သြစတေးလျနိုင်ငံ ကင်ဘရာမြို့မှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Mr. Tom Andrews က အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ခွန်းဗဟန်းထန်၊ သြစတေးလျနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေ၊ CRPH /NUG Support Group Ausrialia National Team တို့နဲ့ အောက်တိုဘာလ ၁၀ ရက် မနေ့က တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

တွေ့ဆုံပွဲမှာ ကုလသမဂ္ဂအထူးစုံစမ်းရေးမှူး  Mr. Tom Andrews က အကြမ်းဖက်စစ်အုပ်စုကို လက်နက်ခဲယမ်း တင်ပို့ရောင်းချမှုတစ်ချို့ကိုတားဆီးလျော့ချနိုင်ခဲ့ပြီး ဆက်လက်ပြီးလည်း လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

(ဓာတ်ပုံ Ministry of Human Rights-NUG)

စင်္ကာပူနိုင်ငံအနေနဲ့ စစ်ကောင်စီကို ပံ့ပိုးနေမှုကို ၉၀ % ခန့်အထိ လျော့ချနိုင်ခဲ့သလို လေယာဉ်ဆီ တင်ပို့ရောင်းချမှုကို ဗီယက်နမ်ကနေ အဓိကတင်ပို့ရောင်းချနေတာကြောင့် ဗီယက်နမ်အနေနဲ့ ပိတ်ဆို့အရေးယူဖို့ တိုက်တွန်းပြောကြားသွားမှာဖြစ်တယ်လို့ Mr. Tom Andrews က ဆိုပါတယ်။

ဩစတေးလျအစိုးရကိုလည်း အကြမ်းဖက်စစ်အုပ်စုကို ပိတ်ဆို့အရေးယူဖို့ တိုက်တွန်းပြောကြားခဲ့ပြီး တချိန်တည်းမှာပဲ သြစတေးလျနိုင်ငံအနေနဲ့လည်း အကြမ်းဖက်စစ်အုပ်စုကို Universal Jurisdiction ကတဆင့် အရေးယူဆောင်ရွက်ပေးဖို့ တိုက်တွန်းပြောကြားခဲ့တယ်လို့ Mr. Tom Andrews က ဆိုပါတယ်။

ဒါ့အပြင် Mr. Tom Andrews က မြန်မာနိုင်ငံအပေါ် လူသားချင်းစာနာမှုအကူအညီပေးရာမှာလည်း အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မဟာမိတ်တိုင်းရင်းသားအဖွဲ့အစည်းတွေဆီ ချိတ်ဆက်ကူညီဆောင်ရွက်ပေးမှသာ အမှန်တကယ်လိုအပ်တဲ့နေရာတွေဆီ ရောက်ရှိနိုင်မှာဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။

(ဓာတ်ပုံ Ministry of Human Rights-NUG)

အကြမ်းဖက်စစ်အုပ်စုပြုလုပ်မယ့် ရွေးကောက်ပွဲဟာ အတုအယောင်သာဖြစ်ပြီး စစ်အာဏာရှင်အာဏာ တည်မြဲရေးအတွက် ပြုလုပ်နေတာဖြစ်တဲ့အတွက် နိုင်ငံတကာက အစိုးရတွေအနေနဲ့ ကန့်ကွက်ဖို့ လုပ်ဆောင်ဖို့ လိုတယ်လို့ Mr. Tom Andrews က ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုဆီ လေယာဉ်ဆီတင်ပို့နေတဲ့ ကုမ္ပဏီ အဖွဲ့အစည်းတွေကိုလည်း အသေးစိတ်စုံစမ်းစစ်ဆေးကာ ဖိအားပေးအရေးယူမှုတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ Mr. Tom Andrews က ဆိုပါတယ်။

မြန်မာ့အရေးအပေါ် တရုတ်အစိုးရရဲ့ စွက်ဖက်မှုကိုလည်း နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာအာဏာကို အခြားနိုင်ငံတာ စွက်ဖက်နေတာဖြစ်လို့ ကန့်ကွက်ကြောင်းနဲ့ ဂျပန်နိုင်ငံအနေနဲ့ အကြမ်းဖက်စစ်အုပ်စုအပေါ် သံတမန်ဆက်ဆံရေးလျော့ချမှုတွေ ပြုလုပ်လာနိုင်အောင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာလည်း တိုက်တွန်းနိုင်ခဲ့ကြောင်း စသဖြင့် မြန်မာ့အရေး ဆောင်ရွက်ခဲ့မှုနဲ့ တိုးတက်မှုအခြေအနေတွေကို Mr. Tom Andrews က ရှင်းလင်းပြောကြားခဲ့ပါတယ်။

(ဓာတ်ပုံ Ministry of Human Rights-NUG)
0 Shares:
You May Also Like
Read More

နီပေါဒီမိုကရေစီလှုပ်ရှားမှုကို ဆူပူမှုဟု သုံးနှုန်းပြီး သင်ခန်းစာယူရန် အကြမ်းဖက်မင်းအောင်လှိုင် ပြောဆို… ဆန္ဒပြမှုများ နောက်ကွယ် အင်အားကြီးနိုင်ငံအချို့ပါဟု စွပ်စွဲထား…

လက်ရှိဖြစ်ပွားနေတဲ့ နီပေါနိုင်ငံ အရေးကိစ္စနောက်ကွယ်မှာ အင်အားကြီးနိုင်ငံတွေပါဝင်နေပြီး ဆန္ဒပြမှုတွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံအတွက် သင်ခန်းစာယူသင့်ကြောင်း အာဏာလု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကော်မရှင်နဲ့ စစ်ကော်မရှင်အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။
Read More

စစ်အုပ်စု၏ ဟန်ပြရွေးကောက်ပွဲကို တရားမျှတဖို့မျှော်လင့်ကြောင်း မိုဒီပြော

မြန်မာအာဏာသိမ်းစစ်အုပ်စုက လာမယ့်နှစ်ကုန်မှာ စတင်ပြုလုပ်ဖို့ စီစဉ်နေတဲ့ အတုအယောင် ဟန်ပြရွေးကောက်ပွဲကို တရားမျှပြီး သက်ဆိုင်သူအားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲမျိုးဖြစ်လာဖို့‌ မျှော်လင့်ကြောင်း အိန္ဒိယဝန်ကြီးချုပ် နရန်ဒြာမိုဒီက ဩဂုတ်လ ၃၁ ရက်မှာ ပြောဆိုပါတယ်။
Read More

စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲမတိုင်ခင် မြန်မာနဲ့ ထိတွေ့ဆက်ဆံဖို့ ထိုင်းဝန်ကြီးချုပ် ပြော

လာအိုမှာ ပြုလုပ်ခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးတွေအတွင်း မြန်မာ့အရေးပြဿနာဟာ ခေါင်းစဉ်ကြီးတရပ်ဖြစ်ခဲ့တဲ့အလျှောက် စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲမတိုင်ခင် မြန်မာနဲ့ ထိတွေ့ဆက်ဆံမှုတွေ တိုးမြှင့်ဖို့ ထိုင်းဝန်ကြီးချုပ်က ထိပ်သီးအစည်းအဝေးဖွင့်ပွဲနေ့မှာ တောင်းဆိုခဲ့ပါတယ်။
Read More

ထိုင်းရောက် မြန်မာတွေ ထွက်သွားကြဖို့နဲ့ ထိုင်းနိုင်ငံကို အလုံးအရင်း ရွှေ့ပြောင်းလာတဲ့အပေါ် ကန့် ကွက်ကြောင်း ထိုင်းနိုင်ငံသားတချို့ ဆန္ဒပြ

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ နိုင်ငံအတွင်းက ထွက်သွားဖို့နဲ့ ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံသားတွေ အလုံးအရင်းနဲ့ ရွှေ့ပြောင်းလာနေမှုအပေါ် ကန့်ကွက်ကြောင်း ထိုင်းနိုင်ငံသားတချို့က ဘန်ကောက်က စစ်ကောင်စီ မြန်မာသံရုံးရှေ့မှာ ဒီနေ့ ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။
Read More

မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံတာက ထိုင်းကို တစ်ကမ္ဘာလုံးရှေ့မှာ အရှက်ခွဲသလိုပဲလို့ ထိုင်းလွှတ်တော်အမတ်ဝေဖန်

ထိုင်းဝန်ကြီးချုပ်ပတွန်တန် ရှင်နာဝပ်ထရာအနေနဲ့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အကြောင်းမယ်မယ်ရရမရှိဘဲ တွေ့ဆုံခဲ့မှုဟာ ထိုင်းကို တစ်ကမ္ဘာလုံးရှေ့မှာ အရှက်ခွဲသလိုဖြစ်နေတယ်လို့ ထိုင်းလွှတ်တော်အမတ်တစ်ဦးက ၎င်းရဲ့လူမှုကွန်ရက်မှာ ဝေဖန်ထောက်ပြပြောဆိုထားပါတယ်။
Read More

မြန်မာရွှေ့ပြောင်းများအပေါ် ထိုင်းအာဏာပိုင်များ၏ အမြတ်ထုတ်မှု လူ့အခွင့်အရေးအဖွဲ့ အစီရင်ခံ

စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကြောင့် ထိုင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင်လာသူ မြန်မာနိုင်ငံသားတွေကို ထိုင်းအာဏာပိုင်တွေက ခြိမ်းခြောက်၊ ငွေညှစ်၊ ဖမ်းဆီးနေကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) ဟာ ဇူလိုင်လ ၁၄ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။