အကောင်ရေ ရာဂဏန်းလောက်သာရှိတော့တဲ့ ရှားပါးမျိုးစိတ် ဧရာ၀တီလင်းပိုင် သားအမိကို မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်းက သောင်တစ်ခုမှာ ရောက်ရှိနေလို့ ကယ်တင်ပေးခဲ့ကြောင်း  ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်ရေးအသင်း (BANCA) က ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ အလွန်ရှားပါးနေပြီဖြစ်တဲ့ ဧရာ၀တီလင်းပိုင် သားအမိကို ဘီးလင်းမြို့နယ်၊ ဇုက္ကလိကျေးရွာ အုပ်စု၊ ကျွန်းသာယာ အပြင်သောင်အတွင်း အောက်တိုဘာလ ၅ ရက်နေ့ ညနေပိုင်းလောက်မှာ စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

မျိုးတုန်းပျောက်ကွယ်သွားဖွယ်ရှိတဲ့ ဧရာ၀တီလင်းပိုင်သားအမိကို  ရေနက်ပြီးဘေးကင်းတဲ့နေရာဆီ ရွှေ့ပြောင်းပေးနိုင်ဖို့ BANCA အဖွဲ့ဝင်တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြုလုပ်ပေးခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။

ဧရာဝတီလင်းပိုင်သားအမိကို လှေနဲ့တင်ဆောင်ကာ ရေနက်ပြီး ဘေးကင်းတဲ့ နေရာမှာ ပြန်လွှတ်ပေးနိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

မုတ္တမပင်လယ်ကွေ့အတွင်း ဧရာ၀တီလင်းပိုင်တချို့ ကျက်စားနေထိုင်တယ်လို့ BANCA က လေ့လာတွေ့ရှိထားပေမယ့် အခုလိုမျိုး ဧရာ၀တီလင်းပိုင်တွေကို မတွေ့ရှိရတာ နှစ်ပေါင်း အတော်ကြာမြင့်နေပြီလို့လည်း ဆိုပါတယ်။

ဧရာ၀တီလင်းပိုင်တချို့ကို မန္တလေးတိုင်းအတွင်းမှာ ပြီးခဲ့တဲ့နှစ်က တွေ့ရှိမှုတချို့ရှိခဲ့ပါသေးတယ်။

ဧရာဝတီလင်းပိုင်မျိုးစိတ်ဟာ မုတ္တမပင်လယ်ကွေ့ အရှေ့ဘက်ကမ်း(မွန်ပြည်နယ်)နဲ့ မုတ္တမပင်လယ်ကွေ့အနောက်ဘက်ကမ်း(ပဲခူးတိုင်း၊ရန်ကုန်တိုင်း)တို့မှာလှည့်လည်ကျက်စားတတ်တဲ့ ပင်လယ်နေ နို့တိုက်သတ္တဝါမျိုးဖြစ်ပြီး မြန်မာနိုင်ငံမှာ အကောင်ရေ ရာဂဏန်းအောက်သာကျန်ရှိတော့တယ်လို့ BANCA က ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ – BANCA

0 Shares:
You May Also Like
Read More

ဝေါမှာ စစ်ကောင်စီတပ်တွေရှိတဲ့ ရေတံခါးဂိတ် တိုက်ခိုက်ခံရပြီး စစ်အုပ်စုဘက်က ၅ယောက်သေကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ ဝေါမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိနေတဲ့ ရေတံခါးဂိတ်ကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်သားနဲ့ ပျူ ၅ ယောက် သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ် ခလရ (၂၃၅) မှ အဓမ္မစစ်မှုထမ်း တပ်သား ၅ ဦး နွားထိုးကြီး PDF ဆီ လက်နက်နှင့်တကွ အလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် အခြေစိုက် အကြမ်းဖက်တပ်မ (၁၀၁) လက်အောက်ခံ တပ်ရင်းဖြစ်တဲ့ မြိုင်မြို့နယ်က အကြမ်းဖက် ခလရ (၂၃၅) တပ်ရင်းမှာ အဓမ္မစစ်သားစုဆောင်းခံထားရတဲ့ တပ်သား ၅ ယောက် လက်နက်တွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်း - Natogyi People Defence Force က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ပြည်သူနေအိမ်များအတွင်း ဝင်ရောက်တပ်စွဲထားသည့် ရွာကြီးအင်းရွာ စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရ၊ စစ်အုပ်စုများ ထွက်ပြေးသွားသည့်အတွက် လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်များကို တော်လှန်ရေးတပ်များ ရရှိ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ရွာကြီးအင်းရွာဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား၃ယောက် သေဆုံးပြီး စခန်းစွန့်ခွာထွက်ပြေးသွားတာကြောင့် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ Flacon Guerrilla Force တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စလင်းမြို့နယ်အတွင်း တပ်ပေါင်းစုအသွင်နှင့် စစ်ရေးဖော်ဆောင်မှုများ အပြန်အလှန်ထိန်းကျောင်းလုပ်ကိုင်သွားနိုင်ဖို့ မြေပြင်မဟာမိတ် ဖွဲ့စည်း

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း စစ်ရေးဖော်ဆောင်မှုတွေ အရှိန်မြှင့်လုပ်ဆောင်နိုင်ဖို့ တပ်ရင်းတပ်ဖွဲ့ ၆ ခုပူးပေါင်းပြီး မြေပြင်မဟာမိတ်အဖွဲ့အစည်းတစ်ခုကို လက်မှတ်ရေးထိုးဖွဲ့စည်းခဲ့တယ်လို့ ဒေါင်းစစ်အောင် LPDF အဖွဲ့တာဝန်ရှိသူ ကိုထူးလေးက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ရဲဘော် ရာဇာနှင့် ရဲဘော် သီဟလေး သင်သွားလိုရာကို လွတ်လပ်စွာ သွားနိုင်ပါပြီ

ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် (SF/SAF) က ရဲဘော် ရာဇာနဲ့ ရဲဘော် သီဟလေးတို့ဟာ တော်လှန်ရေးတာဝန်တွေ ထမ်းဆောင်ရင်း ရှေ့ဆင့်နောက်ဆင့်ပဲ ရဲဝင့်စွာ အသက်ပေးလှူသွားခဲ့တယ်လို့ သိရပါတယ်။
Read More

ထားဝယ်အခြေစိုက် စစ်ကောင်စီတပ်က ဒုတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာ…

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ (၂၇၃)တပ်ရင်းက ဒုတပ်ကြပ်တစ်ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း (၂) က ဒီနေ့ ထုတ်ပြန်ပါတယ်။