ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားတွေကို ပစ်မှတ်ထားတဲ့ ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သား () ယောက် သေဆုံးခဲ့ပြီး () ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး – KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။

မူးမြို့နယ်အတွင်း အောက်တိုဘာလ () ရက် နေ့လည်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ် ခမရ၃၀၇ တပ်ရင်းကနေ ၁၂၀ မမ လက်နက်ကြီး () လုံး ပစ်ခတ်ခဲ့ရာ လှေဒုံးရွာ ဘုန်းကြီးကျောင်းရှေ့နဲ့ ဘောလုံးကွင်းတို့မှာ ကျရောက်ပေါက်ကွဲခဲ့သလို တောကျွဲအင်းမြို့အရှေ့ဘက် ရွာသစ်ကျေးရွာအတွင်းကိုလည်း အဲ့ဒီစစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံး () လုံး ကြဲ ချခဲ့ရာ ကျေးရွာနေ (၅၅) နှစ်အရွယ် အမျိုးသမီး ဦးခေါင်းထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ ဒရုန်းနဲ့ ပစ်ခတ်တိုက်မှုတွေကြောင့် ထိခိုက်သေဆုံးမှုများ (ဓာတ်ပုံ KNU)

ရွှေကျင်မြို့နယ်အတွင်းမှာလည်း အောက်တိုဘာလ () ရက်က အင်ဂနီကျေးရွာအနီး အကြမ်းဖက်စစ်ကောင်စီတပ် ခလရ၅၇၊ ခမရ၃၅၀၊ ခမရ၃၄၉ ပူးပေါင်းတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်တွေအကြား တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်တွေက အင်ဂနီ ကျေးရွာအတွင်းကို နေ့လည်ပိုင်းမှာ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်းနေထိုင်တဲ့ (၂၃) နှစ် အမျိုးသမီး လက်နက်ကြီး ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျောက်ကြီးမြို့နယ်အတွင်း စက်တင်ဘာလ (၃၀) ရက် ညနေပိုင်းမှာ ကျောက်တံခါးမြို့ပေါ် ဈေးသွားဝယ်တဲ့ သမင်အင်ကုန်းရွာသားတွေဖြစ်တဲ့ အမျိုးသားနဲ့ အမျိုးသမီး () ယောက်တို့ကို ကျောက်တံခါးရဲတပ်ဖွဲ့ရဲ့ အမာခံသတင်းပေးက ကျောက်တံခါး ရဲစခန်းဆီ ခေါ်ဆောင်သွားခဲ့ပြီး ဖမ်းဆီးချုပ်နှောင်ကာ စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ဆေးမေးမြန်းမှုတွေ ပြီးဆုံးပြီးနောက် အမျိုးသားကို ပြန်လွှတ်ပေးခဲ့ပေမယ့် အောက်တိုဘာလ () ရက်မှာ ပြန်လာဖို့ ရက်ချိန်းခေါ်ခဲ့ပြီး ရက်ချိန်းပြန်သွားချိန်မှာ ဒဏ်ငွေ () သိန်းပေးဆောင်ဖို့ တောင်းဆိုခဲ့ပြီးနောက် အမျိုးသမီးကိုလည်း လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ ဒရုန်းနဲ့ ပစ်ခတ်တိုက်မှုတွေကြောင့် ထိခိုက်သေဆုံးမှုများ (ဓာတ်ပုံ KNU)
0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ်မှ အဓမ္မစစ်မှုထမ်း စုဆောင်းခံရသူ စစ်သား ၂ ဦး KNU တပ်မဟာ (၄) ထံ အလင်းဝင်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် အခြေစိုက် အကြမ်းဖက်စစ်တပ် ခလရ တပ်ရင်း (၂၈၀) ကနေ အဓမ္မစစ်မှုထမ်းစုဆောင်းခံရသူ စစ်သား ၂ ယောက် အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A တပ်မဟာ (၄) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီးကို ပြန်လည်ထိန်းချုပ်ထားပြီဟု အကြမ်းဖက်စစ်အုပ်စု ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံတပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ကရင်ပြည်နယ်က မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို ပြန်လည်ထိန်းချုပ်ထားနိုင်ပြီလို့ အကြမ်းဖက်စစ်ကော်မရှင်က ထုတ်ပြန်ထားပါတယ်။
Read More

စစ်အုပ်စု မတရားဖမ်းဆီးထားသည့် MMA ဖိုက်တာ ဖိုးသော် အကျဉ်းထောင်ထဲမှ အောင်လအန်ဆန်ထံ စာပို့

အကြမ်းဖက်စစ်တပ်က မတရားဖမ်းဆီး အကျဥ်းချထားတဲ့ MMA ဖိုက်တာ ဖိုးသော်က အကျဉ်းထောင်ထဲကနေ ပေးပို့လိုက်တဲ့စာကို One Championship ရဲ့ Hall of Fame ဖြစ်လာမယ့် MMA ကစားသမား အောင်လအန်ဆန်းက သူ့ရဲ့ Facebookစာမျက်နာမှာ အသိပေးဖော်ပြထားပါတယ်။
Read More

ညောင်လေးပင်တွင် စစ်ကြောင်းထိုးနေသည့်စစ်တပ်နှင့် PDF ၂ရက်ဆက်ထိတွေ့မှုဖြစ်၊ စစ်ကောင်စီဘက်က အရာရှိအပါ ၄ဦးသေပြီး အများအပြားဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲရက်ဆက်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က အရာရှိအပါအဝင် ၄ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း Fire Dragon PDF (မီးနဂါးစစ်ကြောင်း) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ရွှေပြည်သာ အမှတ်(၇) ရပ်ကွက်ရုံးကို မြို့ပြအဖွဲ့ ၂ခု လက်ပစ်ဗုံးပစ်တိုက်ခိုက်၊ အတုအယောင်ရွေးကောက်ပွဲ မဲဆွယ်သည့်နေရာများကို ရှောင်ရှားသွားလာကြရန် သတိပေး

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်က အကြမ်းဖက်စစ်တပ်လက်အောက်ခံ အမှတ်(၇) ရပ်ကွက်ရုံးကို လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စု ထိခိုက်မှုတွေရှိခဲ့တယ်လို့ Yangon Army (YA) အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

စစ်ဆင်ရေးဖော်ဆောင်လျက်ရှိတဲ့ မင်းတပ်နဲ့ ဖလမ်းမှာ Chinland Council တပ်ဖွဲ့တွေ အနှောက်အယှက်မပေးဖို့ ချင်းညီနောင်တို့ တောင်းဆို

ချင်ညီနောင်နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေဟာ မင်းတပ်နဲ့ ဖလမ်းတို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်ကနေ စတင်ပြီး ချင်းညီနောင်စစ်ဆင်ရေး (Operation CB) ကို ချင်းပြည်နယ်အတွင်း စစ်တပ်ကင်းစင်ရေးဖော်ဆောင်ရာမှာ Chinland Council တပ်ဖွဲ့တွေအနေနဲ့ အနှောက်အယှက်မပြုဖို့ကို ချင်းညီနောင်တို့မှ သဘောထားချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။