စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့တွင်းက အကြမ်းဖက်စစ်ကောင်စီတပ်တွေကနေ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကောလင်းခရိုင် တပ်ရင်း ၂ ထံ လက်နက်နဲ့ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကျပ်သိန်း ၃၀ စီ ဆုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

လက်နက်နဲ့ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကောလင်းခရိုင် တပ်ရင်း ၂ က တစ်ယောက်ကို ငွေကျပ် သိန်း၃၀ ချီးမြှင့်ပြီး ဘေးကင်းရာမှာ လုံခြုံစွာ ထားရှိထားတယ်လို့ ကောလင်းခရိုင်တပ်ရင်း ၂ က ဆိုပါတယ်။

လက်နက်နဲ့ အလင်းဝင်လာသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေ လုံခြုံရေးအတွက် တပ်နာမည်နဲ့ သူတို့နာမည်တွေကို ထုတ်ပြန်ပြောဆိုတာမျိုး မပြုလုပ်ဘူးလို့လည်း ကောလင်းခရိုင်တပ်ရင်း ၂ က ဆိုပါတယ်။

ကောလင်းမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်ဆီ ပြန်လည်လက်လွှတ်လိုက်ရတဲ့အချိန်ကစလို့ အခုချိန်အထိ ကောလင်းတပ်ရင်း ၂ ဆီ လက်နက်နဲ့ အလင်းဝင်လာသူ ၆ ယောက်၊ လက်နက်မပါဘဲ အလင်းဝင်လာသူ ၄ ယောက် ရှိပြီဖြစ်တယ်လို့ ကောလင်းခရိုင် တပ်ရင်း ၂ က ထုတ်ပြန်ထားပါတယ်။

(ဓာတ်ပုံ ကောလင်းခရိုင် တပ်ရင်း ၂)

0 Shares:
You May Also Like
Read More

အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF က အထူးစစ်ဆင်ရေးသင်တန်း အပတ်စဥ် (၈) သင်တန်းသားများ ခေါ်ယူနေ…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းစစ်ဒေသရဲ့ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်တဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF (P29999/အထူးတပ်ဖွဲ့) က သင်တန်းလေ့ကျင့်ရေးအပတ်စဥ် (၈) အတွက် သင်တန်းသား၊သင်တန်းသူတွေကို စတင် စိစစ်လက်ခံနေပြီဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ကြေညာထားပါတယ်။
Read More

မိမိက နိုင်ငံကို တိုးတက်အောင်လုပ်နေပြီး တိုင်းရင်းသားခေါင်းဆောင်တွေက တိုင်းပြည်ကို ပြိုကွဲအောင်လုပ်နေတယ်လို့ နှစ်သစ်အစမှာ မင်းအောင်လှိုင် ပြော

တိုင်းရင်းသားခေါင်းဆောင်တွေဟာ ဖက်ဒရယ်နဲ့ တိုင်းရင်းသားအခွင့်အရေးလို့ပြောနေပေမယ့် လက်တွေ့မှာ နိုင်ငံကို ပြိုကွဲအောင်လုပ်ဆောင်နေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
Read More

စစ်ကော်မရှင်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖားကန့်ဒေသခံ ၇ ဦး ထိမှန်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ကိုရင်တွေနဲ့ အရပ်သားတွေ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ရေနံချောင်းနယ်ဘက်ကို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စု မိုင်းဆွဲခံရလို့ ၃ ဦး သေဆုံး

မကွေးတိုင်း ၊ ရေနံချောင်းမြို့နယ်ထဲကို အင်အားအများအပြား နဲ့ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုမိုင်းဆွဲခံရတဲ့အတွက် ထိခိုက်သေဆုံးတာတွေရှိတယ်လို့ People's Defence Force -Yenangyaung (YNG-PDF) တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

စစ်ကောင်စီကို တိုက်ခိုက်နေသည့် NUG ၊ EAO နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့ အားလုံးကို နည်းပညာပိုင်းအရ ကူညီရန် အသင့်ရှိကြောင်း Federal Wings ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EAO) တွေနဲ့ ဒေသတွင်း(Local) လက်နက်ကိုင်တပ်ဖွဲ့ အားလုံးကို နည်းပညာပိုင်းအရ ကူညီဖို့ အသင့်ရှိတယ်လို့ Federal Wings ဒရုန်းတပ်ဖွဲ့က ဒီနေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

တိုင်းပြည်စီးပွားရေး ကျဆင်းနေလို့ ကျေးရွာတွေကို မိးရှို့ဖျက်စီးနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စိုက်ပျိုးရေးနဲ့ မွေးမြူရေးမှာ အားစိုက်ဖို့ တိုက်တွန်းပြန်

မြန်မာ့စီးပွားရေးက  ဆိုးဆိုးရွားရွားကျဆင်းနေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဝန်ခံပြောကြားလိုက်ပါတယ်။