တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ အရှေ့ဘန်လောရွာနဲ့ အနောက်ဘန်လောရွာတို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားအမျိုးသမီး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း () က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်က အရှေ့ဘန်လောရွာနဲ့ အနောက်ဘန်လောရွာတို့ကို အောက်တိုဘာ ၈ ရက် မနေ့က မနက်ပိုင်းမှာ ဒရုန်းနဲ့ အကြိမ်ကြိမ် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

အကြမ်းဖက်စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အနောက်ဘန်လောရွာက အသက် ၅၀ အရွယ်ခန့်ရှိ ဒေသခံအမျိုးသမီးတစ်ယောက် ထိခိုက်ဒါဏ်ရာ အနည်းငယ်ရရှိခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ အခုလိုမျိုး ပြည်သူတွေ နေထိုင်ရာကျေးရွာတွေကို အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကြောင့် ကျေးရွာနေ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေတယ်လို့ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း () က ထုတ်ပြန်ထားပါတယ်။

(ဓာတ်ပုံ မြိတ်ခရိုင်၊ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း_၁)
0 Shares:
You May Also Like
Read More

မာနယ်ပလောကို KNLA ၊ KNDO ဦးဆောင်မှုနဲ့ ပူးပေါင်းတပ်တွေ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ Federal Wings တရားဝင်ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ်နေရာဟောင်းရှိရာ မာနယ်ပလောစခန်းကို KNLA ၊ KNDO ဦးဆောင်မှုနဲ့ ပူးပေါင်းတပ်တွေ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ Federal Wings ဒရုန်းတပ်ဖွဲ့က ဓာတ်ပုံတွေနဲ့အတူ တရားဝင်ထုတ်ပြန်လာပါတယ်။
Read More

နောင်ချိုမြို့နယ်၊ ဆင်းရွှေလီသကြားစက်ရုံမှာ စစ်ကောင်စီတပ် ဗုံးကြဲမှုကြောင့် အမျိုးသား (၁) ယောက် ထိမှန်သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာ၊ အင်းဝိုင်းအမှတ်(၃) ဆင်းရွှေလီသကြားစက်ရုံမှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲမှုကြောင့် အမျိုးသား (၁) ယောက် ထိမှန်သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ရွှေကုက္ကိုလ်ကျားဖြန့်မှ သုံးရက်အတွင်း နိုင်ငံခြားသား ၁၀၀၀ ကျော် ဖမ်းဖိဟု ကျားဖြန့်တိုက်ဖျက်ရေး ဟန်ပြလုပ်နေသည့် စစ်အုပ်စု ထုတ်ပြန်

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မှာရှိတဲ့ အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းတွေကို ဝင်ရောက်ရှင်းလင်းရာ သုံးရက်အတွင်း နိုင်ငံခြားသား ၁၀၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းရမိခဲ့တယ်လို့ အကြမ်းဖက်စစ်အုပ်စုက ထုတ်ပြန်ပါတယ်။
Read More

ပျူရွာက ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ရာ ၅ ယောက်သေပြီး စစ်ကြောင်းတစ်ခုလုံး ရွာထဲပြန်ပြေး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်း ပျူစောထီးရွာက ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၅ ယောက် သေဆုံးခဲ့တယ်လို့ လျှပ်စီးမုန်တိုင်းပြောက်ကျားတပ်ဖွဲ့ - ပလိုင်း ပကဖ က ထုတ်ပြန်ပါတယ်။
Read More

ရေဦးမြို့အဝင်က စစ်တပ်ဂိတ်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်…

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိနေတဲ့ မြို့အဝင်ဂိတ်ကိုလက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရာ ထိခိုက်မှုသေဆုံးမူတွေရှိနိုင်ကြောင်း Wolf Guerrilla LDF Ye.U Air Force အဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံရဲဘော်မဲလုံး က မောင်းကိုပြောပါတယ်။
Read More

အိုးဘိုထောင်တွင် ထိခိုက်ဒဏ်ရာ အပြင်းအထန်ရထားသည့် အကျဉ်းသားများကို စစ်ကောင်စီ ဆေးကုခွင့် ကန့်သတ်ထား

ငလျင်ဒဏ်ကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်ထားတဲ့ မန္တလေး အိုးဘိုထောင်က အကျဥ်းသား၊သူတွေကို စစ်ကောင်စီက ဆေးကုသခွင့် ကန့်သတ်ထား​ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့တာဝန်ရှိသူ ကိုသိုက်ထွန်းဦး က မောင်းကို ပြောပါတယ်။