စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကြောင်းလိုက်ပြုတ်အောင် အတိုက်ခံထားရတဲ့ စစ်ကောင်စီက အင်အားဖြည့်တင်းမှုတွေလုပ်ကာ ကျေးရွာတွေကို စစ်ကြောင်းထိုးမွှေနှောက်ပြီး အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်နေတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၅ရက်နေ့ကစလို့ အကြမ်းဖက်စစ်ကောင်စီတပ်တွေက မုံရွာ၊အနောက်မြောက်တိုင်းစစ်ဌာနချုပ်နဲ့ ထိစပ်နေတဲ့ ဘုတလင်မြို့နယ်၊ ကျီးပဒုံရွာကနေတဆင့် ဇီးတော၊ ကံစွယ်၊ မန်ကျည်းကုန်း၊ ထနောင်းကုန်း၊ ကံသစ်စတဲ့ ကျေးရွာတွေဆီစစ်ကြောင်းထိုးဝင်ရောက်လာတာဖြစ်ကြောင်း သိရပါတယ်။

စခတွေက အခု ဉာဏ်နီဉာဏ်နက်များလာတယ်ဗျ။ ဟိုကဝင်လာလိုက်၊ ဒီကဝင်လာလိုက်နဲ့ ကျနော်တို့လည်းသတင်းလိုက်ရတာ ခက်လာတယ်။နောက်ပြန်ခေါက်လိုက်၊ ရှေ့ထွက်ပြလိုက်၊ တပ်စွဲပြလိုက်နဲ့ လုပ်နေကြတာ။ တစ်ရွာဝင် တစ်ရွာထွက်နဲ့ လုပ်နေတာ မနေ့ကတော့ နှောပင်ရိုးနဲ့ ရုံလေးကုန်းကို စဝင်တယ်။ အဲ့ဒီကနေမှ တရော်တောကို ဝင်တယ်။ အင်အားကလည်း ၁၀၀ ကျော်လိုလို၂၀၀ကျော််လိုလိုကြားတယ်။ အတိအကျလည်း ဘယ်သူမှမသိဘူး။ မနေ့ကတင် ရှေ့ပြေး ၃၀ လောက်နဲ့ထွက်လာ​​​ပြီဆိုပြီးပြောပေမယ့် တရော်တောမှာပဲအိပ်တယ်။ ဒီမနက်တော့စထွက်လာပြီ ပြောတယ်။လို့ ဘုတလင်မြို့နယ်၊ ရွေ့လျားစစ်ကြောင်း ဘဏ္ဍာရေးတာဝန်ခံ ဆရာဇော်က မောင်းကိုပြောပါတယ်။

စက်တင်ဘာလ ၈ရက် ဒီနေ့မှာတော့ အကြမ်းဖက်စစ်ကောင်စီက ကုက္ကိုလ်စုရွာနဲ့ အုတ်ကျင်းရွာတွေထဲဝင်ရောက်တပ်စွဲထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဘုတလင်မြို့ပေါ်က ရဲစခန်း၊ ထွေအုပ်ရုံး၊ အထက ကျောင်း၊ CB Bank နဲ့ မိုးကိုယ်ပိုင်ကျောင်းတွေမှာလည်း စစ်အုပ်စုတွေက အင်အား ၁၈၀နီးပါးနဲ့တပ်စွဲထားတယ်လို့လည်း ပြောပါတယ်။

ဘုတလင်မြို့နယ်ကို စစ်ကောင်စီက လျှပ်စစ်မီးဖြတ်တောက်ထားတာ လချီကြာနေပြီဖြစ်သလို MPT ဖုန်းလိုင်းတွေလည်း ဖြတ်တောက်ထားတဲ့အတွက် မြေပြင်အခြေအနေမှာ ဆက်သွယ်ရေးအခက်အခဲတွေရှိနေတာလည်း ဖြစ်ပါတယ်။

စစ်ကြောင်းက အင်အားများလာသလို ရွာတွေပတ်ဝင်တယ်။ တစ်အိမ်ကို ၁၀ယောက်၊ ၁၅ယောက်ခွဲနေပြီး ရွာစဥ်လိုက်မွှေတယ်။ ခိုးတယ်။ မနေ့ည(အောက်တိုဘာ ၇) ကလည်း တရော်တောမှာ အမျိုးသမီး ၅ယောက်ကို ဓားစာခံအဖြစ်ထပ်ဖမ်းလာပြီး ၂ယောက်ပြန်လွှတ်တယ်ကြားတယ်။ စုစုပေါင်းသူတို့ဖမ်းထားတာ အရပ်သား ၁၂ယောက် ရှိပါတယ်။ နောက်ပြီးသေချာအတည်မပြုနိုင်တဲ့သတင်းအရ မနက်ခင်းစျေးသည် ၄ယောက်လည်း ဖမ်းပြီးအသတ်ခံထားရတယ်လို့ ကြားပါတယ်လို့ ဘုတလင်မြို့နယ်၊ ရွေ့လျားစစ်ကြောင်း ဘဏ္ဍာရေးတာဝန်ခံ ဆရာဇော်က ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ရက်၊ နေ့လည်ပိုင်းမှာ ကူတော်ရွာ ရဲကင်းစခန်းကနေ ဘုတလင်မြို့ကိုထွက်ခွာလာတဲ့ ခမရ (၁၀၆၊ ၃၀၉၊ ၁၆)၊ ခလရ ၂၂၉၊ နဲ့ နမခ တိုင်းလက်အောက်ခံတပ်တွေနဲ့ အင်အား ၈၅ယောက်ပါ အကြမ်းဖက်စစ်ကြောင်းကို စီပါရွာ‌ အနောက်တောင်ဘက်အရောက်မှာ  ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ပူးပေါင်းတပ်တွေက အသင့်စောင့်ကြိုတိုက်ခိုက်နိုင်ခဲ့ပါတယ်။

အကြမ်းဖက် ဗိုလ်မှူး ကျော်တင့် ( ခမရ၁၀၆) ဦးဆောင်ခဲ့တဲ့ အဲ့ဒီစစ်ကြောင်းဟာ စစ်ကြောင်းလိုက် ချေမှုန်းပြီး သေဆုံးသူ စစ်ကောင်စီတပ်သား (၃၃)ယောက်အထိရှိခဲ့သလို ဗိုလ်ကြီး ၂ယောက်အပါ (၄၃)ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် လက်နက်မျိုးစုံ ၅၆လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ပြီး ထွက်ပြေးသူတွေကိုလည်းလိုက်လံရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ တိုက်ပွဲဖြစ်ပွားရာ စီပါကျေးရွာနဲ့ ပျူစခန်းကုန်းရှိရာ ကူတော်ရွာအနီးပတ်ဝန်းကျင်က မောင်းတောင်၊ မွန်တော၊ ရွှေလက်၊ ကတိုးနဲ့ အင်နိုင်းစတဲ့ ရွာတွေမှာ စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။

စစ်ကြောင်းက တစ်မြို့နယ်လုံးနီးပါးတဲ့.. ကူတော်အထိ ထိုးမယ်လို့သတင်းရထားတော့ ရှောင်နေကြရတာတွေ များတယ်။ ကူတော်ရွာအနီး ပတ်ဝန်းကျင်က ရွာတွေ စစ်ရှောင်နေရတာဆို စက်တင်ဘာ ၂၀ရက်နေ့တည်းကလို့ ပြောရမယ်။ မြေပြင်သတင်းတွေအရဆို ဒီစစ်​​ကြောင်းတွေထဲမှာ ရွာတွေကိုဝင်စီးပြီး မီးရှို့ဖို့​​ အမိန့်တွေပါလာတယ်တဲ့။ စစ်ကြောင်းထဲကနေ တော်လှန်ရေးတပ်တွေဆီ အလင်းဝင်လာတဲ့သူတွေ ပြောတာပေါ့။ အတည်တော့မပြုနိုင်သေးပါဘူး။ အဲ့ဒါကြောင့်ပြည်သူတွေခမျာ တောင်လား၊မြောက်လား ပြေးစရာမရှိလို့ ရွာလုံးကျွတ်ကိုမှ တော်တော်ဝေးဝေးကို ပြေးနေကြရပါတယ်။လို့ ဘုတလင်မြို့နယ်၊ ရွေ့လျားစစ်ကြောင်း ဘဏ္ဍာရေးတာဝန်ခံ ဆရာဇော်ကမောင်းကိုပြောပါတယ်။

ဒါ့အပြင် ဘုတလင်မြို့နယ်တောင်ပိုင်းက နှောပင်ရိုး၊ ကံစွယ်၊ ရုံလေးကုန်းရွာသစ်ရွာဟောင်း၊ တရော်တော၊ ကြက်ရိုးကုန်း၊ ညောင်ကန်၊ ရွာသာစတဲ့ ကျေးရွာတွေနဲ့ စီပါ၊ ကျွဲသေချောင်းစတဲ့ မြို့နယ်မြောက်ဘက်ခြမ်းကျေးရွာတွေလည်းစစ်ဘေးရှောင်နေရတယ်လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲက စစ်ဘေးရှောင်ပြည်သူများ၊ ၂၀၂၃ ခုနှစ်။ (ဓာတ်ပုံ CJ)
0 Shares:
You May Also Like
Read More

MSRF ၏ အပတ်စဉ် (၃) – ညီနောင်တပ်ဖွဲ့၏ အပတ်စဥ် (၁) အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပ

မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ဦးစီးဆောင်ရွက်တဲ့ အပတ်စဉ် (၃) အခြေခံစစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ပြီးခဲ့တဲ့ နိုဝင်ဘာလ (၃၀) ရက်နေ့က MSRF တပ်ရင်းဌာနမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

တပ်မ (၂၂) မှ စစ်သား ၂ ဦး ကော်ဘရာစစ်ကြောင်းထံ လက်နက်နှင့် အလင်းဝင်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ၊ လေးကေ့ကော်ကို စစ်ကြောင်းထိုးနေတဲ့ တပ်မ ၂၂ က စစ်သား ၂ ယောက် ကော်ဘရာစစ်ကြောင်းထံ အလင်းဝင်လာခဲ့တယ်လို့ နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

တိုက်ပွဲပြင်းထန်တဲ့ မင်းတပ်မှာ စစ်ကောင်စီ လေကြောင်းရော မြေပြင်ပါ အပြင်းအထန်ခုခံပေမယ့် ခြေကုပ်ယူစရာနေရာ ကျဉ်းသထက်ကျဉ်းလာနေ

ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေသလို စစ်ကောင်စီ​အတွက် ခြေကုပ်ယူစရာနေရာ ပိုကျဥ်းလာပြီလို့ မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ ဆလိုင်းယောမန်က မောင်းကို ပြောပါတယ်။
Read More

ပခုက္ကူမှာ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်က မျက်မြင် ၆ ယောက် သေ၊ လက်နက် ၁၈ လက်နဲ့ သုံ့ပန်း ၇ ယောက် ဖမ်းဆီးရမိ

မကွေးတိုင်း၊ ပခုက္ကူခရိုင် ၊ ပခုက္ကူမြို့နယ် ရေလာလေး စစ်ကောင်စီ စစ်စခန်းကို အမှတ် (၈) စစ်ကြောင်းဦးဆောင်မှုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး ဝင်ရောက်စီးနင်း တိုက်ခိုက်သိမ်းပိုက်ရာ စစ်တပ်က မျက်မြင် ၆ ယောက်သေပြီး လက်နက် ၁၈ လက်နဲ့အတူ သုံ့ပန်း ၇ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ အမှတ် (၈) စစ်ကြောင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

အင်းစိန်ဘူတာနှင့် မီးရထားစက်ခေါင်းစက်ရုံ၊ မြို့ပတ်ဒီဇယ်စက်ရုံ (တိုင်း ၇) တို့မှ ပင်စင်စားများ၏ နေအိမ် ၂၀၀ နီးပါး အတင်းအကျပ် ဖယ်ရှားခံနေရ

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်မှာ အင်းစိန်ဘူတာအပါအဝင် မီးရထားစက်ခေါင်းစက်ရုံနဲ့ မြို့ပတ်ဒီဇယ်စက်ရုံ (တိုင်း ၇) နားက မီးရထား ပင်စင်စားတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီလက်အောက်ခံ အာဏာပိုင်ဆိုသူတွေက အတင်းအကျပ် ဖယ်ရှားခိုင်းထားကြောင်း နေထိုင်သူ ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ လှူဒါန်းတဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ ရောက်ရှိလာ

ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ပြည်သူတွေက လှူဒါန်းတဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ ရောက်ရှိလာပြီလို့ ဒီနေ့ စက်တင်ဘာ ၂၂ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။