မကွေးတိုင်းအခြေစိုက်တဲ့ မြိုင်ပကဖ၊ ပေါက်ပကဖ ၊ ကမ္မ တပ်ပေါင်းစုတို့ ပူးပေါင်းပြီး စုဖွဲ့လေ့ကျင့်မှုသင်တန်း အပတ်စဉ် ၃ သင်တန်းဆင်း ရဲဘော်တွေကို လက်နက်တပ်ဆင်ပွဲအခမ်းအနား အောက်တိုဘာ ၉ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အခမ်းအနားမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်အလံ အလေးပြုခြင်း ၊ ရဲဘော်တွေကို အားပေးစကားပြောခြင်း ၊ စစ်ဖက် အရပ်ဖက် တာဝန်ရှိသူ အသီးသီးက လက်နက်တပ်ဆင်ပေးခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီအခမ်းအနားကို ပေါက် ၊ မြိုင် ၊ ကမ္မတပ် ပေါင်းစု တာဝန်ရှိသူတွေနဲ့ တပ်ရင်းတပ်ဖွဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
(ဓာတ်ပုံ မြိုင်-ပကဖ)