မန္တလေးတိုင်း၊ မိုးကုတ်မြို့က ပြည်သူတွေဆီကို မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စီစဉ်ပံ့ပိုးမှုနဲ့ စစ်သတင်းလွှာတွေ  ဖြန့်ဝေနေတယ်လို့ ပကဖအသံက သတင်းဖော်ပြထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့  စိုးမိုးနယ်မြေတွေအတွင်းမှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာကြောင့် စိုးမိုးနယ်မြေအတွင်းရှိ  ဒေသခံပြည်သူတွေဆီ တော်လှန်ရေးနဲ့ပတ်သက်တဲ့ ဖြစ်ပေါ်တိုးတက်နေမှုတွေကို အချိန်နဲ့တစ်ပြေးညီ သိရှိဖို့လိုအပ်တာကြောင့် သတင်းအချက်အလက်တွေ ပုံမှန်ရရှိနိုင်စေဖို့ စစ်သတင်းလွှာကို အပတ်စဥ် ထုတ်ဝေဖြန့်ချီနေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ စစ်သတင်းလွှာကို မိုးကုတ်မြို့နယ်က ပြည်သူတွေဆီ အပတ်စဉ် အဆောင်ရေ နှစ်ရာခန့် စတင်ဖြန့်ဝေနေတယ်လို့ သိရပါတယ်။

(ဓာတ်ပုံ ပကဖအသံ)

0 Shares:
You May Also Like
Read More

ဆင်ဖြူကျွန်းက စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ပြီးပြန်လာတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကို ပြည်သူတွေကြိုဆို

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့အနီးက စစ်ကောင်စီအခြေစိုက်တပ်စွဲရာနေရာကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ မိုးကြိုးပြောက်ကျားတပ်ဖွဲ့ အမှတ် (၁၀၁) တပ်ရင်းကို ပြည်သူတွေက ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူခရိုင်အတွင်း တပ်ဖွဲ့ ၅ ဖွဲ့က ရဲဘော်များပါဝင်သည့် ပခုက္ကူခရိုင်Local တပ်ရင်းစုဖွဲ့မှု အပတ်စဥ် ( ၁ ) သင်တန်းဆင်းပွဲ ပြုလုပ်

မကွေးတိုင်း၊ ပခုက္ကူခရိုင် အတွင်း တော်လှန်ရေးတပ်တွေ စိုးမိုးနယ်မြေတစ်နေရာမှာ ဧပြီလ ၂၅ရက်က ပခုက္ကူခရိုင် Local တပ်ရင်းစုဖွဲ့မှု အပတ်စဥ် ( ၁ ) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ Earthquake People's Defence Force က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ပေါင်(၂၅၀) ဗုံး ၂ လုံး ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နောင်ချိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင်(၂၅၀) ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က မနေ့က ထုတ်ပြန်ပါတယ်။
Read More

နေပြည်တော် ပကဖထံ ပြည်သူ့ကာကွယ်ရေး ထောက်ပံ့တပ်စု (CSC-Japan) လာရောက်တွေ့ဆုံ ထောက်ပံ့ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်တိုင်းစစ်ဌာနလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - နေပြည်တော် (ပကဖ) ကို ပြည်သူ့ကာကွယ်ရေး ထောက်ပံ့တပ်စု (CSC-Japan) က လာရောက်တွေ့ဆုံပြီး ထောက်ပံ့ခဲ့တယ်လို့ နေပြည်တော် ပကဖ က ထုတ်ပြန်ပါတယ်။
Read More

ပကဖရုံးချုပ်၊ ပြည်သူ့ရေးရာတာဝန်ခံ ဦးမောင်မောင်ဆွေက ပကဖများသည် စစ်ကောင်စီတပ် ချေမှုန်းသုတ်သင်နိုင်ရေးနှင့် ပြည်သူများကို ကူညီကာကွယ်စောင့်ရှောက်နိုင်ရေး အမြဲအသင့် ရှိစေဖို့ တိုက်တွန်း…

အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့( ပကဖ) ရုံးချုပ်က ပြည်သူ့ရေးရာတာဝန်ခံ ဦးမောင်မောင်ဆွေက ပကဖ တွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ် ချေမှုန်းသုတ်သင်နိုင်ရေးနဲ့ ပြည်သူတွေကို ကူညီကာကွယ်စောင့်ရှောက်နိုင်ရေးတို့အတွက် အမြဲအသင့် ရှိစေဖို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။
Read More

ဒီပဲယင်းတွင် ဘုန်းကြီးကျောင်းကို စစ်တပ် ဗုံးကြဲတိုက်ခိုက်၊ ကိုရင်ကြီးနှင့် ကပ္ပိယ ၂ ဦးအပါ ၅ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးကျေးရွာက မိုးကောင်းဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ကိုရင်ကြီး ၁ ပါးနဲ့ ကပ္ပိယ ၂ ယောက်အပါအဝင် ၅ ယောက် သေဆုံးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။