ပင်လည်ဘူးမြို့ကို ပို့ဆောင်ခံရတဲ့ ဂန့်ဂေါ ခလရ ၅၀ တပ်က စစ်ကောင်စီအဖွဲ့ဝင်တွေထဲ 2IC အဆင့်ရှိသူ ဗိုလ်မှူးဖြိုးကိုကိုဦး ဆေးကုသခွင့်မရတဲ့ ဒဏ်ရာနဲ့သေဆုံးသွားကြောင်း သတင်းတွေ ထွက်ပေါ်လာပြီး တပ်တွင်းတင်းကျပ်တာတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုဘကောင်းက မောင်းသတင်းဌာနကို ပြောပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလ ၂၂ ရက်နေ့က ဂန့်ဂေါမြို့ ခလရ ၅၀ တပ်ကနေ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတဲ့ ပင်လည်ဘူးမြို့ဆီ ပုစဥ်းရဟတ်ယာဥ်၂ စီးနဲ့ ပို့ဆောင်ခံလိုက်ရတဲ့ စစ်အုပ်စုတွေထဲ စက်တင်ဘာလ ၂၇ ရက်နေ့မှာ ဆီးခုံကျည်မှန်ခဲ့တဲ့ ဗိုလ်မှူးအဆင့်ရှိသူ ခန့်မင်းကိုနဲ့ စစ်ကောင်စီအဖွဲ့ဝင် ၅ ယောက် သေဆုံးခဲ့ပြီး စက်တင်ဘာလ ၂၉ ရက်နေ့မှာတော့ 2IC အဆင့်ရှိသူ ဗိုလ်မှူးဖြိုးကိုကိုဦး ထပ်မံသေဆုံးခဲ့တာလို့ ကိုဘကောင်းက ပြောပါတယ်။

အမှန် ဖြိုးကိုကိုဦးက 2IC တော့ မဖြစ်သေးဘူး ပြောရမလားပဲ။  ဂန့်ဂေါရောက်တာ မကြာသေးဘူး ပြောတယ်။စရောက်စက ၁ ပွင့်ပဲ ရှိတာ။ လူမရှိလို့ဘဲ ရာထူးတိုးမြန်သွားတာလား မပြောတတ်ဘူး။ အဲ့ဒါ ဒီကောင်  စက်တင်ဘာလ ၂၇ ရက်ကတည်းက ဒဏ်ရာရနေတာလို့ ပြောတယ်။ ဘယ်ထိလဲတော့ မသိရဘူး။ အဲ့ဒါ ကုဖို့ဆေးမရှိလို့ အဲ့ဒဏ်ရာနဲ့ပဲ၂၉ ရက်နေ့မှာ သေတယ်လို့ သိရတယ်ဗျလို့ ကိုဘကောင်းက မောင်းကိုပြောပါတယ်။

စစ်ကောင်စီက ဗိုလ်မှူးအဆင့်ရှိသူတွေအပါအဝင် စစ်အုပ်စုအဖွဲ့ဝင်တွေကို ပင်လည်ဘူးမြို့ဆီ ရှေ့တန်းပို့ခဲ့တာနဲ့ ပက်သက်လို့ သက်ဆိုင်ရာမိသားစုဝင်တွေအထိ ဖုံးဖိထားခဲ့ပြီး ဂန့်ဂေါမြို့၊ နာမည်ကြီးပျူစောထီးအဖွဲ့ဝင်ခေါင်းဆောင် P2 ဖိုးဇော်ရဲ့ သမက်လောင်းဖြစ်သူ ခန့်မင်းကို သေမှ သေဆုံးကြောင်း သတင်း ပေါက်ကြားခဲ့တာ ဖြစ်ပါတယ်။

ဒီလောက်ထိ သတင်းအမြန်ပေါက်ရမလားဆိုပြီး ဗျူဟာမှူးကစိတ်တွေဆိုးပြီး အထဲရှိတဲ့သူတွေပါ မယုံကြည်တော့ဘူး ဖြစ်နေတယ်လို့ ကြားတယ်။ဒါကြောင့် ဖုန်းသုံးတာကိုတောင် အတော်လေး တင်းကျပ်ထားတယ်။ အခုဆို စစ်ကူပို့ခံလိုက်ရတဲ့သူတွေထဲက ၁၀ ယောက်ကျော်လောက် သေပြီလို့ ကြားနေရတယ်။ ဘယ်သူဘယ်ဝါဆိုတာတော့ ခုချိန်ထိ မသိရသေးဘူး။ ဖြိုးကိုကိုဦးသတင်းတောင် အောက်တိုဘာ ၇ ရက် (မနေ့က) မှ အတည်ပြုနိုင်တာလို့ ကိုဘကောင်းက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကသာခရိုင်မှာ ရှိတဲ့ ပင်လည်ဘူးမြို့ကို ပြီးခဲ့တဲ့ ဩဂုတ်လလယ်ပိုင်းကတည်းက KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး အောက်တိုဘာ ၈ ရက်၊ ဒီနေ့မနက်မှာ မြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ပြီဖြစ်တယ်လို့ တခြားသော တော်လှန်ရေးသတင်းရင်းမြစ်တွေမှာ ဖော်ပြနေကြပါတယ်။

၂၀၁၉ ခုနှစ်က စစ်အရာရှိကြီးတစ်ဦး၏ အသုဘ နာရေးသဂြိုဟ်မှု မြင်ကွင်း
0 Shares:
You May Also Like
Read More

မြင်းကျဒိုးကျေးရွာမှ ပျူစောထီးလက်ထောက် ၁ ဦး ဖမ်းဆီးခေါ်ဆောင်ခံလာချိန် ခုခံတာကြောင့် ပစ်ခတ်ရှင်းလင်း…

"ဒီကောင်က တော်တော်ဆိုးတယ်။ အနီးအနားကရွာတွေထဲဝင်ပြီး PDF တွေရှိလား။ လူစိမ်းတွေဝင်လားဆိုပြီးထောက်လှမ်းတယ်။ သတင်းပေးတယ်ပေါ့။ ရှင်းတဲ့နေ့ကလည်း အမှန်ဆို သားအဖ၂ယောက်လုံးကိုဝင်ဖမ်းတာပါ။ ဒါပေမယ့်သားလုပ်သူက အိမ်ကနေ ထွက်တာစောသွားတယ်။ သေနတ်ကလည်းသားဆီမှာပါသွားတာပေါ့။ ရဲဘော်တွေနောက်ကျသွားတော့ ကျော်မဲကိုပဲမိတာပါ။ အဲ့တာအေးဆေးစစ်​ဆေးဖို့ခေါ်လာတာကို လက်မခံပဲရုန်းရင်းဆန်ခတ်ဖြစ်အောင်လုပ်ပြီး ပြန်ခုခံလို့ ပစ်ခတ်ရှင်းလင်းလိုက်ရတာပါ။" လို့ ရွာငံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကိုပြောပါတယ်။
Read More

စစ်ကောင်စီရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ကျန်းမာရေးဝန်ထမ်း ၁၄၀ နီးပါး သေဆုံးခဲ့ရ

စစ်အာဏာသိမ်း ၄နှစ်တာအတွင်း စစ်ကောင်စီကြောင့် ကျန်းမာရေးဝန်ထမ်း ၁၄ဝ နီးပါးသေဆုံးပြီး ရှစ်ရာကျော် ဖမ်းဆီးခံထားရတယ်လို့ Reliefweb  အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ယာယီအပစ်ရပ်မည်ဟု ကြေညာထားသည့် အကြမ်းဖက်စစ်အုပ်စုက ကချင်ပြည်နယ်အတွင်းမှာ စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးပစ်တာ နဲ့ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်နေ 

အကြမ်းဖက်စစ်အုပ်စုက အပစ်ရပ်စဲကြောင်း မနေ့က ကြေညာချက်ထုတ်အပြီး ဒီနေ့မနက်ပိုင်းမှာ ကချင်ပြည်နယ်အတွင်း စစ်ကြောင်းထိုးတာ ၊ လက်နက်ကြီးပစ်တာနဲ့ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့ KIO ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်က တိုက်ခိုက်ခံရတဲ့နေရာရဲ့ မြေပုံနဲ့အတူ အသိပေးထုတ်ပြန်ထားပါတယ်။
Read More

သီတင်းကျွတ်လပြည့်ညတွင် မင်းပြင်ရွာထဲမှ နေအိမ် ၁၀ လုံးခန့်ကို စစ်အုပ်စု မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့၊ မင်းပြင်ရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေဟာ အဆိုပါကျေးရွာအတွင်းရှိ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

ကရင်ပြည်နယ်က အကြမ်းဖက်စစ်တပ်ရဲ့ ဥကရစ်ထ စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ဒရုန်းနဲ့ဗုံးချခဲ့လို့ စစ်သား ၄ ယောက်ထက်မနည်း သေဆုံး

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်အထိုင်ချထားတဲ့ ဥကရစ်ထ စခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက အောက်တိုဘာလ ၅ရက်နေ့မှာ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့လို့ အကြမ်းဖက်စစ်သား ၄ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ကန့်ကွက်ဝေဖန်မှုတွေများခဲ့တဲ့ ဒေသန္တရတားမြစ်ချက်ဥပဒေကို ကျောတိုက်နယ် ပအဖ ပြန်လည် ပယ်ဖျက်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကျောတိုက်နယ်မှာ ကြားကာလ ဒေသန္တရ အုပ်ချုပ်ရေးဗဟိုကော်မတီက ထုတ်ပြန်ခဲ့တဲ့ ဒေသန္တရတားမြစ်ချက်တွေနဲ့ပတ်သက်ပြီး အရပ်သားပြည်သူတွေ နားလည်မှုလွဲသွားတာကြောင့် ထုတ်ပြန်ချက်တွေကို ပြန်လည် ပယ်ဖျက်လိုက်တယ်လို့ ကျောတိုက်နယ် ပအဖ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။