တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ဖားကန့်၊ ဆိုင်းတောင်ရွာက ဟိုတယ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်လိုက်ပြီ ဖြစ်ကြောင်း ကချင်စစ်ရေး သတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ရွာက Lucky Man ဟိုတယ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တွေက အောက်တိုဘာ ၈  ရက် ဒီနေ့မနက်ပိုင်းက အပြီးသတ် တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

ရက်သတ္တပတ် ၂ပတ်နီးပါး တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ဆိုင်းတောင်ရွာကိုလည်း KIA တပ်ပေါင်းစုက အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ ကျော်ဖမ်းဆီးမိကာ လက်နက်ခဲယမ်းများပါ သိမ်းဆည်းရရှိမိကြောင်း KIA ရဲ့ ရှေ့တန်းသတင်းအရင်းအမြစ်အချို့က ဖော်ပြလာပါတယ်။

ဆိုင်းတောင်ရွာဟာ ဖားကန့်မြို့နဲ့ ခြောက်မိုင်အကွာမှာရှိပြီး စစ်ကောင်စီနဲ့ KIA နှစ်ဖက်စလုံးအတွက် စစ်ရေး၊ စီပွားရေးအတွက် အရေးပါသလို ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းရှင်တွေလည်း အခြေချနေထိုင်တဲ့ ရွာပဲ ဖြစ်ပါတယ်။

စက်တင်ဘာလပထမပတ်က စတင်ကာ KIA နဲ့တပ်ပေါင်းစုက ဆိုင်းတောင်ကို ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး ရဲကင်းနဲ့ စစ်ကောင်စီတပ်စခန်းအချို့ကိုလည်း သိမ်းပိုက်ရရှိထားပြီး ဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဖားကန့်မြို့နယ် ဆိုင်းတောင် Lucky Man ဟိုတယ်မြင်ကွင်း (ဓာတ်ပုံ CJ)
0 Shares:
You May Also Like
Read More

စစ်ကောင်စီတပ် နောင်ချိုကို ဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၁ ဦး သေဆုံး

အကြမ်းဖက်စစ်ကောင်စီတပ်အနေနဲ့ နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် သတ်မှတ်ကြေညာထားပေမယ့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ရွာကို ဒရုန်းနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ယောက် သေဆုံးသွားခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

မင်းတုန်းမြို့အဝင် ဆက်ကြေးကောက်ရန် ထွက်လာသည့် ရဲ ၂ ဦး တိုက်ခိုက်ခံရပြီး သေ

မကွေးတိုင်း၊ မင်းတုန်းမြို့အဝင်လမ်းပိုင်းမှာ ဆက်ကြေးကောက်ဖို့ထွက်လာတဲ့ စစ်ကော်မရှင်လက်အောက်ခံ ရဲ ၂ ယောက်ကို တိုက်ခိုက်ရာ သေဆုံးသွားကြောင်း သရက်ခရိုင် အမှတ် ၄ တပ်ရင်း သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
Read More

လယ်ဝေးနယ်တွင် ဂိတ်ဖွင့်ပြီး ဆက်ကြေးကောက်သည့် စစ်အုပ်စု တိုက်ခိုက်ခံရ၍ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သစ်ကြိမ်းအုပ်စု အောင်ချမ်းသာရွာ နန်းချိုးချောင်း ရေကျော်မှာ ဂိတ်ဖွင့်ပြီး အတင်းအဓမ္မဆက်ကြေးကောက်နေတဲ့ စစ်အုပ်စုကို ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တယ်လို့  ဝရဇိန်တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ဂန့်ဂေါမှာ ဆိုင်ကယ် ကယ်ရီသမား အဖမ်းခံရတာကို PDF အလင်းဝင်တယ်ဆိုပြီး စစ်အုပ်စု တမင်ဝါဒဖြန့်

စစ်ကိုင်းတိုင်း၊ ဂန့်​ဂေါမြို့နယ်အတွင်း စတားလင့် ၆လုံးနဲ့အတူ ဖမ်းဆီးခံရတဲ့ ချင်းအမျိုးသားကယ်ရီသမားရဲ့သတင်းကို PDF တပ်ဖွဲ့ဝင် ၁ ယောက် အလင်းဝင်လာတယ်ဆိုပြီး စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပုံမှားရိုက် သတင်းထုတ်ပြန်နေကြောင်း ယောအလင်းတန်းအဖွဲ့က ပြောပါတယ်။
Read More

ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများအား ပကဖ ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံး

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်မှာ အကြမ်းဖက်စစ်သားတွေ ဝင်ရောက်တပ်စွဲနေတဲ့ ဘုန်းကြီးကျောင်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးခဲ့ကြောင်း သာစည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပ.က.ဖ က ထုတ်ပြန်ပါတယ်။
Read More

ချင်းပြည်အတွင်း ရွေးကောက်ပွဲ ဝင်ပြိုင်သူ၏ ပိုင်ဆိုင်မှု​များကို ပြည်သူပိုင်သိမ်းပြီး ထောင်ဒဏ်ပါ ကျခံရမည်ဟု ချင်းပြည်ကောင်စီကြေညာ

လာမယ့် ဒီဇင်ဘာလမှာ ကျင်းပမယ့် စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ချင်းပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ရင် ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင်သိမ်းမှာ ဖြစ်သလို ထောင်ဒဏ်ပါ ကျခံရမယ်လို့ ချင်းပြည်ကောင်စီ (CC) ကနေ ဒီနေ့ နိုဝင်ဘာလ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။