ကရင်ပြည်နယ်၊ ဝေါ်လေဗျူဟာကုန်းစခန်းကနေ အကြမ်းဖက်စစ်သားတွေ မြို့ထဲဈေးဆင်းဝယ်တဲ့အချိန်မှာ သေနတ်နဲ့ချောင်းပစ်ခံရပြီး စစ်သားတစ်ယောက် ဒဏ်ရာရရှိသွားတာကြောင့် ဝေါ်လေဗျူဟာစခန်းကုန်းကနေ လတ်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာလ ၁၀ရက်၊ နေ့လည်ပိုင်းက ဈေးဆင်းဝယ်ချိန် ပစ်ခတ်ခံရတာကြောင့် အကြမ်းဖက်စစ်သားတစ်ယောက် ခြေထောက်ထိမှန် ဒဏ်ရာရသွားပြီး ဒီနေ့ အောက်တိုဘာ ၁၁ ရက် မနက်ပိုင်းမှာ ဗျူဟာကုန်းပေါ်ကနေ ရမ်းသမ်းပစ်ခတ်နေတာဖြစ်တယ်လို့ သိရပါတယ်။

သူတို့ဈေးဆင်းဝယ်တဲ့အချိန်မှာ သေနတ်နဲ့ ချောင်းအပစ်ခံရလို့ ဒီနေ့မနက် လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်နေတာ။ ၁၂၀ မမ လက်နက်ကြီးတွေ၊ ၈၁ မမ လက်နက်ကြီးတွေနဲ့ပစ်နေတာ။ အခုလက်ရှိအချိန်ထိဆိုရင် ၁၅လုံးရှိပြီလို့ Freedom Fighter တော်လှန်ရေးတပ်ဖွဲ့မှ ဗိုလ်ကောင်းထက်က မောင်းကိုပြောပါတယ်။

ဒီဘက်မှာကတော့ လက်နက်ကြီးနဲ့ ပစ်ခတ်တာကတော့ ရိုးနေပါပြီ။ အကြောင်းအမျိုးမျိုးပြပြီး လက်နက်ကြီးထုနေကြတာပါပဲ။ အခုလည်း ဝေါ်လေ လမ်းပိုင်းကို အကြမ်းဖက်စစ်သားတွေ ဒီရက်ထဲစတင်ပြီး စစ်ရေးလှုပ်ရှားမှုတွေ လုပ်နေတာတော့ရှိတယ်။ သူတို့ပေါ်ပေါ်တင်တင်တော့ မထွက်ရဲပါဘူးလို့ ဗိုလ်ကောင်းထက်က ဆက်ပြောပါတယ်။

ကရင်ပြည်နယ်အတွင်း စစ်ရေးထိတွေ့ရှိတဲ့ ဒေသတွေမှာ အကြမ်းဖက်စစ်တပ်က ပေါ်ပေါ်တင်တင် စစ်ရေးလှုပ်ရှားမှုတွေ မလုပ်နိုင်ဘဲ ဒရုန်းနဲ့ ကင်းလှည့်ပြီးမှ ခိုးကြောင်ခိုးဝှက် စစ်ကြောင်းထိုးတာတွေ၊ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ပြီးမှ စစ်ကြောင်းပတ်တာမျိုးတွေသာ မကြာခဏ လုပ်ဆောင်နေတယ်လို့ မြေပြင်တော်လှန်ရေး တပ်ဖွဲ့တွေဆီက သိရပါတယ်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်း မြဝတီမြို့၊ သင်္ကန်းညီနောင်အနီးရှိ ထီးမူးထကျေးရွာသို့ စစ်ကောင်စီ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် (ဓာတ်ပုံ CJ)
0 Shares:
You May Also Like
Read More

ရွှေဘိုခရိုင် PDF အမှတ် (၉) တပ်ရင်း၏ (၄) နှစ်ပြည့် အခမ်းအနား

အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ အမှတ် (၁) စစ်ဒေသ ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ရွှေဘိုခရိုင်အမှတ် (၉) တပ်ရင်းရဲ့ တပ်တည်ထောင်ခြင်း (၄) နှစ်ပြည့် အခမ်းအနားကို သြဂုတ် ၈ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကလေးတောင်ပိုင်းတွင် ထိုးစစ်ဆင်လာသည့် အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်၊ စစ်သား ၂၇ ဦး သေဆုံးပြီး လက်နက် ၈ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကို စစ်ကြောင်း ၂ ကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်သား ၂၇ ယောက် သေဆုံးပြီး လက်နက် ၈ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ Chinland Information Center က သတင်းဖော်ပြထားပါတယ်။
Read More

တောင်ကိုးရီးယားတွင် ပြုလုပ်ခဲ့သည့် စစ်ရှောင်ရန်ပုံငွေ ဖျော်ဖြေပွဲမှ ကျပ်သိန်း ၉၀၀ နီးပါး ရရှိ

တောင်ကိုရီးယားမှာ စစ်ရှောင်ကူ ရန်ပုံငွေတေးဂီတဖျော်ဖြေပွဲကို LGBTQ+ တို့နဲ့အတူ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး စုစုပေါင်း ရန်ပုံငွေ (27,936,000 Won) ၊ မြန်မာငွေ ကျပ်သိန်း၉၀၀ နီးပါး ရရှိခဲ့တယ်လို့ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီ အောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) ထံက သိရပါတယ်။
Read More

အတုအယောင် ရွေးကောက်ပွဲ ဝင်ပြိုင်မည့်၊ ပူးပေါင်းဆောင်ရွက်မည့် NLD ပါတီဝင်များကို အရေးယူမည်ဟု NLD ကြေညာ

လာမယ့် ဒီဇင်ဘာမှာ စတင်ကျင်းပမယ့် စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ NLD ပါတီဝင်တွေ ဝင်ရောက်ယှဉ်ပြိုင်တာတွေ၊ ပါဝင်ဆောင်ရွက်တာတွေကို လုပ်ဆောင်ရင် အရေးယူသွားမှာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ဒီနေ့ စက်တင်ဘာလ ၁၄ ရက်မှာ သတင်းကြေညာလိုက်ပါတယ်။ 
Read More

ကြို့ပင်ကောက်တွင် စာမေးပွဲအတွက် စာလုပ်နေသည့် ၁၀ တန်းကျောင်းသား စစ်တပ်ဗုံးကြဲမှုကြောင့် သေဆုံး

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဥ်ကြီးကျေးရွာကို အကြမ်းဖက် စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၁၀ တန်းကျောင်းသားတစ်ယောက် ထိမှန်သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် ၃၈၀၁ တပ်ရင်း၊ တပ်ခွဲ (၁) တပ်ခွဲမှူးထံက သိရပါတယ်။
Read More

ဖားဆောင်းမြို့တိုက်ပွဲအတွင်း KPLA- B 626 တပ်ခွဲ (၁) မှ ရဲဘော်တစ်ဦး ကျဆုံး

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး/ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ ဗဟိုစစ်၊ တပ်ရင်းအမှတ် ၆၂၆ (KPLA- B 626) တပ်ခွဲ (၁) က ရဲဘော် သော်ဇေယံဟာ ဖားဆောင်းမြို့တိုက်ပွဲမှာ ကျဆုံးခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။