အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယခင် အရပ်သားအစိုးရလက်ထက်က ဆောင်ရွက်ခဲ့တဲ့ ရန်ကုန်မြို့က စီမံကိန်းတွေကို အခုရက်ပိုင်းအတွင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လုပ်ဆောင်တဲ့ ပုံစံမျိုးနဲ့ ဝါဒဖြန့် ပြောဆိုမှုတချို့ ရှိလာပါတယ်။

အခုရက်ပိုင်းအတွင်း ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်က ဂျပန်ချေးငွေနဲ့ ကြိုတင်မှာယူထားတဲ့ ရထားတွဲဆိုင်းတွေကို အဝေးပြေးနဲ့ မြို့ပတ်လမ်းကြောင်းတွေမှာ ပြေးဆွဲဖို့ ပြင်ဆင်နေချိန်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လာရောက်ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။

မင်းအောင်လှိုင်သွားရောက်ကြည့်ရှုခဲ့တဲ့  မြန်မာ့မီးရထားလုပ်ငန်းအတွင်း ဂျပန်နိုင်ငံက ချေးငွေရရှိနေတဲ့ ရန်ကုန်မန္တလေးရထားလမ်းပိုင်းစီမံကိန်းဟာ လက်ရှိ အာဏာသိမ်းမှုဖြစ်စဉ်တွေကြောင့် ဂျပန်အစိုးရက ရုတ်တရက် ရပ်နားထားလိုက်ပြီး  ရန်ကုန်မန္တလေး ရထားလမ်းပိုင်း အဆင်မြှင့်တင်ခြင်း စီမံကိန်းကလည်း ရပ်နားသွားရပြီဖြစ်ပါတယ်။

ဒါ့အပြင်  အရပ်သားအစိုးရလက်ထက်မှာ ကိုရီးယားနိုင်ငံက တာဝန်ယူတည်ဆောက်ပေးနေတဲ့ ရန်ကုန်ဒလ မြစ်ကူးတံတားစီမံကိန်းကိုလည်း မင်းအောင်လှိုင် သွားရောက်ကြည့်ရှုကာ အမြန်ဆုံးပြီးစီးအောင်တည်ဆောက်ဖို့ ညွှန်ကြားခဲ့တယ်လို့  စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။

အောက်တိုဘာလ ၈ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်နဲ့ပြည်သူ့ဥယျာဉ် အတွင်းက နှစ်ပေါင်း ၃၇ နှစ်ကျော်လာပြီဖြစ်တဲ့   နက္ခတ်တာရာပြခန်းကို မင်းအောင်လှိုင်က သွားရောက်ကြည့်ရှုခဲ့ပြီး အာကာသပြခန်းအဖြစ် အဆင့်မြှင့်တင်မှုလုပ်ဆောင်နေခြင်းတွေကို ညွှန်ကြားခဲ့တယ်လို့လည်း ဆိုပါတယ်။

(ဓာတ်ပုံ SAC)

အဲလိုအဆင့်မြှင့်တင်ခြင်း လုပ်ငန်းဟာလည်း ပြီးခဲ့တဲ့ အရပ်သား အစိုးရလက်ထက်ထဲက တိုင်းဒေသကြီးလွှတ်တော်အတွင်း ပြည်သူ တင်မြှောက်ထားတဲ့ကိုယ်စားလှယ်တွေက တင်ပြထားတဲ့ အစီအစဉ်တွေပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ လဆန်းပိုင်းမှာလည်း အရပ်သားအစိုးရလက်ထက်က စတင်ကာ ဂျပန်နိုင်ငံက တည်ဆောက်ပေးတဲ့ ရန်ကုန်သန်လျင် ဒုတိယမြောက် တံတား ဖွင့်ပွဲကိုလည်း မင်းအောင်လှိုင်က တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသေးတယ်။ 

မင်းအောင်လှိုင်တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ၂လအကြာမှာတော့ ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို သံတမန်အဆင့်မှာ တစ်ဆင့်နှိမ့် ဆက်ဆံဖို့ သံရုံးယာယီကိုယ်စားလှယ်သာ ထားရှိတော့မှာဖြစ်ကြောင်း ထုတ်ပြန်လာပါတယ်။

ပြည်သူ့ဝင်ငွေတွေနဲ့တည်ဆောက်ခဲ့တဲ့ရန်ကုန်မြို့ကကမာရွတ်မြို့နယ်စိုက်ပျိုးရေးမှတ်တိုင်အနီးကပထမဆုံးမြေအောက်ဥမှင်လှိုဏ်ခေါင်းဖွင့်ပွဲတုန်းကလည်းမင်းအောင်လှိုင်ကမျက်နှာပြောင်တိုက်ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသေးတယ်။

အရပ်သားအစိုးရလက်ထက်က ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို အကောင်းဆုံး အုတ်မြစ်ချ လုပ်ဆောင်ပေးခဲ့တာတွေ လက်ရှိအချိန်မှာ ပြီးစီးလာတဲ့အခါ မင်းအောင်လှိုင်က သူတို့ အာဏာသိမ်းစစ်တပ်ကပဲ လုပ်ဆောင်ခဲ့သလို ပုံစံနဲ့ စိတ်တိုင်းကျ နေရာယူ အလှူ့လက်ဖက်နဲ့ မျက်နှာလုပ်နေခြင်းပဲ ဖြစ်ပါတယ်။

တကယ်တမ်းလက်တွေ့မှာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်သူအတွက် စေတနာထား လုပ်ဆောင်ပေးခဲ့တဲ့ အရပ်သားအစိုးရရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကို မတရားဖမ်းဆီးအကျဉ်းချကာ တိုင်းပြည်ကို ဖျက်ဆီးနေတာပဲ ဖြစ်ပါတယ်။

(ဓာတ်ပုံ SAC)
0 Shares:
You May Also Like
Read More

ကျောက်တော်မြို့ပေါ်ကို စစ်ကောင်စီ ၂ ရက်ဆက် လေကြောင်း ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၈ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်ရှိ ရက္ခိုင့်တပ်တော် AA ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့ပေါ်ရှိ လူနေထူထပ်တဲ့ ရပ်ကွက်တွေအတွင်း အကြမ်းဖက်စစ်ကောင်စီက ၂ ရက်ဆက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၈ ယောက် သေဆုံးပြီး ၁၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ AA က ထုတ်ပြန်ပါတယ်။
Read More

မုံရွာမြို့ ရေဦးဆန်ဆိုင်ဂိတ်ကို တော်လှန်ရေးအဖွဲ့များ အလစ်အငိုက်ဝင်ပစ်၊ စစ်ဗိုလ်နှင့် ရဲအရာရှိအပါ ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်က အကြမ်းဖက်စစ်အုပ်စုတွေရှိနေတဲ့ ရေဦးဆန်ဆိုင်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှုမှာ အရာရှိတွေအပါအဝင် စစ်ကောင်စီတပ်သား ၄ယောက် သေဆုံးခဲ့ကြောင်း Gue Gue PSF စစ်ကြောင်း (မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့) တာဝန်ခံ ဂူးဂူးက မောင်းကိုပြောပါတယ်။
Read More

ကျိုက်ထို မုပ္ပလင်ဂိတ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ စစ်သား ၃ ဦး သေ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်စစ်ဆေးရေးဂိတ်ကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ယောက် သေဆုံးပြီး ၅ယောက် အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF) က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

မန်းရွှေစက်တော်ဘုရားအနီး သွားလာမှုတွေ မပြုလုပ်ဖို့ မင်းဘူးခရိုင် PDF တပ်ရင်း သတိပေး

စစ်ကောင်စီက ပြည်သူတွေကို အကြမ်းဖက် ဖမ်းဆီးမှုတွေရှိနေတာကြောင့် မန်းရွှေစက်တော်ဘုရားအနီးကို ပြည်သူတွေ လာရောက်ခြင်းမပြုဖို့ ပြည်သူ့ကာကွယ်‌ရေးတပ်မတော် မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းက သတိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

KNDF တပ်ရင်း ၁၅ မှ ရဲဘော်များ၏ ရှေ့တန်းစစ်ဆင်ရေးပုံရိပ်များ… (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အမှတ်(၁၅)တပ်ရင်းအနေနဲ့ ရှေ့တန်းစစ်ဆင်ရေးတွေမှာ ပါဝင်လှုပ်ရှားနေတဲ့ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။ KNDF အမှတ်(၁၅)တပ်ရင်းအနေနဲ့ အခြားတော်လှန်ရေးတပ်တွေနဲ့အတူ နေ့စဉ်နအမျှ အကြမ်းဖက်စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
Read More

စစ်ကောင်စီကို လေယာဉ်ဆီအပါအဝင် လေယာဉ်အစိတ်အပိုင်းနဲ့ နည်းပညာတွေ တင်သွင်းမှု စောင့်ကြည့်နိုင်တဲ့ ယန္တရားထူထောင်ပြီး ထိရောက်တဲ့ အရေးယူမှုတွေလုပ်ဖို့ တောင်းဆိုတိုက်တွန်း

မြန်မာနိုင်ငံကိုတင်သွင်းမယ့် လေယာဉ်ဆီတွေကို စောင့်ကြည့်နိုင်တဲ့ ယန္တရားတစ်ခု ထူထောင်ပြီး ထိရောက်တဲ့ စိစစ်မှုတွေပြုလုပ်ဖို့ သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့က ဒီနေ့ ဇန်နဝါရီ ၁၀ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။