ရှမ်းပြည်နယ်မြောက်ပိုင်းက မုံးစီးမြို့နယ် ရေပူစမ်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ လာရောက်ဗုံးကြဲမှုကြောင့် အရပ်သား () ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ ၁ဝ ရက် မနေ့ မနက်အစောပိုင်းအချိန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး ()လုံး လာရောက်ကြဲချခဲ့ပြီး အဆောက်အဦးတစ်ချို့ ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီလေယာဥ် ဗုံးကြဲခဲ့တဲ့ နေရာဟာ မုံးစီးမြို့နယ်န တာမိုးညဲမြို့နယ်က ပြည်သူတွေရဲ့ အပန်းဖြေစခန်းတစ်ခုသာဖြစ်ပြီး စစ်ကောင်စီတပ်က စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူလူထုကို ဦးတည်ကာ ဂျက်ဖိုက်တာနဲ့ လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ()ရက်မှာလည်း ကွတ်ခိုင်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဖြတ်အားပြင်း လက်နက်အမျိုးအစားဖြစ်တဲ့ ပေါင် (၅၀၀) ဗုံးအသုံးပြုပြီး ()ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

သြဂုတ်လ () ရက်မှာလည်း စစ်ကောင်စီတပ်က ကွတ်ခိုင်မြို့ကို တစ်ရက်အတွင်း ()ကြိမ် လေကြောင်း အသုံးပြုတိုက်ခိုက်မှုကြောင့် ကွတ်ခိုင်မြို့ခံ ပြည်သူ () ယောက် သေဆုံးကာ (၁၀) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သလို ကွတ်ခိုင်မြို့မဈေးလည်း မီးလောင်သွားခဲ့ပြီး ဆိုင်ခန်းပေါင်း (၄၀၁) ခန်း မီးလောင်ပျက်စီးသွားခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

 

(ဓာတ်ပုံ The Ta’ang Post)

0 Shares:
You May Also Like
Read More

သိန်းခွန်းကျေးရွာအနီး တိုက်ပွဲများအတွင်း စစ်ကော်မရှင်တပ်သား (၁၀) ယောက်ထက်မနည်း သေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

"အရှင်ဖမ်းမိတဲ့ရန်သူ မရှိဘူး ၊ ကျနော်တို့ဘက်ကတော့ ထိခိုက်မှု နည်းနည်းရှိတယ်၊ အသေးစိတ်တော့ ပြောလို့မရဘူး၊ အခုတိုက်နေတဲ့အတောအတွင်း ရန်သူရဲ့ ထိခိုက်သေ‌ဆုံးတဲ့ဦးရေကိုတော့ အတိအကျမသိဘူး၊ သေဆုံးမှုများတယ်" လို့ KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှုး ဗဒိုစောအယ်နားက မောင်းကို ပြောပါတယ်။
Read More

မင်းအောင်လှိုင်က သူ့လက်ထက်မှာ စီးပွားရေးတိုးတက်နေတယ်လို့ ကြွေးကြော်ခဲ့ပေမယ့် နိုင်ငံခြားငွေ မရရှိလို့ အခက်အခဲဖြစ်နေကြောင်း ဝန်ခံပြောဆို

စစ်ကောင်စီမှာ နိုင်ငံခြားငွေ အခက်အခဲဖြစ်နေမှုကို မင်းအောင်လှိုင်က ၀န်ခံပြောဆိုလိုက်ပြီး ပြည်ပရောက် မြန်မာတွေထံက နိုင်ငံခြားငွေမရရှိခြင်းက အဓိက ကျနေတယ်လို့ ပြောဆိုပြန်ပါတယ်။
Read More

အာဆီယံအနေဖြင့် NUG နှင့် တိုင်းရင်းသားမဟာမိတ်များ ဖော်ဆောင်နေသည့် နိုင်ငံရေးလမ်းကြောင်းကို ထောက်ပံ့ပေးရန် NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ် ပြောကြား

အာဆီယံအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေ ပူးပေါင်းဖော်ဆောင်နေတဲ့ နိုင်ငံရေးလမ်းကြောင်းကို ထောက်ပံ့မှုပေးဖို့အတွက် NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုလိုက်ပါတယ်။
Read More

နိုဝင်ဘာလထဲ စစ်ကောင်စီရဲ့ လေတပ်စခန်းတွေနဲ့ လက်ဝေခံ နေရာ ၁၄ ခုကို မြို့ပြတော်လှန်ရေးအဖွဲ့တွေ တိုက်ခိုက်ခဲ့

နိုဝင်ဘာလအတွင်း ရန်ကုန်တိုင်းထဲက စစ်ကောင်စီ လေတပ်စခန်းတွေအပါဝင် စစ်အုပ်ချုပ်ရေးယန္တရား လည်ပတ်နေတဲ့ နေရာ ၁၄ ခုကို မြို့ပြအခြေစိုက် တော်လှန်ရေးအဖွဲ့တွေ တိုက်ခိုက်ခဲ့တယ်လို့ Rangoon Scout Network က ဖော်ပြထားပါတယ်။
Read More

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ဒီရက်ပိုင်းအတွင်း တရုတ်သွားမယ်ဟု ဆို

စစ်ကောင်စီကို ရာနှုန်းပြည့် ထောက်ခံအားပေးနေတဲ့ တရုတ်နိုင်ငံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က အခုရက်ပိုင်းအတွင်း သွားရောက်မယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။ 
Read More

ရန်ကုန်မြို့တွင်း သပိတ်လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်တဲ့ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေ ဖမ်းဆီးခံရ

ရန်ကုန်မြို့တွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်သူတစ်ယောက်ဖြစ်တဲ့ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေကို အကြမ်းဖက်စစ်ကောင်စီ ဖမ်းဆီးသွားတယ်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (Anti-Junta Alliance Yangon – AJAY) က ထုတ်ပြန်ထားပါတယ်။