စစ်ကိုင်းတိုင်း ကောလင်းခရိုင် ပင်လယ်ဘူးမြို့ကို ကသုံးလုံးခရိုင် အထူးစစ်ဆင်ရေးမှူး ကွပ်ကဲမှုဖြင့် ၂ လနီးပါးတိုက်ခိုက်ပြီး အောက်တိုဘာ ၈ ရက်က အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသမှ ထုတ်ပြန်ထားပါတယ်။
မြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၇၀ ခန့်သေကာ၂၇၅ဦးပျောက်ဆုံးနေပြီး၂၂၅ယောက်ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။အမှတ်စစ်ဒေသထံအလင်းဝင်ရောက်သူ၄၈ယောက်ရှိပြီးစစ်သုံ့ပန်းအနေနဲ့၁၀၂ယောက်ဖမ်းဆီးမိခဲ့တယ်လို့သိရပါတယ်။
စစ်ကောင်စီတပ်သားတွေထံကနေ လက်နက်ကြီး/ငယ်မျိုးစုံ (၄၀၀) ကျော်၊ ခဲ/ယမ်း/မီး/ကျောက် အမြောက်အများ၊ ကျောက်စိမ်းတုံး(လက်ကောက်)ဆိုဒ်စုံ (၂၃၄) ခု၊ Starlink အစုံ (၁) ခု (ဗန်းကွဲ)၊ အထိုင် Jammer (၅) ခု၊ Jammer Battery (၅) ခု၊ Jammer Battery အားသွင်းခုံ အစုံ (၄) ခု၊ ကျောလွယ် Drone Shooter Gun (၄) စုံ၊ Drone Shooter Gun Tablet (၁) ခု၊ Drone အသေး (၁) ခု၊ ဆက်သွယ်ရေးစက် အစုံ (၈) ခု၊ ဆက်သွယ်ရေးစက် Power Supply လက်လှည့် (၉) ခု၊ လက်ဗွေစစ်သေတ္တာပုံး (၁) ခု ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။