ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် – PRF ကနေ ထောက်ပို့တပ်သားတွေရဲ့ တာဝန်ထမ်းဆောင်ငွေတွေကို PDF ရဲဘော်တွေရဲ့ စားနပ်ရိက္ခာနဲ့ အထွေထွေ အသုံးစရိတ်အတွက် အဓိက အသုံးပြုပြီး အကြိမ်အရေအတွက်အလိုက် ပို့ဆောင်ပေးလျက်ရှိကြောင်း ဖော်ပြထားခဲ့ပြီး ဖြစ်ပါတယ်။ PDF ရဲဘော်တွေဆီကနေလည်း လက်ခံရရှိကြောင်းကို ရုပ်သံနဲ့ဖြစ်စေ ၊ စာနဲ့ဖြစ်စေ ပြန်လည်ပေးပို့တာကြောင့် ပြည်သူများ သိရှိစေဖို့ လူမှုကွန်ရက်မှာ ပြန်လည်ဖော်ပြခဲ့၊ ဖော်ပြလျက် ရှိပါတယ်။ မကြာခင်မှာလည်း စာရင်းဇယားနဲ့ ထပ်မံဖော်ပြပေးဦးမှာ ဖြစ်ပါတယ်။

အခုတခါကတော့ ရိက္ခာအလွယ်တကူမရရှိနိုင်တဲ့ ရှေ့တန်းတွေအတွက် PRF ကနေ ရိက္ခာခြောက်တွေကိုလည်း ထောက်ပို့လျက်ရှိတဲ့အကြောင်း ဖော်ပြလိုပါတယ်။ ယခုရုပ်သံကတော့ တောင်ပိုင်းတိုင်း စစ်ဒေသ အမှတ် () စစ်ဒေသခွဲကနေ ပြန်လည်ပေးပို့လာခဲ့တဲ့ ရုပ်သံဖြစ်ပါတယ်။

ရှေ့တန်းက ရဲဘော်တွေအတွက် ဒီရိက္ခာခြောက် အိတ်မှာ ပါတဲ့ sticker စာသားလေးကထောက်ပို့တပ်သားအားလုံးရဲ့ရင်ထဲကစကားနဲ့ထပ်တူညီမယ်လို့ကျိန်းသေယုံကြည်ပါတယ်။

“PRF ထောက်ပို့တပ်သားတွေ အတူရုန်းထားတဲ့ ထောက်ပို့ရိက္ခာဖြစ်လို့ ရဲဘော်တို့အတွက် အားအင်ခွန်အားဖြစ်မယ်လို့ ယုံကြည်ပါတယ်။ အမြဲတမ်းအတူရှိနေပါတယ်

#PRF4PDF

လာပါငါတို့အတူတူရုန်းမယ်။

ထောက်ပို့တပ်သားအဖြစ် တာဝန်ထမ်းဆောင်လိုပါက

PRF – People’s Revolution Supply Family (Facebook Page)

 

0 Shares:
You May Also Like
Read More

ပခုက္ကူမြို့နယ် ဘုန်းကံရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် ဘုန်းကံရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းညီနောင် PKU တပ်ဖွဲ့ထံက သိရပါတယ်။
Read More

အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်လာသည့် စစ်ယာဉ်တန်းကို မုံရွာ-မန္တလေးလမ်းပိုင်းမှာ စောင့်ကြိုတိုက်ခိုက်၊ သံပြားကာယာဉ် ၁ စီး ပျက်စီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ သံပြားကာယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ သံပြားကာယာဉ် ၁ စီး ပျက်စီးခဲ့တယ်လို့ Black Eagle Defence Force - MMU က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တိုက်ပွဲတခုအတွင်းမှာ လက်နက်ချခဲ့တဲ့ တပ်စုမှူး ဗိုလ်ကြီး ဘုန်းပြည့်နိုင်

''ကျွန်တော်တို့က လူဆိုတာ တစ်ကိုယ်တည်းသမားမဟုတ်ဘူးလေ။ ကျွန်တော်က လူပျိုဆိုပေမယ့် အခြားအိမ်ထောင်သည်တွေပါမယ်၊ ကလေးရှိတဲ့ ရဲမေတွေပါမယ်။ တကယ်လို ကျွန်တော်က လက်နက်မချဘူးကွ မင်းတို့ အသေခံတိုက်လို့ ပြောလိုက်တဲ့အချိန်မှာ သူတို့ယောကျ်ားသားတွေ ဆုံးသွားခဲ့ရင် ကျသွားခဲ့ရင် ဒုက္ခရောက်မယ့် မိသားစုတွေ အများကြီးရှိတယ်ဗျ။ ကျွန်တော်တို့အနေ နဲ့ သစ္စာဖောက်တယ်လည်း ပြောလို့မရဘူးလေ။ လူက ကိုယ်အတွက် အကောင်းဆုံးထင်တာကို လုပ်မှာပဲလေ။ ဒါကြောင့် ကျွန်တော်တို့က သစ္စာဖောက်တယ်လို့တော့ မဟုတ်ဘူးပေါ့"
Read More

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် Rဇာနည်၏ မွေးနေ့ဆုတောင်းစကား (ရုပ်/သံ)

မကြာခင် အသက် ၈၀ ပြည့်မြောက်တော့မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် တော်လှန်အနုပညာရှင် အဆိုတော် R ဇာနည်က အသက်ရှည်ကျန်းမာပြီး အချုပ်အနှောင်ကနေ အမြန်ဆုံးလွတ်မြောက်ပါစေကြောင်း ‌မွေးနေ့ဆုတောင်းစကား မ ပြောကြားခဲ့ပါတယ်။
Read More

ရွှေဂူနီဘုရားတွင် အထိုင်ချထားသော စစ်ကော်မရှင်တပ်သားများထံ ရိက္ခာလာပို့သည့်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အတွင်း အင်အား ၁၀၀ ခန့်ရှိတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကော်မရှင်လက်အောက်ခံ ရှမ်းနီတပ် (SNA) ၏ ဂျန်မာတင်ယာဉ်ကို KIA ပူးပေါင်းတပ် သိမ်းဆည်းရရှိ (ရုပ်/သံ)

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မိုင်းနောင်ကျေးရွာရှိ စစ်ကော်မရှင်တပ်နဲ့ သူ့လက်အောက်ခံ ရှမ်းနီတပ်စခန်းကို KIA ပူးပေါင်းတပ်တွေ တိုက်ခိုက်စဉ် ဂျန်မာတင်ယာဉ် ၁ စီးကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။