စစ်ကိုင်းတိုင်း၊ ရေဦးနယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၆လသား ကလေးငယ်အပါအဝင် ၃ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သိရပါတယ်။
မနေ့က အောက်တိုဘာ ၈ ရက်၊ ညနေပိုင်းမှာ မိတ္ထီလာရှမ်းတဲကနေ တက်လာတဲ့ MiG-29 လေယာဉ်နဲ့ ရေဦးနယ်အနောက်ခြမ်းက တင်းတိမ်ရံကျေးရွာကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ၆လသားအရွယ် ကလေးငယ် ၁ယောက်နဲ့ မိခင်ဖြစ်သူ အမျိုးသမီး ၁ယောက်၊ ၆နှစ်အရွယ် ကလေးငယ် ၁ယောက်၊ စုစုပေါင်း ၃ယောက် သေဆုံးခဲ့ပြီး ၂ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။
“ဗုံးက ၁လုံးတည်းပဲ ကြဲသွားတာ။ ပေါင် ၅၀၀ ဗုံးဖြစ်ဖို့များတယ်။ နေအိမ်ပျက်စီးမှုတွေလည်းရှိနေတယ်။ နေအိမ်ပျက်စီးမှုကိုတော့ အတည်မပြုနိုင်သေးဘူး။” လို့ ရေဦးမြို့နယ်အခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က မောင်းကို ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ရက်နေ့ကလည်း တံတားဦးလေတပ်ကနေ တက်လာတဲ့ YAK-130 ဖိုက်တာနဲ့ ဒီပဲယင်းမြို့နယ်နဲ့ တင်းတိမ်ရွာ ဈေးအနီးက ဘုရားကုန်းကို ပေါင် ၅၀၀ တစ်လုံးစီ ကြဲချ တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။
ကိုထူးခန့်ဇော်က ဆက်လက်ပြီး “ဒီနေ့နဲ့ဆို အကြောင်းမဲ့ ဗုံးကြဲသတ်ဖြတ်တာ တင်းတိမ်ရံရွာကို ၂ကြိမ်ရှိပြီ။ ၂ကြိမ်တိုက်ခိုက်မှုမှာ စုစုပေါင်း ပြည်သူ ကလေးငယ်၂ဦး ၊ ကလေးမိခင် ၁ဦး အပါအဝင် ၄ဦးသေဆုံးထားပြီးဖြစ်တယ်။ ထိခိုက်ဒဏ်ရာရရှိသူက ၄ဦးထက်မနည်းရှိထားပါတယ်။” လို့ ဆိုပါတယ်။
လက်ရှိမှာတော့ တင်းတိမ်ရံရွာက ရွာခံတွေကတော့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုရန်ကို စိုးရိမ်တာကြောင့် ရွာမှာမနေရဲတော့ဘဲ စစ်ရှောင်နေရကာ စစ်ရှောင်ဦးရေမှာ ထောင်ချီရှိနေပြီလို့ သိရပါတယ်။
ဓာတ်ပုံ- ထူးခန့်ဇော် (အမေ့သား)
0 Shares:
You May Also Like
Read More

KNDF ဆေးသင်တန်းက ဆေးတပ်သား ရဲဘော် ၁၈ ယောက် သင်တန်းချိန်မှာ ရေထဲမျောပါ သေဆုံးခဲ့တဲ့ ဖြစ်ရပ်က စစ်ဆေးတွေ့ရှိချက် KNDF ထုတ်ပြန်

ကရင်နီပြည်မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ရဲ့ ဆေးသင်တန်းက ဆေးတပ်သား ရဲဘော် ၁၈ ယောက် ရေထဲမျောပါ သေဆုံးခဲ့တာဟာ ကြိုတင် ပြင်ဆင်မှု အလုံးစုံမရှိခြင်း၊ ဘေးအန္တရာယ်တွေ တွက်ချက်မှု ပေါ့ဆခြင်းနဲ့ စီမံခန့်ခွဲမှုတွေ ပေါ့လျော့မှုတွေကြောင့်ဖြစ်တယ်လို့ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာကို KNDF က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

တိုက်ပွဲပြင်းထန်နေတဲ့ ပုလဲမှာ စစ်တပ်ရဲ့လေကြောင်းရန်ကြောင့် အရပ်သား တစ်သောင်းနီးပါး စစ်ဘေးရှောင်နေရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေရာ အရပ်သား ၁သောင်းနီးပါး စစ်ဘေးတိမ်းရှောင်နေရကြောင်း စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ရက်ထံက သိရပါတယ်။
Read More

Southern Eagle PDF က ရဲဘော်တွေရဲ့ သီတင်းကျွတ်ကာလ ဖြတ်သန်းမှု ပုံရိပ်များ… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ Southern Eagle PDF က ရဲဘော်တွေ သီတင်းကျွတ်အခါသမယကို ဆင်နွှဲနေတဲ့ မြင်ကွင်းတွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

အကြမ်းဖက်တဲ့ တောင်းဆိုမှုတွေကို လိုက်လျောမှာ မဟုတ်ဘူးဟု စစ်ရှုံးနေသည့် အကြမ်းဖက် မင်းအောင်လှိုင် ဆိုပြန်

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လက်နက်ကိုင် အကြမ်းဖက်ပြီး တောင်းဆိုမှုတွေကို လိုက်လျော ဖြေရှင်းပေးမှာ မဟုတ်ဘူးလို့ အာဏာသိမ်းစစ်ခေါင်းဆောင်  မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစုဝင်အဖြစ် ရဲအောင်သန်း အာဇာနည်နေ့ တက်ရောက်လာမှုကို ဒေါ်အောင်ဆန်းစုကြည်၏သား ကိုထိန်လင်း (ခ) ကင်မ်အဲရစ်က တရားဝင် ကန့်ကွက်

ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာ ပြုလုပ်ခဲ့တဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိသားစုဝင် ဆိုပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ တူတော်စပ်သူ ရဲအောင်သန်းဆိုသူ တက်ရောက်ခဲ့တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း(ခ) ကင်မ်အဲရစ်က လူမှုကွန်ရက်ကတဆင့် မနေ့က တရားဝင် ကန့်ကွက်ထားပါတယ်။
Read More

ပြည်သူနေအိမ်များအတွင်း ဝင်ရောက်တပ်စွဲထားသည့် ရွာကြီးအင်းရွာ စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရ၊ စစ်အုပ်စုများ ထွက်ပြေးသွားသည့်အတွက် လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်များကို တော်လှန်ရေးတပ်များ ရရှိ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ရွာကြီးအင်းရွာဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား၃ယောက် သေဆုံးပြီး စခန်းစွန့်ခွာထွက်ပြေးသွားတာကြောင့် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ Flacon Guerrilla Force တာဝန်ရှိသူက မောင်းကို ပြောပါတယ်။