မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်ကန်ပျူစခန်းကို အောက်တိုဘာ ၇ ရက် မနက်ပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ထံက သိရပါတယ်။

ကျောက်ကန်ပျူစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်နေချိန် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (အနောက်မြောက်စစ်‌ဒေသ)နဲ့မဟာမိတ်အင်အားစုတွေပူးပေါင်းပြီးစစ်ကူလာတဲ့အကြမ်းဖက်စစ်တပ်ခြေလျင်စစ်ကြောင်းနဲ့လက်နက်ကြီးပစ်ကူပေးနေတဲ့ကျောက်ပြုတ်ကျေးရွာမြောက်အထွက်ကုန်းဘုရားကုန်းမှာအထိုင်ချထားတဲ့အကြမ်းဖက်စစ်တပ်စခန်းကိုလည်းတိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။

ပျူစခန်းကို နေ့လည်ပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေ အပြီးသတ်သိမ်းယူနိုင်ခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရရှိခဲ့ပါတယ်။ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးအများအပြားသေခဲ့သလို အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းပစ်ခတ်မှုကြောင့် ပြည်သူ ၂ ယောက်သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီစခန်းသိမ်းစစ်ဆင်ရေးကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်အနောက်မြောက်စစ်ဒေသ(အမှတ် ၈၁၅ တပ်ဖွဲ့)၊ရဲခေါင်ပြောက်ကျားတပ်ဖွဲ့(PLA) Myingyan Black Tiger တပ်ရင်း၊​​ ရွှေခြံသားတပ်ဖွဲ့၊ မြင်းခြံခရိုင်အမှတ်(၁၊၂၊၃၊၄၊၇)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါ တယ်။

0 Shares:
You May Also Like
Read More

ဝက်လက်မြို့နယ်အတွင်း Y-12 လေယာဉ် ဗုံးကြဲမှုကြောင့် ပြည်သူ ၁၅ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အရှေ့ဘက်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်ရဲ့ Y-12 လေယာဉ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၅ ယောက် သေဆုံးခဲ့တယ်လို့ Wetlet Informational Network က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စလင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်၊ စစ်သား ၄ ယောက်သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ (ရုပ်/သံ)

မကွေးတိုင်း မင်းဘူးခရိုင် စလင်းမြို့နယ် ဆုပ်လေဦးလေးဆုံမှာ ဘန်ကာအခိုင်အမာနဲ့ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သား၊ ရဲနဲ့ ပျူစောထီးတွေကို နိုဝင်ဘာ ၁၅ ရက် မနက်ပိုင်းမှာ တော်လှန်ရေး ပူးပေါင်းတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းစစ်အောင်အဖွဲ့ထံက သိရပါတယ်။
Read More

ဗန်းမော်တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ရဲဘော်နိုင်းနိုင်း၏ မိဘနှစ်ပါးထံ ကျန်ရစ်ရဲဘော်များ သွားရောက်ဂါရဝပြု (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ ယင်းမာပင်ခရိုင် တပ်ရင်း၂၈ (ဓားမဆိုင်းတပ်မတော်) တပ်ခွဲမှူး ရဲဘော်နိုင်းနိုင်းရဲ့ မိဘတွေကို အဆိုပါ တပ်ရင်း ရဲဘော်တွေက သွားရောက်ဂါရဝပြုခဲ့ကြပါတယ်။
Read More

မိုးညှင်း(K-PDF) မှ လမ်းပိုင်းလုံခြုံ‌ရေး စစ်ဆေးရေးပြုလုပ် (ရုပ်/သံ)

စစ်ကောင်စီရဲ့ အများပြည်သူသုံးလမ်းတွေကို အသုံးပြုပြီး လက်နက်ပစ္စည်းသယ်‌ဆောင်တာ၊ သွားလာ လှုပ်ရှားတွေ မပြုလုပ်နိုင်ဖို့ မိုးညှင်း (K-PDF)က လမ်းပိုင်းလုံခြုံရေးစစ်ဆေးရေးပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
Read More

တောင်ညိုစစ်ကြောင်းမှ ၁/၂၀၂၄ အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြီးစီး (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၂) စစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃) တောင်ညိုစစ် ကြောင်းရဲ့ ၁/၂၀၂၄ အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနား မှတ်တမ်းရုပ်သံကို ထုတ်ပြန် လိုက်ပါတယ်။
Read More

Taw Twin Tup Pee Local PDF အခြေခံစစ်ပညာရက်တိုသင်တန်းအပတ်စဉ် ၁၃ အောင်မြင်စွာ ပြီးစီး (ရုပ်/သံ)

Taw Twin Tup Pee Local PDF က အခြေခံစစ်ပညာ ရက်တိုသင်တန်း အပတ်စဉ် (၁၃) ကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။