မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မရဲစခန်းမှာ တာဝန်ကျနေတဲ့ ရဲတပ်သား၁ယောက် လက်နက်ကျည်ဆံတွေနဲ့အတူ အလင်းဝင်ရောက်လာကြောင်း Earthquake People’s Defence Force ထံက သိရပါတယ်။

အောက်တိုဘာ ၉ရက်၊ မနေ့က မနက်ပိုင်းမှာ ပခုက္ကူမြို့ပေါ်ရဲစခန်းထဲ တာဝန်ကျနေတဲ့ ရဲတပ်သား အောင်ဗိုလ်မင်း (အသက်၃၁ နှစ်) ဟာ အူစီအမျိုးအစားကျည်ဘောက်()ဘောက်နဲ့ 9mmကျည် အတောင့် (၁၀၀) တို့ကိုယူဆောင်ပြီး Earthquake People`s Defence Force ထံ အလင်းဝင်ရောက်လာတာ ဖြစ်ပါတယ်။

အလင်းဝင်ရောက်လာတဲ့ အောင်ဗိုလ်မင်းဟာ လုပ်သက် ၇နှစ်ရှိပြီဖြစ်တဲ့ ရဲတပ်သားတစ်ယောက်ဖြစ်သလို  Earthquake People`s Defence Force ထံ ဒုတိယအကြိမ်မြောက်ချိတ်ဆက်ပြီး အလင်းဝင်ရောက်လာတာလို့လည်း သိရပါတယ်။

Earthqauke People’s Defence Force ထံ အလင်းဝင်ရောက်လာတဲ့ ရဲတပ်သား အောင်ဗိုလ်မင်းကိုတွေ့ရစဥ် (ဓာတ်ပုံ Earthqauke People’s Defence Force)

သူကကျနော်တို့နဲ့ ချိတ်ဆက်ထားတာ ကြာပြီဗျ။ အရင်သူတာဝန်ကျခဲ့တဲ့ မုံရွာမှာတုန်းက ကျနော်တို့ဆီ အလက်(သေနတ်) နဲ့ ပြေးလာဖို့ကြိုးစားဖူးတယ်။ ဒါပေမယ့် ပခုက္ကူကို အပြောင်းခံလိုက်ရတယ်။ ၆လလောက်ကြာခဲ့ပြီလို့ ပြောရမယ်။ ဒီရောက်မှ ကျနော်တို့နဲ့ချိတ်ဆက်ပြီး အလင်းဝင်လာတာပါ။လို့ Earthquake People’s Defence Force အဖွဲ့ တာဝန်ရှိသူ ရဲဘော်အရှည်ကြီးက မောင်းကိုပြောပါတယ်။

သူကပဲ ဆက်လက်ပြီးအခုတော့ သူ့ကို အဆင်ပြေပြေ ကောင်းကောင်းမွန်မွန်နဲ့ စီစဉ်ထားပေးပါတယ်။ နောက်ပြီး ကျနော်တို့တပ်ဆီ အလင်းဝင်လာတာ ဒါပထမဆုံးလို့ပြောလို့ရပါတယ်။ ကျန်တဲ့သူတွေကိုလည်းဖြစ်နိုင်ရင် အမြန် အလင်းဝင်စေချင်ပါတယ်။ မတရားမှုအောက်မှာ တစ်မိနစ်တောင် မနေစေချင်ပါဘူး။ စနစ်ကိုမကြိုက်လို့ တော်လှန်နေတဲ့ ကျနော်တို့အနေနဲ့ စနစ်ကိုလည်ပတ်အောင် ပါဝင်သူတွေကိုလည်း အသက်ချမ်းသာပေးမှာ မဟုတ်ဘူးလို့ပြောချင်ပါတယ်လို့လည်း မောင်းကိုပြောပါတယ်။

ကျန်ရှိနေသေးတဲ့ ပခုက္ကူမြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ရဲတပ်သားတွေအနေနဲ့လည်း ပြည်သူလူထုအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ လူမဆန်စွာ လုပ်ဆောင်နေတဲ့ အကြမ်းဖက်စစ်တပ်အတွက် အသက်အသေမခံဘဲ အမြန်စွန့်ခွာပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေဆီ အလင်းဝင်လာဖို့ကိုလည်း Earthquake People’s Defence Force က တိုက်တွန်းထားပါတယ်။

Earthqauke People’s Defence Force ထံ အလင်းဝင်ရောက်လာတဲ့ ရဲတပ်သား အောင်ဗိုလ်မင်းကိုတွေ့ရစဥ် (ဓာတ်ပုံ Earthqauke People’s Defence Force)
0 Shares:
You May Also Like
Read More

ဒီပဲယင်းမြို့နယ် ပြည်သူ့အခြေပြုစာသင်ကျောင်းများမှာ လုံခြုံစွာ ပညာသင်ကြားနိုင်ရေးအတွက် ဒေသခံပညာရေးဝန်ထမ်းများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ ပြည်သူ့အခြေပြုစာသင်ကျောင်းတွေမှာ ကလေးငယ်တွေ လုံခြုံစွာ ပညာသင်ကြားနိုင်ရေးအတွက် ဒေသခံပညာရေးဝန်ထမ်းတွေ၊ ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူခရိုင်တွင် စစ်ကောင်စီ ရိက္ခာပို့စစ်ကြောင်းကြောင့် ဒေသခံ သောင်းနှင့်ချီ မိုးထဲရေထဲ တိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်မှာ အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်အုပ်စုကြောင့် လမ်းတစ်လျှောက်ကျေးရွာတွေက သောင်းနဲ့ချီတဲ့ အရပ်သားတွေ မိုးထဲရေထဲ တိမ်းရှောင်နေရကြောင်း သိရပါတယ်။
Read More

ကျောက်တံခါးရှိ သူဌေးကုန်းရွာ စစ်တပ်ကာကင်းစခန်းကို PDF နှင့် KNLA တို့ ဝင်ရောက်တိုက်ခိုက်၊ လက်နက်မချဘဲ ပြန်ခုခံသည့် စစ်သားအလောင်း ၅ လောင်းနှင့် လက်နက်တချို့ သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်က သူဌေးကုန်းရွာ စစ်ကောင်စီကာကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ချေမှုန်းရာမှာ စစ်ကောင်စီအလောင်း ၅ လောင်းနဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ Spring Warriors Column တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ကွတ်ခိုင်မြို့မှာ စစ်ကောင်စီတပ် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲမှုကြောင့် ကလေးငယ်တစ်ယောက်အပါ ဒေသခံ (၃) ယောက် သေဆုံး၊ (၁၃) ယောက် ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့၊ ရပ်ကွက် (၄)မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် တစ်ယောက်အပါအဝင် ဒေသခံ (၃) ယောက် သေဆုံးပြီး (၁၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ (၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၁) လုံးပျက်စီးခဲ့

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်တွေက သကျက်ကျေးရွာအုပ်စုအတွင်း စက်တင်ဘာလ ၁၁ ရက်မှာ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျွဲထိန်းကုန်းကျေးရွာအတွင်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာနေ ဒေသခံ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

ကျောက်မဲမြို့ပေါ်ကို စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ (၄) ဦး သေဆုံးပြီး (၄) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မတော် - TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ပေါ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၄ ယောက် သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က မနေ့က ထုတ်ပြန်ပါတယ်။