စစ်ဘေးကြောင့် ဘေးလွတ်ရာ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေ ဘေးကင်းလုံခြုံရေးအတွက် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က ရဲဘော်တွေဟာ နယ်မြေလုံခြုံရေး ကင်းလှည့် စစ်ဆေးခြင်းတွေ လုပ်ဆောင်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးကို ရည်ရွယ်ကာ နေ့ညမပြတ် လုံခြုံရေးတွေ ဆောင်ရွက်ပေးနေသလို အခြေအနေပေါ်မူတည်ပြီး နယ်မြေလုံခြုံရေးအတွက် ပတ်ကင်းထိုးခြင်းတွေကိုလည်း လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် မိုင်းရှင်းလင်းခြင်း၊ လယ်ယာလုပ်ငန်း လုပ်ကိုင်နိုင်ရေး ကင်းစောင့်ပေးခြင်း၊ ပျူစောထီးကျေးရွာတွေက ထွက်ပြေးလာသူတွေကို ကူညီကယ်ထုတ်ပေးခြင်း၊ ဆေးဝါးကုသပေးခြင်း စတာတွေကို ကူညီလုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

 

နယ်မြေလုံခြုံရေး ကင်းလှည့်စစ်ဆေးခြင်း ပြုလုပ်နေကြသည့် YPDF ရဲဘော်များ (ဓာတ်ပုံ YPDF)

0 Shares:
You May Also Like
Read More

တော်လှန်ရေးကာလ ၅နှစ်နီးပါး ရောက်လာချိန် တော်လှန်ရေးကျင့်ဝတ် ချိုးဖောက်မှုများ ရှိလာဟု ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား.. ဖက်ဆစ်စစ်တပ်၏ အမူအကျင့်များ ကူးစက်မခံရဖို့နှင့် တော်လှန်ရေးကိုယ်ခံအားကောင်းဖို့လိုကြောင်း သတိပေး..

“တော်လှန်ရေးအချိန်ကာလ ကြာမြှင့်လာတာနဲ့အမျှ တော်လှန်ရေးတာဝန်တွေကို ထမ်းရွက်ကြတဲ့အခါမှာ လုပ်ပိုင်ခွင့်၊ အာဏာနဲ့ ကိုင်စွဲထားတဲ့ လက်နက်တွေအပေါ်မှာ သာယာပြီး တချို့လည်း တော်လှန်ရေးကျင့်ဝတ်၊ စံနှုန်းတွေနဲ့ လွဲချော်လာတာကို တွေ့ရပါတယ်။ ကျနော်တို့ဟာ ပြည်သူလူထုက ပေးအပ်ထားတဲ့ တာဝန်တွေကို ထမ်းရွက်နေကြတာဖြစ်ပါတယ်။ ရာထူးအာဏာဆိုတာ တာဝန်အတွက်သာ ဖြစ်ပါတယ်။ အာဏာစည်းစိမ်အတွက် မဟုတ်ပါဘူးဆိုတာ သတိချပ်ဖို့ လိုအပ်ပါတယ်” လို့ ဆိုပါတယ်။
Read More

ဆောထိမြို့နယ်တွင် စစ်အုပ်စု တရက်အတွင်း ၁၂ ကြိမ် လေကြောင်းတိုက်ခိုက်ကာ ပေါင် ၅၀၀ ဗုံး ၂၄ လုံး ကြဲချ၊ မိန်းကလေးငယ် ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ်ကို အကြမ်းဖက်စစ်တပ်က တရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၂ ကြိမ် ပြုလုပ်ခဲ့တာကြောင့် မိန်းကလေးငယ် ၁ယောက် သေဆုံးကာ ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ပါတယ်။
Read More

ကြာအင်းဆိပ်ကြီးမှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ရဟန်း ၂ ပါးအပါ ၁၀ ဦး ဒဏ်ရာရ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးပြီး ရဟန်း ၂ ပါးအပါအဝင် ၁၀ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ နဂါးနီစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်း ဘုရားပေါ်ဖိနပ်စီးတက်ရောက်ခဲ့ဟု တပ်ချုပ်ရုံး ဝက်ဘ်ဆိုက်မှာ ဖော်ပြ

စစ်ကောင်စီရဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းဟာ ဘုရားပေါ်ကို ဖိနပ်စီးတက်ရောက်ခဲ့တဲ့အပေါ်  တပ်ချုပ်ရုံးရဲ့ ဝက်ဆိုက်မှာ ဖော်ပြရာကတဆင့် ပြည်သူတွေ သိရှိခဲ့ရပါတယ်။
Read More

ဒေသစွဲ စိတ်ကိုဖျောက်ပြီး နိုင်ငံရဲ့ ဘယ်နေရာမှာမဆို တော်လှန်ရေးအတွက် ထမ်းဆောင်ဖို့ အသင့်ရှိရမယ်လို့  NUG ယာယီသမ္မတ ပြော

တစ်နိုင်ငံလုံး စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ဖို့  မိမိတို့ဒေသ စွဲစိတ်ကို ဖျောက်ပြီး နိုင်ငံရဲ့ ဘယ်နေရာမှာမဆို တာဝန်ထမ်းဆောင်ဖို့ တော်လှန်ရေးတပ်တွေ အသင့်ရှိရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ယာယီသမ္မတ ဒူဝါလရှီးလ က ပြောကြားလိုက်ပါတယ်။
Read More

KNDF ဗျူဟာ အမှတ် (၁) တပ်ရင်းအမှတ် (၃) ၏ တပ်ဗိုလ်၊ တပ်မှူးများ ပြန်လည်ရွှေးချယ်တင်မြှောက်ခြင်း အခမ်းအနား (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ရဲ့ စစ်ဗျူဟာ အမှတ် (၁) တပ်ရင်းအမှတ်(၃)က တပ်ဗိုလ် ၊ တပ်မှူးတွေ ပြန်လည်ရွှေးချယ်တင်မြှောက်ခြင်း အခမ်းအနားကို အောက်တိုဘာ ၁၄ ရက်က ကျင်းပပြုလုပ်ခဲ့တယ်လို့ KNDF ဖယ်ခုံဇုန်က ဒီနေ့ ထုတ်ပြန်ပါတယ်။