ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ သမ္မတရုပ်ရှင်ရုံအနီးမှာရှိတဲ့ စစ်ကောင်စီဂိတ်နဲ့ ရွှေပြည်သာမြို့နယ် ၁၉ရပ်ကွက်ရုံးတို့ကို မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက ဗုံးခွဲတိုက်ခိုက်မှု ကိုယ်စီလုပ်ဆောင်ခဲ့ကြောင်း သက်ဆိုင်ရာအဖွဲ့တွေဆီက သိရပါတယ်။
အောက်တိုဘာ ၁၀ရက် မနေ့က နေ့လည်ပိုင်းမှာ ဒဂုံမြို့နယ်၊ အလံပြဘုရားလမ်း၊ သမ္မတရုပ်ရှင်ရုံအနီးမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိနေတဲ့ ယာယီဂိတ်ကို God’d Hand Forces (GHF) အဖွဲ့ဝင်တွေက မိုင်းခွဲတိုက်ခိုက်ခဲ့ပါတယ်။
ဒီလုပ်ဆောင်မှုဟာ သူတို့အဖွဲ့လုပ်ဆောင်နေတဲ့ “M043 စစ်ဆင်ရေး”ရဲ့ ခုနှစ်ကြိမ်မြောက် လုပ်ဆောင်မှုဖြစ်တယ်လို့ အဖွဲ့တာဝန်ခံ ဆရာကျောင်းကမောင်းကိုပြောပါတယ်။
“အဲ့ဒီနေရာကို ကျနော်တို့စောင့်ကြည့်နေတုန်း ၁၁နာရီခွဲလောက်မှာ မိုးကစရွာလာတယ်။ အဲ့တော့ထပ်စောင့်ဖို့မဖြစ်နိုင်တော့ဘူး။ သူတို့က သူတို့လုပ်ထားတဲ့ ကင်းတဲဂိတ် ပတ်ဝန်းကျင်က သစ်ပင်​​လေးတွေမှာ ၂ယောက်တစ်တွဲ၊ ၃ယောက်တစ်တွဲစီနဲ့ လက်နက်ကိုယ်စီကိုင်ပြီးရပ်နေကြတာ။ ဘာကိုလုံခြုံရေးယူမှန်းတော့မသိရဘူး။ အယောက် ၃၀လောက် ရှိတယ်။ ကျနော်တို့ခွဲဖို့ကြံထားတာ ကင်းတဲဂိတ်လေးမှာ။ ဒါကြောင့် ကျနော်တို့လည်းစောင့်နေရင်း မိုးရွာလာလို့ခွဲလိုက်ရတာပါ။ လိုချင်သလောက်တော့မဖြစ်ခဲ့ဘူး” လို့ God’d Hand Forces (GHF) တာဝန်ခံဆရာကျောင်းက မောင်းကိုပြောပါတယ်။
မိုင်းခွဲတိုက်ခိုက်မှုအပြီး ပြောက်ကျားရဲဘော်တွေ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းနဲ့ နည်းပညာနဲ့ ခဲယမ်းတွေကူညီပေးတဲ့ Tiger Dragon Revolution Force (TRDF)ကိုလည်းကျေးဇူးတင်ကြောင်း ဆရာကျောင်းကပြောပါတယ်။
အလားတူ အဲ့ဒီနေ့ ညပိုင်းမှာပဲ ရန်ကုန်၊ ရွှေပြည်သာမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေ ရှိနေတဲ့ (၁၉) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်အနောက်ပိုင်းခရိုင်ပကဖနဲ့ Yangon Army (YA) အဖွဲ့ဝင်တွေက လက်ပစ်ဗုံးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။
“ရုံးထဲမှာ သန်းခေါင်စာရင်းကောက်ဖို့လူစုနေတာဆိုတော့ ၃ယောက် ၄ယောက်လောက်ထိသွားတယ်။ အုပ်ကြီးပါထိတယ်ကြားတယ်။” လို့ Yangon Army (YA) အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
အရပ်သားပြည်သူတွေကို မျိုးစုံဖိနှိပ် အနိုင်ကျင့်ပြီး အတင်းအဓမ္မ သန်းခေါင်စာရင်းကောင်ခံနေတာကြောင့် အခုလိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး နောက်လည်း ဆက်ပြီးတိုက်ခိုက်သွားမယ်လို့ Yangon Army (YA) က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၉ရက်နေ့၊ ညပိုင်းကလည်း မှော်ဘီမြို့နယ်မှာရှိတဲ့ မှော်ဘီလေတပ်စခန်းကို တော်လှန်ရေး အဖွဲ့ဝင်တွေက Type-63 ရှော့တိုက်ဒုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က အရာရှိတွေအပါအဝင် ၆ယောက်သေဆုံးခဲ့ပါသေးတယ်။
0 Shares:
You May Also Like
Read More

ပုလောတွင် စစ်တပ်အတွက် တပ်သားသစ် စုဆောင်းပေးနေသည့် အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ

တနင်္သာရီတိုင်း၊ ပုလောမြို့မှာ စစ်အုပ်စုအတွက် အတင်းအဓမ္မ တပ်သားသစ် စုဆောင်းပေးနေတဲ့ အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းထံက သိရပါတယ်။
Read More

ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၃၆ နှစ်ပြည့်မှာ အဘွားဖြစ်သူကို ဂါရဝပြုခဲ့တဲ့ ကင်အဲရစ် (ခ) ကိုထိန်လင်း

လွတ်လပ်ရေးဖခင်လို့ အများက တင်စားကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိခင်ဖြစ်သူ ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၃၆ နှစ်ပြည့်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်အဲရစ် (ခ) ထိန်လင်းက ဂါရဝပြုခဲ့တယ်လို့ သိရပါတယ်။
Read More

ဒီပဲယင်းစာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှုကို သရုပ်ပြခဲ့သည့် ရန်ကုန်မြို့လယ်ခေါင်က သွေးစွန်းကျောင်းလွယ်အိတ်နှင့် ဖတ်စာအုပ်များ

ကျောင်းသားကျောင်းသူ ၂၂ ယောက်နဲ့ ဆရာမ ၂ ယောက် သေဆုံးခဲ့တဲ့ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်ကို သရုပ်ပြဆန္ဒထုတ်ဖော်တဲ့ လှုပ်ရှားမှုတစ်ခု ရန်ကုန်မြို့လယ်ခေါင်မှာ ပြုလုပ်ခဲ့တယ်လို့ Yangon Revolution Force (YRF) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဝက်လက်တွင် အကြမ်းဖက်စစ်ကြောင်းက အမျိုးသမီး ၂ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးထားပြီး လေကြောင်းတိုက်ခိုက်မှုများလည်း လုပ်ဆောင်နေ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ကျောက်ကုန်းကျေးရွာကို ဝင်ရောက်စီးနင်းပြီး အမျိုးသမီး၂ ယောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့သလို မြို့အနောက်ခြမ်းရှိ ရွာသာကြီးကျေးရွာကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေဆက်လက်လုပ်ဆောင်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေက ဖော်ပြပါတယ်။
Read More

အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF က အထူးစစ်ဆင်ရေးသင်တန်း အပတ်စဥ် (၈) သင်တန်းသားများ ခေါ်ယူနေ…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းစစ်ဒေသရဲ့ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်တဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF (P29999/အထူးတပ်ဖွဲ့) က သင်တန်းလေ့ကျင့်ရေးအပတ်စဥ် (၈) အတွက် သင်တန်းသား၊သင်တန်းသူတွေကို စတင် စိစစ်လက်ခံနေပြီဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ကြေညာထားပါတယ်။
Read More

ဂုဏ်သိက္ခာမဲ့စွာ အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်က သိက္ခာရှိတဲ့ ရွေးကောက်ပွဲနဲ့ လွှတ်တော်တစ်ရပ် ကျင်းပပေးမယ်လို့ ပြောပြန်

မကြာခင် စစ်တပ်က ကျင်းပပေးတဲ့ ရွေးကောက်ပွဲနဲ့  လွှတ်တော်ဟာ သိက္ခာရှိစေရမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပြန်ပါတယ်။