စစ်ကိုင်းတိုင်းအထက်ပိုင်းက ပင်လည်ဘူးမြို့ကို PDF ပူးပေါင်းတပ်တွေက ဒုတိယအကြိမ်အဖြစ် တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ တော်လှန်ရေးရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။

ပင်လည်ဘူးမြို့က အကြမ်းဖက်စစ်ကောင်စီတပ်စခန်းအားလုံးကို PDF နဲ့ KIA ပူးပေါင်းတပ်တွေက အောက်တိုဘာလ ၈ ရက် ဒီနေ့ မနက်အစောပိုင်းမှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ပင်လယ်ဘူးမြို့ကို တော်လှန်ရေးတပ်တွေ ဒုတိယအကြိမ် ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာပါ။

လက်ရှိ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုနဲ့ လက်နက်ခဲယမ်းသိမ်းဆည်းရရှိတဲ့အခြေအနေတွေကိုတော့ အသေးစိတ်မသိရသေးဘဲပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲဟာ ၂ လနီးပါး ကြာမြင့်ခဲ့တယ်လို့ တော်လှန်ရေးရှေ့တန်းသတင်းရင်းမြစ်က ဆိုပါတယ်။

ဩဂုတ်လ ၁၅ ရက်က စတင်ခဲ့တဲ့ ပထမအကြိမ် ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဆီက လက်နက်ခဲယမ်း ၈၀ ကျော် သိမ်းဆည်းရမိခဲ့စဥ် (ဓာတ်ပုံ CJ)

ပင်လည်ဘူး ၊အင်းတော်၊ ထီးချိုင့် မြို့တွေကို PDF နဲ့ မဟာမိတ်တပ်တွေက သြဂုတ်လလယ်ပိုင်းကစလို့ တပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး အမှတ် ၁ စစ်ဒေသကွပ်ကဲမှုနဲ့ အဲ့ဒီမြို့သိမ်းတိုက်ပွဲတွေမှာ PDF တပ်ဖွဲ့ဝင်ထောင်နဲ့ချီ ပါဝင်တိုက်ခိုက်နေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလက ပင်လည်ဘူးမြို့ကို KIA နဲ့ PDF ပူးပေါင်းတပ်တွေ ပထမအကြိမ်အဖြစ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမယ့် စစ်ကောင်စီရဲ့ အပြင်းအထန် ပြန်လည် ထိုးစစ်ဆင်မှုတွေကြောင့် တော်လှန်ရေးတပ်တွေ ပြန်လည် ဆုတ်ခွာပေးခဲ့ရတယ်လို့ သိရပါတယ်။

ဩဂုတ်လ ၁၅ ရက်က စတင်ခဲ့တဲ့ ပထမအကြိမ် ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဆီက လက်နက်ခဲယမ်း ၈၀ ကျော် သိမ်းဆည်းရမိခဲ့စဥ် (ဓာတ်ပုံ CJ)
0 Shares:
You May Also Like
Read More

အုပ်ချုပ်ရေးမှူးကို ဝင်ရှင်းရင်း သားဖြစ်သူကပါ သေနတ်လုလို့ ၂ ယောက်လုံး ရှင်းလင်းခဲ့ရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊  ပေါင်းတည်မြို့နယ်မှာ စစ်ကောင်စီလက်ဝေခံ အုပ်ချုပ်ရေးမှူးတစ်ယောက်ကို ဝင်ရောက်ရှင်းလင်းရင်း သူ့ရဲ့သားဖြစ်သူကပါ သေနတ်လု ခုခံခဲ့တဲ့အတွက် ၂ ယောက်လုံးကို ရှင်းလင်းခဲ့ရကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF ၃၆၀၁) တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။
Read More

မင်းအောင်လှိုင်၏လူယုံ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ခင်ရီနှင့် မင်းအုပ်စိုး၊ နေဒွေး၊ ငြိမ်းချမ်း၊ တို့အပါအဝင် အနုပညာရှင်အချို့ တွေ့ဆုံ

အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ လူယုံတစ်ယောက်ဖြစ်တဲ့ USDP ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ခင်ရီနဲ့ ပါတီ အမှုဆောင်တွေဟာ မင်းအုပ်စိုး၊ နေဒွေး၊ ငြိမ်းချမ်းတို့ အပါအဝင် အဆိုတော်၊ ဟာသသရုပ်ဆောင်အချို့တို့နဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့တယ်လို့ USDP က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြေပြင်မှာ မတိုက်နိုင်တော့တဲ့ စစ်ကောင်စီ သူ့ရဲ့ ဝါဒဖြန့်သတင်းစာကတဆင့် AA ကို တိုက်ခိုက်

စစ်ကောင်စီလက်ဝေခံ အဖွဲ့အစည်းတွေက  အာရက္ခတပ်တော် AA ဟာ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်လုပ်ရပ်တွေကိုသာ လုပ်ဆောင်တဲ့ အဖွဲ့အစည်းအဖြစ် ရှုတ်ချကြောင်း ကြေညာချက်တွေကို စစ်ကောင်စီရဲ့ ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြလာပါတယ်။
Read More

ပဲခူးရိုးမ၊ ဆွာဆည်တမံပေါ်ရှိ စစ်ကောင်စီအထိုင်စခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်သိမ်းပိုက်၊ ဗိုလ်ကြီးအဆင့်ရှိသူတွေအပါ ၆ ဦးသေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ…

"ဆွာမြို့နယ်ထဲမှာရှိတဲ့ ဆွာတမံပေါ်က ရန်သူ့အထိုင်စခန်းကို အလစ်အငိုက်ယူပြီး ဝင်ရောက်သိမ်းပိုက်ခဲ့တာပါ။ တိုက်ပွဲကြာချိန် ခန့်မှန်း မိနစ် ၄၀ လောက်ကြာပါတယ်။ ဟုတ်ပါတယ် စခန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ရှေ့မှာလည်း တောင်ငူခရိုင် ၃၅၀၁ တပ်ရင်း​တို့နဲ့ ပေါင်းပြီးစစ်ရေးဖော်ဆောင်ခဲ့တာတွေအများကြီးရှိခဲ့ပေမယ့် အခုမှ လူထုကိုချပြတာပါ။" လို့ တိုက်ပွဲဖော်ဆော်ရာမှာပါဝင်ခဲ့တဲ့ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) တာဝန်ရှိသူကလည်း မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ပေါက်နဲ့ မြိုင်အစပ်က ရွာသစ်စုရွာကို စစ်တပ်က ပေါင် ၅၀၀ ဗုံးကြဲချလို့ အရပ်သား၂ ယောက်ထိပြီး ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေ ပျက်စီး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်နဲ့ မြိုင်မြို့နယ်အစပ်မှာရှိတဲ့ ရွာသစ်စုကျေးရွာကို အကြမ်းဖက်စစ်တပ်က ပေါင် ၅၀၀ ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား၂ ယောက် ထိခိုက်ဒဏ်ရာရပြီး နေအိမ်တွေနဲ့ ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
Read More

ကော့ကရိတ်မှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရ၊ စာသင်ကျောင်းနှင့် နေအိမ် တချို့ ပျက်စီး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၄ ယောက် ထိခိုက်ဒဏ်ရာရပြီး စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU က ထုတ်ပြန်ပါတယ်။