SME လုပ်ငန်းတွေကို ငွေချေးဖို့ဆိုကာ ပြည်တွင်းကဘဏ် ၁၅ခုကို စစ်ကောင်စီက ကျပ်ဘီလီယံ ၁၅၀ ကို ငွေဖြည့်ပေးလိုက်တာကြောင့် ငွေကြေးဖောင်းပွမှုဆီကိုသာ ဦးတည်နိုင်ကြောင်း စီးပွားရေး ပညာရှင်တွေက ထောက်ပြပါတယ်။

ပြည်တွင်းက ဘဏ် ၁၅ခုကို စစ်ကောင်စီက ကျပ်ဘီယံ ၁၅၀ ကို ထုတ်ချေးမည်ဖြစ်ကြောင်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြလာပါတယ်။

မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်တို့အပါအဝင် ဘဏ်၁၅ခုကို  ချေးငွေအဖြစ်ပေးအပ်သွားမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့လတွေက ဘဏ်အချို့ကို ချေးငွေစည်းမျဉ်းတွေကျော်လွန်ကာ အရေးယူမှုတွေ ရှိခဲ့ပြီးနောက် အခုလို ငွေထုတ်ချေးလိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက စတင်ကာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဗဟိုဘဏ်က ပြည်တွင်းက ဘဏ်တွေကို အပ်ငွေရော၊ ချေးငွေပါ အတိုးနှုန်းတွေ မြှင့်တင်ဖို့ ညွှန်ကြားချက်တစ်ရပ်လည်း ထုတ်ပြန်ခဲ့ပြီးနောက် ဘဏ်အများစုမှာ အတိုးနှုန်းတွေ မြင့်တက်လာခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူအများစုဟာ ငွေကိုလိုအပ်သလို ထုတ်ဖို့ခက်လာတဲ့ ဘဏ်တွေအပေါ်ယုံကြည်မှုလျော့နည်းလာပြီး အခြားသော ဒေါ်လာနဲ့ ရွှေလို ခိုင်မာတဲ့ ရင်းနှီးမြှုပ်နှံမှုဘက်တွေကို ပြောင်းလဲလာကြခြင်းဖြစ်ပါတယ်။

ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ ဘဏ်တွေဆီ ပြန်လည်ရောက်ရှိလာဖို့ ဗဟိုဘဏ်က အတိုးနှုန်းတွေမြှင်တင်ခိုင်းခဲ့ပြီး  ဘဏ်တစ်ဘဏ်ချင်းစီအလိုက် ဗဟိုဘဏ်မှာ အာမခံထားရှိရမယ့် Capital Ratio အချို့ကိုလည်းမြင့်ပေးဖို့ဖိအားပေးညွှန်ကြားမှုတွေလည်းရှိခဲ့တာပါ။

အခုလည်း ထပ်မံပြီး SME လုပ်ငန်းတွေဆီ ငွေထုတ်ချေးနိုင်ဖို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြည်သူတွေဘဏ်တွေအပေါ် ပြန်လည်စိတ်ဝင်စားလာအောင် ဆွဲဆောင်လာခြင်းပဲ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ တိုင်းပြည်စီးပွားရေးနှင့်ဘဏ္ဍာရေးအကြပ်အတည်းဖြစ်လာချိန်တွင်ငွေစက္ကူအများအပြာ းရိုက်ထုတ်သောနည်းဖြင့်ဖြေရှင်းခြင်းကိုသာ ဆက်တိုက်သုံးစွဲလာခြင်းကို အဆိုးဆုံးအခြေအနေကို ဦးတည်စေတယ်လို့ လုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။

လက်ရှိ ဘဏ်တွေကို ကျပ်ဘီလီယံ ၁၅၀ ထုတ်ချေးမှုဟာလည်း ငွေစက္ကူရိုက်ထုတ်မှု အချို့ရှိနိုင်သလို ပြည်တွင်းက ပုဂ္ဂလိကဘဏ်တွေက ရရှိလာတဲ့ ငွေအများစုဟာ SME လုပ်ငန်းတွေဆီရောက်မရောက်ကိုလည်း စောင့်ကြည့်ရမယ်လို့ စီးပွားရေးပညာရှင်တွေက ထောက်ပြပါတယ်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက်ပိုင်း ၃ နှစ်အတွင်း ကျပ် ၃၀ ထရီလီယံ(၁ ထရီလီယံတွင် ၁၀၀၀ ဘီလီယံရှိသည်) ခန့် ရိုက်ထုတ်ခဲ့ကြောင်း NUG ရဲ့ ဗဟိုဘဏ် အကြံပေး မစ္စတာရှောင်တာနာက ထုတ်ဖော်ပြောဆိုထားပါတယ်။

A soldier walk to an armoured vehicle outside the Central Bank of Myanmar, as people gathered to protest against the military coup, in Yangon on February 15, 2021. (Photo by Sai Aung Main / AFP) (Photo by SAI AUNG MAIN/AFP via Getty Images)
0 Shares:
You May Also Like
Read More

ရေစကြိုတောင်ပိုင်း ဗလဘရွာကို စစ်ကောင်စီ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီး၊ အကြမ်းဖက်စစ်ကြောင်းကြောင့် ကျေးရွာပေါင်း ၁၀ရွာ ထက်မနည်းမှ အရပ်သား ၆ထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ ပခုက္ကူ တပ်မ ၁၀၁ နဲ့ ရေစကြိုတပ်ရင်း စစ်အုပ်စုတွေက မြို့တောင်ပိုင်းကျေးရွာတွေကို ကုန်းကြောင်း လေ​ကြောင်းတွေနဲ့ စစ်​ကြောင်းထိုးဝင်ရောက်ရင်း ဗလဘရွာကိုလည်း ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Yesagyo Township Info Committee တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကောလင်းခရိုင်တပ်ရင်း ၂ ဆီ လက်နက်နဲ့ အလင်းဝင်လာသူတွေကို ကျပ်သိန်း ၃၀ စီ ဆုချီးမြှင့်

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့တွင်းက အကြမ်းဖက်စစ်ကောင်စီတပ်တွေကနေ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကောလင်းခရိုင် တပ်ရင်း ၂ ထံ လက်နက်နဲ့ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကျပ်သိန်း ၃၀ စီ ဆုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ် ကြည်း၊ ရေ၊ လေ ပူးပေါင်းခုခံသည့်တိုင် ဘောမိကျေးရွာမှ ထိခိုက်သေဆုံးများစွာနှင့် ဆုတ်ခွါထွက်ပြေးခဲ့ရ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်ထဲမှာရှိပြီး ရခိုင်နဲ့ ထိစပ်နေတဲ့ ဘောမိကျေးရွာမှာ အာရက္ခတပ်တော် AA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြပြီး ထိခိုက်သေဆုံးမှုများစွာနဲ့ စစ်ကောင်စီတပ်တွေ ဆုတ်ခွါပေးခဲ့ရတယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်တဲ့ ရေတာရှည် ပူးပေါင်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီဘက်က အရာရှိအပါ ၂၀ ကျော် သေကာ အထိနာ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အနောက်ဖက်ကမ်းမှာ ဖြစ်ပွားခဲ့တဲ့ တစ်ရက်တာ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိအပါအဝင် ၂၄ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၂၆ယောက်နဲ့ အထိနာသွားခဲ့တယ်လို့ နေပြည်တော် PDF တပ်ရင်း ၈၀၄ သတင်းပြန်ကြားရေးတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

နမ့်ဆန်၊ မန်တုံနှင့် မိုင်းငေါ့မြို့နယ်တွင် စစ်အုပ်စု လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ (၂) ဦး ထိမှန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်၊ မန်တုံနဲ့ မိုင်းငေါ့မြို့နယ်တွေမှာ အကြမ်းဖက်စစ်တပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ (၂) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျောက်ကြီးမြို့နယ်တွင် အကြမ်းဖက်စစ်တပ် ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ အာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၁ ယောက် သေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ထားပါတယ်။