မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့မရဲစခန်းက ရဲတပ်ကြပ်ကြီးတစ်ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ မြိုင်ပကဖကနေသတင်းထုတ်ပြန်ထားပါတယ်။

မနေ့‌ကအောက်တိုဘာ၇ရက်၊နေ့လည်ပိုင်းမှာမြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံကိုအဲဒီရဲတပ်ကြပ်ကြီးကချိတ်ဆက်ကာအလင်းဝင်ရောက်လာတာဖြစ်ပါတယ်။

ရဲတပ်ကြပ်ကြီး ကိုကျော်လင်း (လ ၂၇၂၅၁၈) (သ ၃၃) ဟာ G4 သေနတ် () လက်၊ ကျည်ဘောက် () ဘောက်၊ G4 ကျည် (၂၄၈) တောင့်၊ ခြောက်လုံးပြူးသေနတ် () လက်၊ ခြောက်လုံးပြူးကျည် (၁၅) တောင့်၊ လက်ပစ်ဗုံးသီး () လုံးစတဲ့ပစ္စည်းတွေကိုသယ်ဆောင်လာခဲ့ကာအလင်းဝင်ရောက်လာတယ်လို့သိရပါတယ်။

မြိုင်ပကဖကမြို့ပေါ် စခန်းအသီးသီးမှ စစ်ကောင်စီ ဘက်တော်သားများအနေဖြင့် ပြည်သူလူထုအပေါ် လူမဆန်ပဲ ရက်စက်စွာ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျှက်ရှိသော အကြမ်းဖက်စစ်တပ်အား အမြန်စွန့်ခွာ၍ အသက်အသေမခံဘဲ ပြည်သူ့ရင်ခွင်သို့ ပူးပေါင်းပါက ဆုကြေးငွေနှင့်အတူ မိသားစုများရှိရာသို့ ပို့ဆောင်ပေးမည်လို့လည်းသတင်းထုတ်ပြန်ထားပါတယ်။

(ဓာတ်ပုံ မြိုင်ပကဖ)

0 Shares:
You May Also Like
Read More

ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာသည့် စစ်အမြန်ရေယာဥ်တစီး  ကြားဖြတ်တိိုက်ခိုက်ခံရပြီး နှစ်ဦး သေဆုံးကာ အများအပြား ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ အကြမ်းဖက်အမြန်ရေယာဥ်တစီးကို အသင့်စောင့်ကြိုတိုက်ခိုက်ရာ ၂ ယောက် သေဆုံးပြီး အများအပြားဒဏ်ရာရသွားတယ်လို့ ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေတပ် (Salingyi) တပ်ဖွဲ့ တာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

မော်လမြိုင်က တောင်ဝိုင်းတောင် ဖြိုတာကို ဝေဖန်သော ဘုန်းကြီးအား စစ်တပ်က နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားအောင် လှုံ့ဆော်သည်ဟုဆိုကာ လူဝတ်လဲအမှုဖွင့်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့က ဇေတဝန်ကျောင်းတိုက် သာသနာနွယ်ဖောင်ဒေးရှင်းဆရာတော် ဦးစန္ဒာဇောတိ အပါအဝင် ၃ ဦးကို စစ်တပ်က ဖမ်းဆီးထားပြီး ဆရာတော်ကို လူဝတ်လဲကာ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားအောင် လှုံ့ဆော်မှုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့၊ ညနေပိုင်းမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဆရာတော် သီတင်းသုံးရာ ဘုန်းကြီးကျောင်းကို လာရောက်ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး အဲဒီကထဲက အဆက်အသွယ် ပြတ်နေတာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
Read More

ဆက်ကြေးကောက်နေသည့် အကြမ်းဖက်စစ်သားများကို ဝင်ပစ်ရင်း နတ်ဆိုးတပ်ရင်းမှ ရဲဘော်၃ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်မှာ ဆက်ကြေးကောင်ငွေညှစ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို သွားရောက်ပစ်ခတ်တိုက်ခိုက်ရင်း တပ်ဖွဲ့ဝင် ၃ယောက်ကျဆုံးခဲ့ရကြောင်း မုံရွာခရိုင် အမှတ် (၂၂) နတ်ဆိုးတပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

သားဖြစ်သူကို ရှေ့တန်းပို့လိုက်ပြီ ပြောလို့ မိခင် သေဆုံး၊ စစ်မှုထမ်း ပေါ်တာဆွဲခံထားရတဲ့ သားဖြစ်သူ မိခင်နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရ

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

အဓမ္မစစ်သားစုဆောင်းခံရသော လူငယ်များ နီးစပ်ရာ တော်လှန်ရေးအဖွဲ့တွေထံ အမြန်ဆုံး ဘက်ပြောင်းခိုလှုံဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာန တိုက်တွန်း

အကြမ်းဖက်စစ်ကောင်စီရဲ့ အဓမ္မစစ်သားစုဆောင်းခြင်းခံရသူတွေ အခုရက်ပိုင်းအတွင်း ရှေ့တန်းစစ်မျက်နှာတွေမှာ ထိခိုက်သေဆုံးမှု များပြားလာကြောင့် စစ်မှုထမ်းဆင်း လူငယ်တွေ နီးစပ်ရာ တော်လှန်ရေးအဖွဲ့အစည်းတွေထံ အမြန်ဆုံး ဘက်ပြောင်းခိုလှုံဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားပါတယ်။
Read More

မအူပင်မှာ တော်လှန်ရေးတပ်ဖွဲ့များနဲ့ ပတ်သက်သည်ဟု စွပ်စွဲဖမ်းဆီးခံထားရသူများထဲက ၇ ယောက် စစ်မှုထမ်းပို့ဆောင်ခံရ

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခံရသူတွေထဲကနေ လူငယ် ၇ယောက်ကို အကြမ်းဖက်စစ်တပ်က စစ်သင်တန်းကျောင်းကိုပို့ဆောင်လိုက်ကြောင်း စစ်တပ်နဲ့နီးစပ်တဲ့သူတွေထံက သိရပါတယ်။