မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဗုံးပစ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီအတွက် သန်းခေါင်စာရင်း ကောက်ယူပေးသူတွေကိုလည်း ပြင်းပြင်းထန်ထန်အရေးယူသွားဖို့ရှိတယ်လို့ Myingyan Black Tiger (MBT) အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

အောက်တိုဘာလ ၆ရက်၊ ညပိုင်းက မြင်းခြံမြို့နယ်၊ ရဲသင်တန်းကျောင်းတောင်ဘက်မှာရှိတဲ့ စစ်ကောင်စီရဲ့ ထွေအုပ်ရုံးကို Myingyan Black Tiger (MBT) တပ်ဖွဲ့ဝင်တွေက လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

လက်ပစ်ဗုံးက ၁လုံးတည်း ပစ်ခဲ့တာပါ။ သူတို့ကင်းစောင့်နေတဲ့နားကို ကျလို့  ၂ယောက်ထိသွားပါတယ်။ ထိသွားတဲ့ ၁ယောက်ကို ချက်ချင်းပဲ ကားအောက်ထဲ ဆွဲသွင်းသွားပါတယ်လို့ Myingyan Black Tiger (MBT)အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကိုပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်ယူပေးကြမယ့် စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေကိုလည်း ပြင်းပြင်းထန်ထန် အရေးယူသွားဖို့ရှိတယ်လို့ ဆိုပါတယ်။

လက်တလောမှာ ကျနော်တို့အနေနဲ့ တရားဝင်စာမထုတ်ရသေးလို့ မပြောသေးပေမယ့် စာထုတ်ပြီးရင်တော့ ထိထိရောက်ရောက် တွေ့ရင်တွေ့တဲ့နေရာမှာ အရေးယူသွားဖို့ရှိပါတယ်။လို့  (MBT)အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

Myingyan Black Tiger (MBT) တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ MBT)

ပြီးခဲ့တဲ့ သြဂုတ်လ ၁၀ရက်ကစလို့ မြင်းခြံခရိုင်အတွင်းက နွားထိုးကြီး၊ မြင်းခြံ၊ တောင်သာစတဲ့ မြို့နယ်တွေမှာ မြင်းခြံခရိုင်အထူးစစ်ဆင်ရေး(MDSO) အဖြစ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက စစ်အုပ်စုအထိုင်ချရာစခန်းတွေကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့အတွက် စစ်ကောင်စီယန္တရားတွေ ရပ်တန့်ခဲ့ပါတယ်။

မြို့ပေါ်စစ်ဆင်ရေးတွေကြောင့် စစ်အုပ်စုလက်အောက်ခံဝန်ထမ်းအများစုဟာ ရန်ကုန်မြင်းခြံလမ်းပေါ်ကအမှတ်၁သံမဏိစက်ရုံဝန်းထဲဝင်ရောက်ပြောင်းရွှေ့နေထိုင်နေကြတာလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်အုပ်စုက မြင်းခြံမြို့ပေါ် စစ်ယန္တရားပြန်လည်တည်ဆောက်နေပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကလည်း အမှတ်၁ သံမဏိစက်ရုံမကျစေရေးအတွက် အလိုရှိနေတယ်လို့လည်း သိရပါတယ်။

စစ်အုပ်စုကတော့ မြင်းခြံမှာ ယန္တရားပြန်တည်ဆောက်နေတာပေါ့။ သိသလောက်ဆို မင်းအောင်လှိုင်က မြင်းခြံကျရင်ကျပါစေ၊ သံမဏိစက်ရုံမကျရင်ပြီးရောဆိုတဲ့ ပုံစံရှိနေတယ်ပေါ့နော်။ အင်အားလည်း ၅၀၀လောက် အဲ့အထဲရှိနေပါတယ်လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။

0 Shares:
You May Also Like
Read More

၇ ယောက် သေဆုံးခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စု ဥက္ကံကျေးရွာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်ကို NUG လူ့အခွင့်အရေးဝန်ကြီးဌာန ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ် ဥက္ကံကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက စက်တင်ဘာလ (၃၀)ရက် နေ့လယ်ပိုင်းမှာ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့ ဖြစ်ရပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

မင်းကွန်းတွင် စစ်ကြောင်းထိုးမီးရှို့ခဲ့သည့် စစ်ကောင်စီတပ်သားများအနက် မူးယစ်ဆေး အလွန်အကျွံ သုံးစွဲသူများပါဝင်

"အရှင် ဖမ်းမိတဲ့ သုံ့ပန်းတွေရဲ့ ထွက်ဆိုချက်အရဆို တပ်ထဲမှာ မူးယစ်ဆေးက လိုရင် လိုသလောက် ရတယ်တဲ့။ နယ်မြေရှင်းလင်းဝင်တော့ ရှေ့တန်းပွိုင့်ရဲ့ နေရာတိုင်းလိုလိုမှာ အပ်တွေတွေ့ရတယ်။ အလွန်အကျွံ သုံးကြတာပါ။ ရှေ့တန်းမှာတောင် ဒီလောက်တွေ့ရရင် နောက်တန်းမှာဆို ဒီထက်ပိုဆိုးနိုင်တယ်" လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ယောက်က မောင်းကိုပြောပါတယ်။
Read More

ကျောက်ဖြူစီမံကိန်းအနာဂတ် အာရက္ခတပ်တော် AA ၏ လက်ထဲတွင် ရှိနေပြီဟု ဆို

ကျောက်ဖြူစီမံကိန်းရဲ့ အနာဂတ်ဟာ အာရက္ခတပ်တော် AA ရဲ့ လက်ထဲမှာ ရှိနေပြီလို့ ရခိုင် ရေနံစောင့်ကြည့်ရေးအဖွဲ့ (Arakan Oil Watch) ရဲ့ အစီရင်ခံစာမှာ ဖော်ပြလာပါတယ်။
Read More

စစ်ရေးတင်းမာနေမှုများကြောင့် သရက်-ကံမလမ်းပိုင်း အသုံးပြုခွင့် ပြည်သူ့ကာကွယ်ရေးဘက်မှ ပိတ်ပင်ထား

မကွေးတိုင်း၊ သရက်ခရိုင်အတွင်းက သရက်-ကံမ လမ်းပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ စစ်ရေးအခြေအနေတင်းမာနေတာကြောင့် လမ်းပိုင်းအသုံးပြုခွင့်ကို ပိတ်ပင်ထားတယ်လို့ သရက်ခရိုင် အမှတ်(၄) တပ်ရင်း သတင်းတာဝန်ရှိသူ ကိုမြတ်က မောင်းကိုပြောပါတယ်။
Read More

ဝက်လက်မြို့နယ်အရှေ့ခြမ်းတွင် ဒီဇင်ဘာတစ်လအတွင်း စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု (၁၄) ကြိမ်ထိ ပြုလုပ်ခဲ့

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု (၁၄) ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တယ်လို့ သံဃာတော်တွေအပါအဝင် အရပ်သားပြည်သူ ဒါဇင်နဲ့ချီ သေဆုံးခဲ့ရတယ်လို့ Wetlet Information Network ကဒီနေ့ ဇန်နဝါရီ ၁ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီရဲ့ တပ်မဟာ (၁) က ၆ လပတ်အစည်းအဝေးနဲ့ တပ်တွင်းစည်းလုံးရေး ဘောလုံးပြိုင်ပွဲ ပြုလုပ်

ချင်းပြည်နယ်အခြေစိုက် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ - မတူပီ၊ တပ်မဟာ-၁ (ဆီနိုင်းတပ်ရင်း) က ၆ လပတ်အစည်းအဝေးနဲ့ တပ်တွင်းစည်းလုံးရေးအတွက် ဆီနိုင်းတိုက်နယ် ဘောလုံးပြိုင်ပွဲကို နိုဝင်ဘာလ ၄ ရက်နဲ့ ၅ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။