စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်ရဲ့ အပတ်စဥ် () အခြေခံ စစ်သင်တန်းကို ဒီနေ့မှာ စတင်ခဲ့တယ်လို့ အမျိုးသား လွတ်မြောက်ရေးတပ်တော်က ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၇ ရက် ဒီနေ့မှာ စတင်ခဲ့တဲ့ အပတ်စဥ် () သင်တန်းကို သင်တန်းသား၄၉ ယောက်တက်ရောက်ကာ အမျိုးသမီး ရဲမေ ၅ ယောက် ပါဝင်ပြီး လေ့ကျင့်ရေးကာလ ၃ လ ကြာမြင့်မယ်လို့ သိရပါတယ်။

အမျိုးသားလွတ်မြောက်ရေးတပ်တော်ဟာ ကဘော်ဒေသဖြစ်တဲ့ ကလေးနဲ့ တမူး မြို့နယ်တွေ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

(ဓာတ်ပုံ National Liberation Army)
(ဓာတ်ပုံ National Liberation Army)
0 Shares:
You May Also Like
Read More

စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများ လုပ်ဆောင်နေချိန် ကြားကာလပညာရေးကျောင်းများအားလုံး ခေတ္တယာယီရပ်နားထားရန် NUG ညွှန်ကြား

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနရဲ့ အသိအမှတ်ပြုမှု၊ ချိတ်ဆက်ပူးပေါင်းမှုတို့နဲ့ မြေပြင်မှာ ဖွင့်လှစ်ပညာသင်ကြားနေတဲ့ ကြားကာလပညာရေးကျောင်းတွေအားလုံး ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံတွေ လုပ်ဆောင်နေချိန် ခေတ္တယာယီရပ်နားထားဖို့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက မနေ့က ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။
Read More

“အဲဒီနေ့က Express ကားသမားကို မောင်းမပေးရင် ပစ်သတ်မယ်‌ဆိုပြီး ခြိမ်းခြောက်တယ်။ အရပ်သားတွေကိုလည်း ကားပေါ်ကနေ အဆင်းမခံဘူး။ ဒီအတိုင်း တိုက်ပွဲဖြစ်တဲ့နေရာကို ချောဆွဲလာခဲ့တာပါ။ မျက်စိရှေ့တင် ဖြစ်သွားတဲ့ကိစ္စအပေါ် အလွန်ပဲ စိတ်ထိခိုက်ရပါတယ်”

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီက ခရီးသည်တင် Express ကားကို တိုက်ပွဲရှိရာ ခြိမ်းခြောက်မောင်းနှင်ခိုင်းခဲ့သလို စက်တပ်လေထီးတွေနဲ့ပါ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့ရတာဖြစ်တယ်လို့ Yadanarbon Revolutionary Force-YRF တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

အနန်းကွင်းဗျူဟာကုန်းကို စစ်ကူလာတဲ့ တပ်မ ၄၄ က တစ္ဆေစစ်ကြောင်းကို တိုက်ခိုက်ရာ အများအပြား သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ အနန်းကွင်းဗျူဟာစခန်းကုန်းကို စစ်ကူလာတဲ့ စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှု အများအပြား ရှိတယ်လို့ Lion Battalion စစ်ကြောင်းကမှာ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မိုင်းထွက်ရှင်းတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး တပ်ကြပ်အပါ ၅ ယောက် သေ၊ တပ်ကြပ်အလောင်းကို ပစ်ထားခဲ့လို့ တော်လှန်ရေးရဲဘော်တွေ မီးသဂြိုဟ်ပေးခဲ့ရ

မကွေးတိုင်း၊ ပခုက္ကူနဲ့ မြိုင်မြို့နယ်အစပ်မှာ ရိက္ခာထောက်ပို့ယာဥ်တန်းအတွက် မိုင်းထွက်ရှင်းတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး တပ်ကြပ်အဆင့်ရှိသူ အပါအဝင် ၅ ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။
Read More

မိုးမိတ်ခရိုင် ပ.က.ဖ က မြို့နယ်အတွင်းရှိ ကျေးရွာဘောလုံးကွင်းကို ပြုပြင်ထိန်းသိန်းပေး (ဓာတ်ပုံသတင်း)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်၊ ကျေးရွာတစ်ရွာရဲ့ ဘောလုံးကွင်းကို မိုးမိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ပ.က.ဖ ) ရဲ့ ရဲဘော်တွေက ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် ကျေးလက်နေ လူငယ်တွေ ဘောလုံးကစားနိုင်အောင် ပြုပြင်ထိန်းသိမ်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ မိုးမိတ်ခရိုင် ပ.က.ဖ က ထုတ်ပြန်ထားပါတယ်။
Read More

တော်လှန်ရေးတပ်များအား လာရောက်ထောက်လှမ်းသည့် ပျူစောထီးကို ပစ်ခတ်ရှင်းလင်းခဲ့ဟု ဆို

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ စက်တိုင်ရပ်ကွက်မှာ နေထိုင်တဲ့ ပျူစောထီးဖြစ်သူ အေးမျိုးအောင်ကို စစ်ဆေးနေစဉ် ခုခံထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။