မကွေးတိုင်းအခြေစိုက် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က စိုးမိုးနယ်မြေအတွင်းရှိ စစ်ဘေးရှောင်စာသင်ကျောင်းတွေနဲ့ မိုင်းထိပြည်သူတစ်ယောက်ကို ထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ရဲ့ ဗဟိုဦးဆောင်ကော်မတီဥက္ကဋ္ဌ ရဲဘော်ယောလေး၊ လက်ထောက်အထွေထွေအတွင်းရေးမှူး () ရဲဘော်ထွားကြီး၊ တွဲဖက်တရားသူကြီး ရဲဘော်မုန်တိုင်း၊ ထုတ်လုပ်ရေးဌာနမှူး ရဲဘော်ကျော်ဟိန်းတို့ဟာ အောက်တိုဘာလ () ရက်က စစ်ဘေးရှောင်စခန်းတွေက စာသင်ကျောင်းတွေဆီ သွားရောက်ကာ ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့တာပါ။

စစ်ဘေးရှောင်စာသင်ကျောင်းကို YPDF က အလှူငွေပေးအပ် (ဓာတ်ပုံ YPDF)

စစ်ဘေးရှောင်စခန်းက စာသင်ကျောင်းတွေဖြစ်တဲ့ တောင်ခင်ရန်း စစ်ဘေးရှောင်စာသင်ကျောင်း၊ အေးသစ္စာ စာသင်ကျောင်းတွေဆီ သွားရောက်ကာ ကျောင်းသားကျောင်းသူတွေ၊ ဆရာဆရာမတွေ၊ ကျောင်းသားမိဘတွေနဲ့ တွေ့ဆုံကာ အားပေးစကားတွေ ပြောကြားခဲ့ပြီး စာသင်ကျောင်းတစ်ကျောင်းကို ထောက်ပံ့ငွေ ၅၀၀၀၀ ကျပ်စီ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်တွေကို ကူညီကယ်ထုတ်ရင်း ပျူစောထီးတွေ ထောင်ထားတဲ့ နင်းမိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ဖြတ်ခဲ့ရတဲ့ ပြည်သူ ၁ ယောက်ကိုလည်း သွားရောက်တွေ့ဆုံကာ ဆေးကုသစရိတ် ၅၀၀၀၀ ကျပ်ကို တပ်ဖွဲ့ကိုယ်စား ကူညီထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ပြည်သူတွေနဲ့ တွေ့ဆုံရာမှာ တော်လှန်ရေးအရွေ့အပြောင်း၊ နိုင်ငံရေးအရွေ့အပြောင်း၊ တပ်ဖွဲ့သဘောထား ရပ်တည်မှုတွေကိုလည်း ရှင်းလင်းပြောကြားခဲ့ပြီး အပြန်အလှန်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

မိုင်းနင်းမိပြီး ခြေတစ်ဖက်ဖြတ်ခဲ့ရတဲ့ ပြည်သူတစ်ဦးကို YPDF က အလှူငွေပေးအပ် (ဓာတ်ပုံ YPDF)
0 Shares:
You May Also Like
Read More

အကြွေး ကျပ်ဘီလီယံ ၁၀၀ ကျော်ရှိနေသည့် ဒေါက်တာသက်သက်ခိုင် စစ်အုပ်စု၏ ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့် မရ..

အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကော်မရှင်က ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ဟာ အကြွေးပေးဖို့ ရှိနေတဲ့ အချက်ကြောင့် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ဖျက်လိုက်တယ်လို့ ထုတ်ပြန်ပါတယ်။ ဒေါက်တာသက်သက်ခိုင်ဟာ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၈ (ဃ)ပါ ပြဋ္ဌာန်းချက်နဲ့ ငြိစွန်းတာကြောင် လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ဖျက်လိုက်တာဖြစ်တယ်လို့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကော်မရှင်က ဆိုပါတယ်။ ကမ္ဘာအေးဘုရားလမ်းနဲ့ ဆရာစံလမ်းထောင့်ရှိ 68 Residence အိမ်ရာစီမံကိန်းအတွက် ဒေါက်တာသက်သက်ခိုင်နဲ့ စီးပွားဖက်တွေက ကမ္ဘောဇဘဏ်ဆီကနေ ငွေကျပ် ဘီလီယံ ၁၀၀ ကျော် ချေးငှားခဲ့ပေမယ့် 68 Residence အိမ်ရာစီမံကိန်းဟာ အချိန်မီ ပြီးစီးခြင်းမရှိတဲ့အပြင် ကမ္ဘောဇဘဏ်ကနေ ချေးယူထားတဲ့ ငွေကျပ် ဘီလီယံ ၁၀၀ ကျော်ကိုလည်း ပြန်လည် ပေးဆပ်နိုင်ခြင်းမရှိဘူးလို့ ဆိုပါတယ်။
Read More

ဒီးမော့ဆိုတိုက်ပွဲတွင် ၆ လသားအရွယ်နှင့် ၄ နှစ်အရွယ် ကလေးငယ် ၂ ဦး၏ ဖခင် ရဲဘော် မောင်ကျော့ကင်း ကျဆုံး

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF အမှတ် (၈) တပ်ရင်း တပ်ခွဲ (၃) မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် မောင်ကျော့ကင်းဟာ ဒီးမော့ဆိုတိုက်ပွဲမှာ ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်ငူ-လိပ်သို လမ်းပိုင်းမှာ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရာ စစ်သား ၃ ယောက် သေပြီး ၃ ယောက် ဒဏ်ရာရ

တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ စစ်ကောင်စီရဲ့ ကျောက်လုံးကြီးစခန်းရှေ့က အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၃ ယောက် သေဆုံးပြီး ၃‌ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ People Defence Force Thandaung (တောင်ငူခရိုင်၊ တပ်မဟာ(၂) တပ်ရင်း(၅) လက်အောက်ခံ)က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထန်းတပင်မြို့နယ်မှာ စစ်တပ်ရဲ့ ထောက်ပို့စစ်ကြောင်းကို တိုက်ခိုက်ရာ လက်နက် ၅ လက် သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ထောက်ပို့စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ လက်နက် ၅ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး -KNU တပ်မဟာ (၂) စစ်ရေးလှုပ်ရှားမှုအတွက် ရံပုံငွေ ရှာဖွေပေးနေတဲ့ စစ်တောင်းကမ်ပိန်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ပုသိမ် စစ်သင်တန်း လေ့ကျင်ရေးကျောင်းကနေ ရှမ်းပြည်အပို့ခံရတဲ့ အပတ်စဉ် ၅ စစ်သင်တန်းသား ၈ ယောက် မိုင်းထိ သေဆုံး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သုံးဆယ်မြို့အရှေ့က ချမ်းသာကုန်းအုပ်စု၊ သရက်ဖြူကံရွာနဲ့ ချမ်းသာကုန်းရွာက လူငယ် ၅ယောက်ကို စစ်ကောင်စီတပ်တွေက စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အဲဒီထဲက လူငယ် ၃ ယောက်ကို ပြန်လွှတ်ပေးဖို့ သူတို့ရဲ့မိသားစုဝင်တွေက သိန်း ၂၀၀ နဲ့ ပြန်ရွေးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဓနုလူမျိုးများဆုံစည်းရာနေ့ အခမ်းအနားကို DPLF/DPLA လှုပ်ရှားနယ်မြေတစ်နေရာတွင် ကျင်းပပြုလုပ်

တပေါင်းလဆန်း(၁၄)ရက်မှာ ကျရောက်တဲ့ ဓနုလူမျိုးများဆုံစည်းရာနေ့ အခမ်းအနားကို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF/DPLA) ရဲ့ လှုပ်ရှားနယ်မြေ တစ်နေရာမှာ DPLF/DPLA က ဦးဆောင်ပြီး အကျဥ်းရုံး ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။