မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ (NMSP-AD) ထံကို မွန်အမျိုးသားလွတ်မြောက်ရေးတပ် (MNLA) အမှတ် ၅ တပ်ရင်းတစ်ရင်းလုံး လာရောက်ပူးပေါင်းခဲ့တယ်လို့ NMSP-AD ရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၆ရက်နေ့မှာ မွန်ပြည်သစ်ပါတီလက်အောက်ခံ ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူဒေသ အခြေစိုက်တဲ့ MNLA အမှတ်( ) တပ်ရင်း၊ တပ်ရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံး NMSP-AD ထံလာရောက်ပူးပေါင်းခဲ့တာဖြစ်ပါတယ်။

အောက်တိုဘာ ၆ ရက်နေ့မှာ လာပေါင်းတာ မှန်ပါတယ်။ တပ်ရင်းတစ်ရင်းလုံးပါပဲ။ ကျန်တာတွေတော့ ပြောလို့ မရသေးပါဘူး။လို့ NMSP-AD ရဲ့ပြောရေးဆိုခွင့်ရှိသူနိုင်ဗညားမွန်ကမောင်းကိုပြောပါတယ်။

လက်ရှိမှာတော့ MNLA အမှတ် () တပ်ရင်းဟာမွန်ပြည်သစ်ပါတီဗဟိုကနေလုံးဝခွဲထွက်ပြီးစစ်အာဏာရှင်ကိုတော်လှန်နေတဲ့မွန်ပြည်သစ်ပါတီစစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ထံပူးပေါင်းလာတာပဲဖြစ်ပါတယ်။

NMSP-AD အဖွဲ့ကလည်း စစ်ကောင်စီရဲ့  NCA လမ်းကြောင်းကို လက်မခံတာကြောင့် စစ်အာဏာရှင်ကို တိုက်ဖျက်ဖို့ဆိုပြီး ယခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ မိခင်ပါတီ NMSP ကနေခွဲထွက်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ NMSP-AD ဟာ မွန်ဒေသအတွင်းက တခြားသော တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းကာ စစ်အာဏာရှင်တော်လှန်ရေးမှာ ပါဝင်လျက်ရှိနေပါတယ်။

(ဓာတ်ပုံ NMSP-AD)
0 Shares:
You May Also Like
Read More

စက်တင်ဘာ လဝက်အတွင်း KNU တပ်မဟာ (၅) နယ်မြေမှာ တိုက်ပွဲပေါင်း ၆၀ ကျော်ဖြစ်ပွါးပြီး စစ်ကောင်စီတပ်သား ၁၈ ယောက်သေ

KNU တပ်မဟာ (၅) ထိန်းချုပ်ရာ ဖာပွန်ခရိုင်မှာ စက်တင်ဘာလဝက်အတွင်း စစ်ကောင်စီနဲ့ တိုက်ပွဲပေါင်း ၆၃ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU က အသိပေး ထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲများ နီးကပ်နေသည့် ကျောက်ဖြူ၊ စစ်တွေမှာ တက္ကသိုလ်ဝင် စာမေးပွဲ ကျင်းပမည်၊ လာရောက်ဖြေဆိုသူများကို ဆိုလာမီးအိမ်ပေးမည် ဟု စစ်ကောင်စီ စည်ရုံး

ရခိုင်ပြည်နယ်မှာ ဒေသတစ်ခုလုံးရဲ့ ၈၀ ရာခိုင်နှုန်းကို လက်လွှတ်ထားရတဲ့ အာဏာသိမ်းစစ်ကောင်စီဟာ သူတို့ထိန်းချုပ်ထားနိုင်တဲ့ မြို့နယ် ၃ ခုမှာသာ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနိုင်တော့မှာဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီထိန်းချုပ်ထားတဲ့ ပြည်နယ်အစိုးရက ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ခရီးသည်တင်ယာဥ် တိမ်းမှောက်လို့ ၂ ယောက်သေဆုံးပြီး ၁၂ ယောက် ဒဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၅၄/၀) မှာ ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ပြီး ယာဥ်ပေါ်ပါ ခရီးသည် ၂ ယောက် သေဆုံးကာ ၁၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဖာပွန်က ခေါပုတ်တပ်စခန်းကို အပြီးသတ် သိမ်းပိုက်ထိန်းချုပ်နိုင်ကြောင်း တောင်ပိုင်းစစ်ဒေသက တရား၀င် ထုတ်ပြန်

ဖာပွန်မြို့နယ်အတွင်းက စစ်ကောင်စီရဲ့ ခေါပုတ်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်ရရှိခဲ့မှုအတွကိ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသက အသိပေးထုတ်ပြန်ပါတယ်။
Read More

စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ပွဲဝင်ရင်း ရွှေဘိုခရိုင် တပ်ရင်း ၂၆ မှ ရဲဘော် ရန်နိုင်စိုး ကျဆုံး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင် အမှတ် (၂၆) တပ်ရင်းက ရဲဘော် ရန်နိုင်စိုး (ခ) ဇော်ဖြိုးဝေဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တဲ့အတွက် အဆိုပါ တပ်ရင်းက နိုဝင်ဘာ ၂ ရက်မှာ အမိန့်ပြန်တမ်း ထုတ်လိုက်ပါတယ်။
Read More

ဖားဆောင်းမြို့တိုက်ပွဲအတွင်း KPLA- B 626 တပ်ခွဲ (၁) မှ ရဲဘော်တစ်ဦး ကျဆုံး

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး/ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ ဗဟိုစစ်၊ တပ်ရင်းအမှတ် ၆၂၆ (KPLA- B 626) တပ်ခွဲ (၁) က ရဲဘော် သော်ဇေယံဟာ ဖားဆောင်းမြို့တိုက်ပွဲမှာ ကျဆုံးခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။