စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ညောင်ပင်စောက်ရပ်ကွက်အတွင်း သန်းခေါင်စာရင်းလိုက်ကောက်တဲ့ အကြမ်းဖက်စစ်တပ်၊ ရဲ၊ ထွေအုပ်ဝန်ထမ်းတွေနဲ့ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ထမ်းတချို့ မိုင်းဆွဲတိုက်ခိုက်ခံရပြီး အကြမ်းဖက် ရဲ၂ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၈ရက် မနက် ၁၀ နာရီကျော်လောက်က လူအင်အား အများအပြားနဲ့ သန်းခေါင်စာရင်းလိုက်ကောက်နေတဲ့ စစ်ကောင်စီအဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

သန်းခေါင်စာရင်းလာကောက်တာက အင်အားအများကြီးပဲ။ သူတို့ သန်းခေါင်စာရင်းတောင် မကောက်ရသေးဘူး။ မိုင်းခွဲတိုက်ခိုက်ခံရလို့ ရဲ၂ယောက်သေပြီး အများအပြား ထိခိုက်ဒဏ်ရာတွေ ရသွားကြတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က မောင်းကိုပြောပါတယ်။

မိုင်းခွဲတိုက်ခိုက်ခံရလို့ ဒဏ်ရာရတဲ့သူတွေနဲ့ သေတဲ့သူတွေကို အရပ်ကားတွေနဲ့ မုံရွာဆေးရုံကြီးကိုပြန်သယ်သွားတယ်။ မိုင်းက ပဒေသာမိုင်းအမျိုးအစာဆိုတော့ အတွဲလိုက်ခွဲခံရတော့ ထိခိုက်မှုများနိုင်တယ်လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။

ဒီမိုင်းဆွဲတိုက်ခိုက်မှုကို ဘာမထီတော်လှန်ရေးတပ်ဖွဲ့နဲ့ Idiots Column တော်လှန်ရေးတပ်ဖွဲ့တို့ ပူးပေါင်းပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်ပေးနေတဲ့ ဝန်ထမ်းတချို့ (ဓာတ်ပုံ SAC)
0 Shares:
You May Also Like
Read More

မတ္တရာစစ်ရှောင်စခန်းကို လေကြောင်းတိုက်ခိုက်မှု ဂုဏ်သိက္ခာကင်းမဲ့တဲ့ တိုက်ခိုက်မှုဟု MDY-PDF ရှုတ်ချ

မန္တလေးတိုင်း၊ မတ္တရာမြို့က စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဟာ ဂုဏ်သိက္ခာကင်းမဲ့တဲ့ စစ်ရာဇဝတ်မှုကိုပြောင်‌ပြောင်တင်းတင်း ကျူးလွန်လိုက်ခြင်းဖြစ်ကြောင်း မန္တလေး PDF က မနေ့က အောက်တိုဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ရေတာရှည်နယ် နှင့် တွံတေးနယ်ရှိ နေအိမ်များကိုအုပ်ချုပ်ရေးမှူးမှ အလံထောင်ထားခိုင်းထားပြီး မလိုက်နာ သူများကို ငွေးကြေးကောက်ခံ

အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူး နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက ရေတာရှည်မြို့နယ် နဲ့ တွံတေးမြို့နယ်က နေအိမ်တွေကို မြန်မာအနိုင်ငံတော်အလံတွေထောင်ထားခိုင်း တယ်လို့ နယ်မြေခံတွေဆီက သိရပါတယ်။
Read More

မန္တလေးမြို့ ရွှေဘုန်းရှိန်ဗလီမှာ ဝတ်ပြုနေချိန် ငလျင်လှုပ်လို့ ပြိုကျပြီး လူအသေအပျောက်များ

မန္တလေးတိုင်း၊ ရွှေဘုန်းရှိန်ဗလီမှာ အစ္စလာမ်ဘာသာဝင်တွေ ဝတ်ပြုနေချိန် ငလျင်လှုပ်ခတ်ကာ ပြိုကျပျက်စီးခဲ့မှုကြောင့် လူအသေအပျောက်များတယ်လို့ သိရပါတယ်။
Read More

NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဇန်နဝါရီလအတွင်း ကျပ်ငွေ (၉၁၈.၂၃) သန်းကို အကူအညီလိုအပ်နေသူတွေအတွက် ပံ့ပိုးနိုင်ခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ - NUG ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဇန်နဝါရီလအတွင်း  အမှန်တကယ် အကူအညီလိုအပ်နေသူတွေကို ကျပ် (၉၁၈.၂၃) သန်း ပံ့ပိုးကူညီပေးနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျိုက်ထိုမှာ စစ်ကောင်စီ တပ်မ ၄၄ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၁ ယောက် ဒဏ်ရာရ၊ ငွေကျပ် ၆၅ သိန်း၊ ရွှေ ၇ ပဲနဲ့ အိမ်အသုံးအဆောင်တွေ မီးလောင်ပျက်စီး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် ၄၄ ခြေမြန်တပ်မဌာနချုပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ငွေကျပ် ၆၅ သိန်း၊ ရွှေ ၇ ပဲနဲ့ အိမ်အသုံးအဆောင်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေးမြို့နယ်ထဲကို စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၇ဦး သေဆုံးဟုဆို

မွန်ပြည်နယ်၊ ရေးမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကော်မရှင်တပ်သား ၇ ဦး သေဆုံးခဲ့တယ်လို့ တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်ကနေ သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့မှ၊ နေ့လယ် ၁ နာရီ အချိန်မှာ အင်အား ၁၅၀ခန့်နဲ့ ရေးမြို့နယ်၊ ပဒေါင်းကျေးရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်တာဖြစ်ပြီး အဲဒီတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်တွေဘက်မှ ၃ဦးသေဆုံးကာ ၂ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။