ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာတိုက်ပွဲကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ အကြမ်းဖက်ဇော်မင်းထွန်းရဲ့ တူတော်စပ်သူ ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်းကို တော်လှန်ရေးတပ်တွေ လိုက်လံပစ်ခတ်ရာ အသေဖမ်းဆီးရမိခဲ့တယ်လို့ တော်လှန်ရေး ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။

ဆိုင်းတောင်ကျေးရွာ၊ Lucky Men Hotel ထဲမှာ ခလရ၁၁၉ ရဲ့ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်း ဦးဆောင်တဲ့ စစ်ကောင်စီတပ်ဟာ တစ်လဝန်းကျင် ပိတ်ဆို့ခံထားရာက အောက်တိုဘာလ ၈ ရက်ညပိုင်း KIA နဲ့ တော်လှန်ရေးတပ်တွေ အပြီးသတ်ထိုးစစ်ဆင်တိုက်ခိုက်ချိန် ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်းအပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထွက်ပြေးလွတ်မြောက်သွားခဲ့တာပါ။

အသေဖမ်းမိခဲ့သည့် ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်းနှင့် အကြမ်းဖက် ဇော်မင်းထွန်း ပုံ (ဓာတ်ပုံ အင်တာနက်)

KIA နဲ့ တော်လှန်ရေးတပ်တွေက ထွက်ပြေးသွားသူတွေကို ပိတ်ဆို့ပြီး ၂ ရက်တိတိ လိုက်လံရှင်းလင်းခဲ့ရာ အောက်တိုဘာ ၁၀ ရက် ဒီနေ့ မနက်အစောပိုင်းမှာတော့ ဥရုချောင်းနံဘေး သေနတ်ဒဏ်ရာနဲ့သေဆုံးနေတဲ့ ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်းရဲ့ ရုပ်အလောင်း ရရှိခဲ့တာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၈ ရက် ဆိုင်းတောင် Lucky Men ဟိုတယ် စခန်းသိမ်းတိုက်ပွဲမှာ ခမရ ၁၁၉ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်ပိုင်ထွန်းဦးဆောင်တဲ့ စစ်ကြောင်းက အယောက် ၂၀ ကျော်ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး အယောက် ၂၀ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဆိုင်းတောင်ကျေးရွာတိုက်ပွဲကနေ သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းများ (ဓာတ်ပုံ Khit Thit Media)
0 Shares:
You May Also Like
Read More

မင်းတပ် ဖွီကျေးရွာကို စစ်ကောင်စီ ဗုံးကြဲလို့ အရပ်သားပြည်သူ ၆ ဦး သေဆုံး

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ဖွီကျေးရွာကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၆ ယောက် သေဆုံးခဲ့ရတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီက လေတပ်စခန်းတွေမှာ ဂါလံသိန်းနဲ့ချီတဲ့ ဆီသိုလှောင်ကန်တွေတည်ဆောက်နေပြီး ရေလမ်းခရီးတွေကပါ လက်နက်ရိက္ခာတွေ ဖြည့်တင်းနေ

စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုတွေကို အသာစီးရဖို့ လေတပ်စခန်းတွေမှာ လေယာဉ်ဆီဂါလံ သိန်းနဲ့ချီဆန့်တဲ့ ဆီသိုလှောင်ကန်တွေကို တည်ဆောက်နေပြီး ရေလမ်းခရီးတွေကနေ စစ်လက်နက်၊ ရိက္ခာတွေကို အလုံးအရင်းနဲ့ ဖြည့်တင်းပြင်ဆင်နေတယ်လို့ CDM ပြုလုပ်လာတဲ့ ဗိုလ်ကြီးတွေက ပြောပါတယ်။စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုတွေကို အသာစီးရဖို့ လေတပ်စခန်းတွေမှာ လေယာဉ်ဆီဂါလံ သိန်းနဲ့ချီဆန့်တဲ့ ဆီသိုလှောင်ကန်တွေကို တည်ဆောက်နေပြီး ရေလမ်းခရီးတွေကနေ စစ်လက်နက်၊ ရိက္ခာတွေကို အလုံးအရင်းနဲ့ ဖြည့်တင်းပြင်ဆင်နေတယ်လို့ CDM ပြုလုပ်လာတဲ့ ဗိုလ်ကြီးတွေက ပြောပါတယ်။
Read More

ထန်းတပင်မြို့နယ်တွင် ထိတွေ့တိုက်ပွဲများ ရှိနေပြီး စစ်အုပ်စုက ဂျိုင်ရိုကော်ပတာနှင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းများ ဆက်တိုက်လုပ်ဆောင်နေ…

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့တောင်ခြမ်းမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကြား စစ်ရေးတင်းမာနေပြီး စစ်အုပ်စုက လေကြောင်းကနေ ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးပစ်ခတ်တာတွေ လုပ်ဆောင်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေညရှိတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က မောင်းသတင်းဌာနကို ပြောပါတယ်။ အောက်တိုဘာလ ၂၄ ရက် မနေ့က မနက်ပိုင်းကစလို့ ဇရပ်ကြီးအခြေစိုက် ခလရ ၇၃ တပ်ရင်းက ထွက်လာတဲ့ စစ်အုပ်စုတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ ထန်းတပင်မြို့နယ်၊ ဘုမ္မတီးကျေးရွာနား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက တစ်နေ့လုံး လက်နက်ကြီးပစ်ခတ်တာ၊ စက်တပ်လေထီးနဲ့ ဗုံးကြဲတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
Read More

ရန်ကုန် ပြန်လာချင်တဲ့ ရဲဘော်လူငယ်တွေရဲ့ လမ်းခရီးမှာ လက်နက်တပ်ဆင်ပေးဖို့ မျှော်လင့်ခြင်း ရန်ကုန်

ရန်ကုန်ကို ရောက်နိုင်ဖို့ မျှော်လင့်ချက်တွေနဲ့အတူ ရဲဘော်တွေကို လက်နက်​ပြည့် တပ်ဆင်ပေးနိုင်ဖို့ မျှော်လင့်ခြင်း ရန်ကုန်ဆိုတဲ့ ကမ်ပိန်းလုပ်ဆောင်နေကြောင်း ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိန်းက မောင်းကို ပြောပါတယ်။
Read More

ပေါ်တာဆွဲဖမ်းဆီးခံရပြီး စစ်သားဖြစ်လာသူ ၂ ဦး အလင်းဝင်ရောက်လာနိုင်ဖို့ Burma Revolution Rangers အဖွဲ့ သွားရောက်ခေါ်ဆောင်

အကြမ်းဖက်စစ်ကောင်စီရဲ့ ပေါ်တာဆွဲဖမ်းဆီးခြင်းခံရပြီး စစ်ကောင်စီတပ်သားဖြစ်လာသူ ၂ ယောက်ကို အလင်းဝင်ရောက်နိုင်ဖို့ သွားရောက်ခေါ်ဆောင်ပေးခဲ့ကြောင်း Burma Revolution Rangers က ထုတ်ပြန်ထားပါတယ်။
Read More

ပေါက်တွင် ပျူရွာကို လာသည့် စစ်ကြောင်း စောင့်ကြိုတိုက်ခိုက်ခံရပြီး ၅ ဦး သေ၊ ၈ ဦး ဒဏ်ရာရကာ ပြန်ဆုတ်သွား

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာအင်အား ၂၀၀နီးပါးနဲ့ ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ခုခံတိုက်ခိုက်ရာ စစ်ကော်မရှင်တပ်သား​တွေ ထိခိုက်သေဆုံးပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) ဗဟို သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။