အမေရိကန်၊ ဗြိတိန်နဲ့ အိန္ဒိယအပါအဝင် နိုင်ငံတကာက မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်မှုအပေါ် ဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်လိုက်ပြီး စစ်အာဏာသိမ်းမှုအတွင်း မြန်မာပြည်သူပြည်သားတွေရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေအပေါ် အမှတ်ရနေမှာဖြစ်ကြောင်း အသီးသီး ထုတ်ပြန်ပါတယ်။
အထူးသဖြင့် မတရားဖမ်းဆီးထားသူတွေကို ချက်ချင်းလွှတ်ပေးဖို့၊ အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့နဲ့ သက်ဆိုင်သူတွေအားလုံးနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့ အမေရိကန်က အောက်တိုဘာ ၈ ရက်နေ့မှာ တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့အချုပ် ဒုဥက္ကဌနဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်တဲ့အတွက် အမေရိကန်ပြည်ထောင်စုက စိတ်ထိခိုက်ဝမ်းနည်းရကြောင်း ဖော်ပြလာပါတယ်။
ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခြင်းကနေ အားလုံးပါဝင်နိုင်တဲ့ အများကိုကိုယ်စားပြုနိုင်တဲ့ ဒီမိုကရေစီတစ်ရပ်အတွက် တိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူတွေကို ဂုဏ်ပြုအမှတ်ရနေမယ်လို့ ဖော်ပြထားပါတယ်။
ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခြင်းအတွက် မိသားစုနဲ့အတူ ထပ်တူအထူးဝမ်းနည်းကြေကွဲရကြောင်း၊ သူ့ရဲ့ ချစ်ကြည်ရင်းနှီးမှုနဲ့ ပံ့ပိုးကူညီမှုက အိန္ဒိယနဲ့ မြန်မာ ပိုမိုခိုင်မာတဲ့ ဆက်ဆံရေးအတွက် စံနမူနာဖြစ်ခဲ့ကြောင်း၊ မန္တလေးမြို့အခြေစိုက် အိန္ဒိယ ကောင်စစ်ဝန်ချုပ် Mr. Sundeep Kaushal ရဲ့ပြောကြားမှုကို ရန်ကုန်အခြေစိုက် အိန္ဒိယသံရုံးက သတင်းထုတ်ပြန်ပါတယ်။
ရန်ကုန်အခြေစိုက် ဗြိတိန်သံရုံးကလည်း ဒေါက်တာဇော်မြင့်မောင်ရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကိုလေးစားဂုဏ်ပြုပြီး မြန်မာပြည်သူပြည်သားတွေအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို အမြန်ဆုံး ပြန်လည်ရောက်ရှိဖို့ နှိုးဆော်တိုက်တွန်းကြောင်း ထုတ်ပြန်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့အချုပ်(NLD) ဒုဥက္ကဌ-၂ နဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ ၂၀၂၄ အောက်တိုဘာ ၇ရက် နံနက်အစောပိုင်း မန္တလေးမြို့မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
အသက် ၇၃ အရွယ်ရှိပြီဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ နိုင်ငံရေးအကျဉ်းသားအဖြစ် ခေတ်အဆက်ဆက်မှာ နှစ်ပေါင်း ၂၂နှစ် ကြာ ဖြတ်သန်းခဲ့ရသူ ဖြစ်ပါတယ်။
ဒေါက်တာဇော်မြင့်မောင်ရဲ့ ဈာပန အခမ်းအနားကိုတော့ ဒီနေ့ မန္တလေးမြို့မှာ ကျင်းပခဲ့ပြီး ထောင်နဲ့ချီတဲ့ မြို့ခံပြည်သူတွေက သူရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။
0 Shares:
You May Also Like
Read More

စစ်ကြောင်းထိုးဖို့ကြိုးစားသည့် အနောက်ဘုန်းကန် ပျူရွာကို ၂ ရက်ဆက် ရော့ကတ်များ တိုက်ခိုက်မှု၊ စစ်အုပ်စု ၇ ဦး သေပြီး ၈ ဦး ဒဏ်ရာရ

ကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်မှာ စစ်ကြောင်းထိုးဖို့ကြိုးစားတဲ့ အကြမ်းဖက်စစ်အုပ်စုရွာကို ၂ ရက်ဆက် ရှော့တိုက်ဒုံးပစ်ခတ်ရာ စစ်သားနဲ့ ပျူစောထီး ၇ ယောက် သေကာ ထိခိုက်ဒဏ်ရာရသူ ၈ ယောက် ရှိခဲ့တယ်လို့ Cobra One တပ်ဖွဲ့ တာဝန်ခံ မြွေဟောက်က မောင်းကိုပြောပါတယ်။
Read More

ပြင်းထန်စွာဖြစ်ပွားနေသည့် နတ်ရေကန်အနီးတိုက်ပွဲအတွင်း CDF တပ်သားတစ်ယောက် ကျဆုံး

ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းကို ဆက်သွယ်ထားတဲ့ အမ်း- ပဒါန်းလမ်းပေါ်ရှိ၊ မကွေးတိုင်း ၊ ငဖဲမြို့နယ်ထဲက နတ်ရေကန်အနီးတိုက်ပွဲအတွင်းမှာ CDF တပ်သားတစ်ယောက် ကျဆုံးသွားတယ်လို့ Chin Defence Force - Asho တပ်ဖွဲ့ဆီက သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့မှာ ချင်းမျိုးနွယ်စုအားလုံးနဲ့ အဖိနှိပ်ခံပြည်သူလူထုတွေကို ကာကွယ်ဖို့ စစ်ဆင်ရေးတာဝန်ထမ်းဆောင်ရင်း ရှေ့တန်းစစ်မြေပြင်မှာ ရဲဘော်ဆလိုင်းရဲမင်းထွန်း ကျဆုံးသွားတယ် လို့ Chin Defence Force - Asho တပ်ဖွဲ့ရဲ့ အမိန့်ပြန်တမ်းမှာ ထုတ်ပြန်ထားတာပါ။
Read More

မင်းတပ်ကို နှစ်လအတွင်း စစ်ကောင်စီ လေကြောင်းကနေ ၄၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့

စစ်ကောင်စီက ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ နှစ်လအတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၄၄ ကြိမ် အထိပြုလုပ်ခဲ့ကြောင်း မင်းတပ် ဒေသကာကွယ်ရေးအဖွဲ့က  ထုတ်ပြန်ပါတယ်။ ၂၀၂၄ ခုနှစ် ဩဂုတ်လ နဲ့ စက်တင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှုတွေအပြင် လူနေအိမ် ၃၆ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ မင်းတပ်ဒေသကာကွယ်ရေးအဖွဲ့ကစက်တင်ဘာလ ၂၉ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

အဓမ္မ ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းဆောင်ခဲ့ရတဲ့ တပ်သားတစ်ဦး လက်နက်နှင့် အလင်းဝင်ရောက်လာ

“သူက အတင်းအဓမ္မ ‌ပေါ်တာဆွဲ ဖမ်းဆီးခံရတာပါ၊ အခုလို အလင်းဝင်တာကလည်း အရပ်သားပြည် သူတွေကို သူ့မျက်စိရှေ့မှာ ရက်ရက်စက်စက် ပစ်တာတွေမြင်ရပြီး စစ်တပ်ရဲ့လုပ်ရပ်ကိုမကြိုက်လို့ အလင်းဝင်ခဲ့တာ”လို့ လက်ပံတန်းမြို့နယ် (ပအဖ) မှ စစ်ရေးတာဝန်ခံ ရဲဘော်စနေက မောင်းကိုပြောပါ တယ်။
Read More

ပိုက်ဆံအတု စက်ဖြင့် ကိုယ်တိုင်ထုတ် သုံးစွဲနေသည့် အမျိုးသမီး ကားဝယ်ရင်း ဖမ်းခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာမှာ ငွေတုထုတ်စက်တွေနဲ့ ပိုက်ဆံထုတ်ယူ သုံးစွဲနေတဲ့ အမျိုးသမီးကို စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ဖျာပုံထောင်မှာ ထောင်ဝင်စာ ၇လကြာ ပိတ်ပင်ခံခဲ့ရတဲ့ နိုင်ကျဉ်းတချို့ အင်းစိန်ထောင် ပြောင်းရွှေ့ခံရပြီးနောက်ပိုင်းမှာလည်း ၇ လ ကြာတဲ့အထိ ထောင်ဝင်စာတွေ့ခွင့် မရသေး

ဧရာဝတီတိုင်း၊ ဖျာပုံအကျဉ်းထောင်မှာ ထောင်ဝင်စာ ၇လကြာ ပိတ်ပင်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား တချို့ဟာ အင်းစိန်ထောင်ကို ပြောင်းရွှေ့ခံရပြီးနောက် တိုက်ပိတ်ခံရကာ ထောင်ဝင်စာတွေ့ခွင့် မရကြသေးဘူးလို့ မိသားစုဝင်တွေဆီက သိရပါတယ်။