မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း ဆင်းရဲနွမ်းပါးမှု နှစ်ဆမြင့်တက်လာလို့ သြစတြေးလျက မြန်မာနိုင်ငံအတွက် ဒေါ်လာ ၁၂၁.၄ သန်း ပေးအပ်ကူညီသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံရုံးက ထုတ်ပြန်ပါတယ်။
ဒီနေ့ အောက်တိုဘာ ၁၁ ရက်နေ့မှာကျရောက်တဲ့ International Day of The Girl Child ထုတ်ပြန်မှုနဲ့အတူ မြန်မာ့အရေးကို ကူညီပေးဖို့ ထုတ်ပြန်လိုက်တာပါ။
မြန်မာနိုင်ငံရှိ အမျိုးသမီးငယ်များရဲ့ လူ့အခွင့်အရေးနဲ့ ၄င်းတို့ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုများကို အထူးအလေးထားတယ်လို့လည်းဆိုပါတယ်။
မြန်မာနိုင်ငံဟာ စစ်အာဏာသိမ်းပြီး၂၀၂၁ ခုနှစ်မှစတင်ကာဆင်းရဲနွမ်းပါးမှု နှစ်ဆမြင့်တက်လာခြင်း၊ ပြင်းထန်သော ရာသီဥတုဖြစ်စဉ်များ ကြုံတွေ့ရဆုံး ကမ္ဘာ့ဒုတိယနိုင်ငံ ဖြစ်လာတယ်လို့လည်းဆိုပါတယ်။
ဩစတြေးလျ အစိုးရဟာ၄င်းတို့ရဲ့အကူအညီတွေကို အမှန်တကယ် အကူအညီ လိုအပ်နေတဲ့ ဒေသများကို အဓိကရည်ရွယ်ပြီး ပညာရေးနဲ့အသက်မွေး၀မ်းကြောင်းလုပ်ငန်းတွေအတွက် အဓိကရည်ရွယ်တယ်လို့ သိရပါတယ်။
အကူအညီတွေ ပေးအပ်သွားမယ့်အချိန်ကာလကိုတော့ သံရုံးဘက်က ထည့်သွင်းဖော်ပြလာခြင်း မရှိသေးပါဘူး။