပ်ကိုင်နိုင်ဖို့အတွက် ဗုဒ္ဓဟူးနေ့က သက်တမ်းကုန်သွားခဲ့တဲ့ မြန်မာပြည်ရဲ့ လက်ရှိ အပစ်အခတ်ရပ်စဲရေးကို ထပ်မံ တိုးချဲ့ဖို့နဲ့ သက်တမ်းတိုးဖို့ မလေးရှားက တောင်းဆိုလိုက်ပါတယ်။
Read More

မြန်မာစစ်အုပ်စု၏ လက်နက်များ၊ လေယာဉ်ဆီအပါ စစ်ရေး အသုံးပြုနိုင်သည့် ပစ္စည်းများနှင့် ငွေကြေး စီးဆင်းမှုများ ချက်ချင်းရပ်တန့်ရေး ဆောင်ရွက်ဖို့ ကုလတွင် ဦးကျော်မိုးထွန်း ပြော

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

အသက်မပြည့်သေးသူ ဂျပန်အမျိုးသားတစ်ဦး ငွေလိမ်ဂိုဏ်းတွေကနေ လွတ်မြောက်လာ၊ ငွေလိမ်ဂိုဏ်းတွေမှာ ဂျပန် ၁၀ ဦးကျော် ပိတ်မိနေဟုပြော

ထိုင်း-မြန်မာနယ်စပ် ငွေလိမ်ဂိုဏ်းတွေမှာ အတင်းအကျပ် လုပ်အားပေးစေခိုင်းခံရတဲ့ အသက် ၁၆ နှစ်အရွယ် ဂျပန်အမျိုးသားတစ်ယောက် ပြန်လည်လွတ်မြောက်လာပါတယ်။
Read More

တရုတ်သမ္မတ ရှီ နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ဟာ အကြမ်းဖက် မင်းအောင်လှိုင်၏ ရာဇဝတ်မိတ်ဖက်များ ဖြစ်သည်ဟု JFM ထုတ်ပြန်

မြန်မာ့အိမ်နီးချင်းတွေဖြစ်တဲ့ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်နဲ့ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နရန်ဒြာမိုဒီတို့ဟာ အာဏာသိမ်းစစ်အုပ်စုရဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေကို အားပေးကူညီမှုတွေ တိုးမြှင့်ပေးအပ်နေပြီး သူတို့ဟာ အကြမ်းဖက် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရာဇဝတ်မိတ်ဖက်တွေဖြစ်တယ်လို့ Justice For Myanmar (JFM) က ထုတ်ပြန်ထားပါတယ်။