ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) ဟာ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ မြန်မာ့အရေး တံခါးပိတ်အစည်းအဝေးမှာ တက်ရောက်ခဲ့ကြောင်း RCSS က ဒီနေ့ အောက်တိုဘာ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ ထိပ်တန်းသံတမန်တွေရဲ့  မြန်မာ့အရေးဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ အဖွဲ့တွေထဲကနေ RCSS က ပထမဆုံး ထုတ်ပြန်ပြောဆိုတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။

စစ်ကောင်စီနဲ့  NCA မှာ လက်မှတ်ရေးထိုးထားတဲ့ RCSS အဖွဲ့က အစည်းအဝေးမှာ ဆွေးနွေးခဲ့တဲ့ အချက်တွေကိုတော့ ထုတ်ပြန်ပြောဆိုခြင်းမရှိပါဘူး။

RCSS အဖွဲ့ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲ မရှိသလောက် နည်းပါးတဲ့ ရှမ်းတော်လှန်ရေးအင်အားစု အဖွဲ့အစည်းတစ်ခုပဲ ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ အောက်တိုဘာ ၃ ရက်ကနေ  ၅ ရက်အထိ ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေးဆွေးနွေးပွဲကို တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအစုအဖွဲ့တွေ အများစု တက်ရောက်ခဲ့တယ်လို့လည်း RCSS ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆွေးနွေးပွဲကို NUG နဲ့ လက်ရှိစစ်ကောင်စီကို တော်လှန်နေတဲ့ အဖွဲ့အစည်းတချို့ တက်ရောက်ခဲ့ပေမယ့် လက်ရှိအချိန်အထိတော့ အတည်မပြုနိုင်သေးပါဘူး။ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တခြားသောတော်လှန်ရေးအင်အားစုတွေကလည်း တရားဝင် ထုတ်ပြန်လာခြင်း မရှိသေးပါဘူး။

အင်ဒိုနီးရှားက မြန်မာ့အရေးဆွေးနွေးပွဲဟာ အာဆီယံအစည်းအဝေးမကျင်းပမီ ရက်ပိုင်းအလိုမှာ ရုတ်တရက်ကျင်းပခဲ့တာဖြစ်ပြီး နိုင်ငံတကာက ထိပ်သီးသံတမန်တချို့ တံခါးပိတ်အစည်းအဝေးမှာ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် နိုင်ငံတကာ ထိပ်တန်းသံတမန်တွေ၏ မြန်မာ့အရေး ဆွေးနွေးပွဲအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့က တွေ့ရစဉ်။ (Tai Freedom – Shan Version Facebook စာမျက်နှာမှ ဓာတ်ပုံ)
0 Shares:
You May Also Like
Read More

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲကို အားပေးထောက်ခံခြင်းမပြုလုပ်ဖို့ နိုင်ငံတကာကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ချုပ် တောင်းဆို

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို အားပေးထောက်ခံခြင်းမပြုလုပ်ဖို့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ချုပ် (FIDH) က နိုင်ငံတကာကို တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
Read More

နယူးယောက်မြို့ရှိ ကုလသမဂ္ဂအထွေထွေအဖွဲ့ချုပ်ရုံးရှေ့မှ ၃၇ နှစ်မြောက် ၈၈၈၈ အရေးတော်ပုံ အထိမ်းအမှတ်အကြို ၈၈၈၈ ထီးသပိတ်လှုပ်ရှားမှု (ဓာတ်ပုံသတင်း)

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂအထွေထွေအဖွဲ့ချုပ်ရုံး (UN Secretariat) ရှေ့မှာ အမေရိကန်ရောက် မြန်မာလူမျိုးတွေက ၃၇ နှစ်မြောက် ၈၈၈၈ အရေးတော်ပုံ အထိမ်းအမှတ်အကြို ၈၈၈၈ ထီးသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်လူထုသပိတ်က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ထိုင်းတွင် မြန်မာလုပ်သား လူငယ်တစ်ဦး ကြိတ်စက်ထဲ ပါသွားပြီး တစ်စစီဖြစ်ကာ အသက်ဆုံးရှုံး

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်မှာရှိတဲ့ ဖော့ကြိတ်စက်ရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ မြန်မာလူငယ် အလုပ်သမားတစ်ယောက် ကြိတ်စက်ထဲ မတော်တဆ ပါသွားကာ ခန္ဓာကိုယ်တစ်စစီဖြစ်ပြီး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများနှင့် အကြမ်းဖက်မှုများကြောင့် ဆိုးရွားနေသည့် မြန်မာနိုင်ငံ၏ အခြေအနေများကို မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ရှင်းလင်းတင်ပြခဲ့

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ (၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ ညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို တက်ရောက်နေတဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် ဆိုးရွားနေတဲ့ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေကို ရှင်းလင်းတင်ပြခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ပါတယ်။
Read More

ထိုင်းနှင့် ကမ္ဘောဒီးယား ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံပြီးနောက် အပစ်ရပ်ရေး သဘောတူညီမှု ရရှိ

မလေးရှားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယား တွေ့ဆုံဆွေးနွေးမှုကနေ ချက်ချင်းအပစ်ရပ်ရေး သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

‘ကျွန်တော့မေမေ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်မြောက်စေရန်၊ ပြည်သူများကို ကာကွယ်ပေးရန် (ဖိနှိပ်သူများအားမဟုတ်ပဲ) အကျိုးသက်ရောက်သော ပြုပြင်ပြောင်းလဲမှုများကို အတူတကွ ဆောင်ရွက်ရန် အာဆီယံအဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များထံ ကိုထိန်လင်း တောင်းဆို (ရုပ်သံ)

'ကျွန်တော့မေမေ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်မြောက်စေရန်၊ ပြည်သူများကို ကာကွယ်ပေးရန် (ဖိနှိပ်သူများအားမဟုတ်ပဲ) အကျိုးသက်ရောက်သော ပြုပြင်ပြောင်းလဲမှုများကို အတူတကွ ဆောင်ရွက်ရန် တောင်းဆိုချင်ပါတယ်''လို့ အာဆီယံအဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များထံ ကိုထိန်လင်းက တောင်းဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို အကြမ်းဖက်မှု (သို့မဟုတ်) အတုအယောင် ရွေးကောက်ပွဲများနဲ့ မဖြေရှင်းနိုင်ကြောင်း ထပ်မံအတည်ပြုပေးခဲ့တဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကိုလည်း ကျေးဇူး တင်တယ်လို့ ကိုထိန်လင်းက ပြောကြားခဲ့ပါတယ်။