မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ ၁၆လမ်း၊ ပန်းခြံကျောင်းဘုန်းကြီးကျောင်း အရှေ့က နေအိမ်တစ်ခုမှာ ကရင်ထာဝရ လက်နက်နဲ့ငြိမ်းချမ်းရေး လဲလှယ်ရေးအဖွဲ့ဝင် နိုင်မင်းမင်းဇော်နဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲဒုတပ်ကြပ်ထက်ဝေအောင်တို့ စကားများရာကနေ ပစ်ခတ်မှုဖြစ်ပွါးပြီး ရဲဒုတပ်ကြပ်ရဲ့ ဘယ်ဘက်ရင်အုံကို ကျည်ဆန်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်ဟာ မနေ့က အောက်တိုဘာ ၇ရက်မှာ ဖြစ်ပွါးခဲ့တာဖြစ်ပြီး ကရင်ထာဝရ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်ရေးအဖွဲ့ စီးပွါးရေးတာဝန်ခံ နိုင်မင်းမင်းဇော်နဲ့ နောက်ထပ် မောင်မောင်သွင် ခေါ် ကျော်ကြီး ဆိုသူဟာ ပစ္စတိုနဲ့ ပစ်ခတ်ပြီး ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
“ပစ်ခတ်မှုဖြစ်ပြီး ချက်ချင်း သူတို့စီးလာတဲ့ Honda Fid ကား နံ့သာရောင်နဲ့ ထွက်ပြေးသွားတာ။ ရဲကတော့ ဘယ်ရင်အုံကို သေနတ်ထိမှန်ထားပြီး ကျန်ခဲ့တယ်”လို့ ဖြစ်စဉ်နဲ့ နီးစပ်သူတစ်ယောက်က ပြောပြပါတယ်။
“သူတို့က အလိုတူအလိုပါတွေပဲ။ စီးပွားရေးလုပ်သူနဲ့ လိုင်းကြေးယူတဲ့သူတွေပဲ။ အခုအချိန်ကာလမှာ လက်နက်ကိုင်ထားတဲ့သူဆိုရင် အကုန်ကြောက်နေရတာလေ။ တခြားသူသာဆိုရင် ဘယ်လွယ်မလဲ။ သေနတ်ရှိတဲ့သူ အချင်းချင်းဖြစ်တာဆိုတော့ ရဲတွေက လိုက်မဖမ်းရဲဘူး” လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်ကလည်း မောင်းကိုပြောပါတယ်
သေနတ်ပစ်ခတ်မှုပြီးလို့ မကြာခင်မှာပဲ စစ်ကောင်စီလက်အောက်ခံ ရဲတွေနဲ့ စစ်တပ် ရောက်လာပြီး ဖြစ်စဉ်ဖြစ်ပွါးရာ နေရာတဝိုက်က ပြည်သူတွေကို စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်ပြီး ပစ်ခတ်ခဲ့တဲ့ ကျည်ဆန်အခွံကို သက်သေအဖြစ် ကောက်ယူသိမ်းဆည်းသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပုံစာ – ပစ်ခတ်မှု ဖြစ်ပွါးရာ နေအိမ်
ဓာတ်ပုံ – SAC
0 Shares:
You May Also Like
Read More

အထက်မင်းလှ မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) အပတ်စဥ် /၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ… (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ ၊ကာကွယ်ရေးဝန်ကြီးဌာန၊ မကွေးတိုင်းအခြေစိုက် အထက်မင်းလှ မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) အပတ်စဥ် /၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို အောက်တိုဘာ ၂၀ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရေးပြောက်ကျားတပ်ကို စတင်တည်ထောင်ခဲ့တာ လေးနှစ်ပြည့်မြောက်ခဲ့ပြီဖြစ်၊ လက်ရှိပြုလုပ်နေသော ဆန်အိတ်တစ်ရာကမ်ပိန်းတွင်လည်း ပါဝင်ကူညီပေးကြပါရန် တိုက်တွန်း

ရေးပြောက်ကျားတပ်ကို စတင်တည်ထောင်ခဲ့တာ ဒီကနေ့ လေးနှစ်ပြည့်မြောက်ခဲ့ပြီလို့ သိရပါတယ်။
Read More

ပဲခူးတိုင်းထဲက ငလျင်ဒဏ်သင့် ဒေသများမှာ PDF များ ကူညီကယ်ဆယ်ရေး လုပ်ဆောင်

ပဲခူးတိုင်းအတွင်း ငလျင်ဒဏ်သင့် ကျေးရွာတွေမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ရာအိမ်မှူးထံမှ​ သိမ်းဆည်းရမိသည့် သန်းခေါင်စာရင်းကောက်ယူထားတဲ့အချက်အလက်များ (ဓာတ်ပုံ BTZM GBK PDF)
Read More

ဇီးကုန်းမှာ ရာအိမ်မှူးရှင်းခံရမှာစိုးလို့ စစ်ကူလာတဲ့ စစ်အုပ်စုတွေ မိုင်းဆွဲတိုက်ခိုက်ခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင် ၊ ဇီးကုန်းမြို့နယ်မှာ ရာအိမ်မှူးအိမ်ကို စစ်ကူလာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေနဲ့ ၂ ကြိမ်တိုင်တိုင် ထိတွေ့မှုဖြစ်ပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ BTZM GBK PDF အဖွဲ့တာဝန်ခံ ကိုတေဇာမင်းက မောင်းကိုပြောပါတယ်။
Read More

တနင်္သာရီမြို့နယ်မှာ ခမရ ၅၅၈ တပ်၊ စစ်ကောင်စီတပ် လုံခြုံရေးကင်းနှင့် ရိက္ခာပို့စစ်ကြောင်းတို့ကို တိုက်ခိုက်ခဲ့

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ခမရ ၅၅၈ တပ်ရင်းနဲ့ စစ်ကောင်စီ လုံခြုံရေးကင်းတို့ကို ဖေဖော်ဝါရီလအတွင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပကဖ ဇုန် ၄ အဖွဲ့ - တောင်ပံနီ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲများ နီးကပ်လာသည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်မည်ဟု စစ်ကောင်စီ ပြော

တိုက်ပွဲတွေနဲ့ နီးကပ်လာတဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူဒေသက အထူးစီးပွါးရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် Timeline ချမှတ်ပြီး စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွါးဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်က ပြောပါတယ်။