ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းနဲ့ ရွာမဘုန်းကြီးကျောင်းတွေမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ၆ ယောက် သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာရသွားတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။

ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းနဲ့ ရွာမဘုန်းကြီးကျောင်းတွေမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေကို ဖြူးမြို့နယ်ပကဖနဲ့ သာယာဝတီခရိုင်ပကဖ ရဲ့ ဒရုန်းတပ်ဖွဲ့တွေက ဒရုန်းဗုံးတွေနဲ့ အောက်တိုဘာ ၉ ရက် မနက်အစောပိုင်းမှာ တိုက်ခိုက်ခဲ့တာပါ။

ပကဖ ဒရုန်းပူးပေါင်းအဖွဲ့တွေက ဒရုန်းသီးပေါင်း ၁၀ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဖြူးမြို့နယ် ပကဖ ဆီက သိရပါတယ်။

0 Shares:
You May Also Like
Read More

ဆီဆိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် PNO အဖွဲ့ကို တိုက်ခိုက်၊ စစ်အုပ်စု ၂၀ ဦးခန့် သေဆုံးပြီး ၁ ဦးကို လက်နက်နှင့်အတူ အရှင်ဖမ်းမိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ PNO အဖွဲ့ကို တိုက်ခိုက်ရာ စစ်တပ်က အယောက် ၂၀ ခန့် သေဆုံးပြီး ၁ ယောက်ကို လက်နက်နဲ့အတူ အရှင်ဖမ်းမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၀၀၅ တပ်ရင်း၊ ရှမ်းတောင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အင်းစိန်မှာ “အမျိုးသားနေ့ကို အောက်မေ့ကြ အာဏာရှင်ကို အမြစ်ဖြတ်ကြ” ဘန်နာချိတ်ဆွဲပြီး အလံနီထောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်…

အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေး အထူးတင်းကျပ်ထားတဲ့ ရန်ကုန်က အင်းစိန်မြို့နယ်၊ အ.ထ.က ၇ ကျောင်းရှေ့မှာ "အမျိုးသားနေ့ကို အောက်မေ့ကြ အာဏာရှင်ကို အမြစ်ဖြတ်ကြ" လူထုလှုံဆော်မှု ကြွေးကြော်သံ ဘန်နာကို ချိတ်ဆွဲပြီး အလံနီထောင်ကာ အကြမ်းဖက်စစ်တပ် ဆန့်ကျင်ရေး လှုပ်ရှားမှုကို နိုဝင်ဘာလ ၂၅ ရက် ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြန်မာနဲ့တရုတ်ဟာ အင်တာနက်လွတ်လပ်ခွင့် အနိမ့်ဆုံးနိုင်ငံတွေလို့ အစီရင်ခံစာမှာပြော

မြန်မာနဲ့ တရုတ်နိုင်ငံတို့ဟာ ကမ္ဘာပေါ်မှာ အင်တာနက် လွတ်လပ်ခွင့် အဆိုးဆုံး နိုင်ငံတွေဖြစ်ကြောင်း လေ့လာမှုတစ်ခုက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
Read More

နိုင်ငံတဝန်း ဇူလိုင်လမှ ယခုချိန်အထိ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသား (၁၁၉) ဦး သေဆုံးခဲ့ဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံတစ်ဝန်း ဇူလိုင်လကစလို့ ဒီနေ့အချိန်အထိ အကြမ်းဖက်စစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အရပ်သား အမျိုးသား (၁၁၉) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဧရာဝတီတိုင်း မြို့နယ် သုံးခုတွင် စစ်အုပ်စု၏ လေကြောင်းနှင့် လက်နက်ကြီးကြောင့် တစ်နှစ်အတွင်း အရပ်သား ၆၉ ဦး သေဆုံး

အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှု တွေကြောင့်ဧရာဝတီတိုင်းထဲကမြို့နယ်သုံးခုမှာ ၂၀၂၅ ခုနှစ်အတွင်း အရပ်သား ၆၉ ယောက် သေဆုံးပြီး နေအိမ်ပေါင်း ၁၆၀ ကျော်ထိခိုက်ပျက်စီးခဲ့တယ်လို့ ဧရာဝတီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ကထုတ်ပြန်ပါတယ်။
Read More

နှစ်ကူးလွတ်ငြိမ်းခွင့်မှာ ကနဦးအတည်ပြုချက်အရ နိုင်ငံရေးအကျဉ်းသား ၂၂ ဦး ပါဝင်

မြန်မာနှစ်ကူးဖြစ်တဲ့ သင်္ကြန်နှစ်ဆန်း ၁ ရက်နေ့ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ အကျဉ်းသားတွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၂ ယောက် ပါဝင်လာကြောင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က‌ ကနဦး အတည်ပြု ထုတ်ပြန်လာပါတယ်။