ကရင်ပြည်နယ်က ကော့ကရိတ်မြဝတီ အာရှလမ်းမကြီးကို ထိန်ချုပ်နိုင်ဖို့ အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားဖြည့်တင်းပြီး ထိုးစစ်ဆင်လာနေတာကြောင့် စစ်တပ်နဲ့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ မြေပြင်တော်လှန်ရေး တပ်ဖွဲ့တွေဆီက သိရပါတယ်။

စစ်ကောင်စီက မြေပြင်ထိုးစစ်ဆင်မှုတွေ သိပ်မလုပ်နိုင်တော့ဘဲ သူတို့ရဲ့ စခန်းဟောင်းတွေဆီ စစ်အင်အား၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေကို လေကြောင်းကနေ ပို့ဆောင်ပေးကာ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ အောင်ဇေယျစစ်ကြောင်းဖွဲ့စည်းပုံပျက်ပြီး ပြန်ဆုတ်ခွာပြေးသွားခဲ့ပြီးနောက်  ဒေသတွင်းရှိတဲ့ BGF တွေနဲ့ ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားမှုတွေ ထပ်လုပ်လာနေခဲ့တယ်။ အကြမ်းဖက်စစ်တပ်ရဲ့ စခန်းဟောင်းတွေကို လူအင်အား၊ လက်နက်အင်အားတွေ ဖြည့်တင်းလာနေတယ်လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က မောင်းကိုပြောပါတယ်။

မြဝတီမြို့က ၂၇၅ တပ်ရင်းနဲ့ လေ့ကေကော်မြို့သစ်အနီးက စစ်ကောင်စီရဲ့ စွယ်တော်ကုန်း ခေါ် အမြှောက်ကုန်းကိုလည်း Y12 လေယာဥ်တွေနဲ့ လာရောက်ကာ စစ်သားအင်အား၊ လက်နက်နဲ့ ရိက္ခာတွေ နေ့စဥ်ဆိုသလို ဖြည့်တင်းလာနေပြီး ကော့ကရိတ်မြို့ပေါ်ကိုလည်း အကြမ်းဖက်စစ်သား အင်အားတွေ ပို့ဆောင်ပေးနေတယ်လို့ အထက်ပါတော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။

အကြမ်းဖက်စစ်တပ်က အောက်တိုဘာ ၅ရက်နေ့တုန်းကလည်း လေ့ကေကော်မြို့သစ်က အရပ်သားပစ်မှတ်တွေကို လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

ကော့ကရိတ်နယ်မြေအတွင်း လှုပ်ရှားနေသော တော်လှန်ရေးတပ်ဖွဲ့များ (ဓာတ်ပုံ CJ)
0 Shares:
You May Also Like
Read More

KNDF အမှတ် (၅) တပ်ရင်းက ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှုပုံရိပ်တွေနဲ့ ပေးဆပ်ခဲ့ရမှု ပုံရိပ်များ (ဓာတ်ပုံသတင်း)

ကရင်နီပြည်အခြေစိုက် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) - အမှတ် (၅) တပ်ရင်းက ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှုပုံရိပ်တွေနဲ့ ပေးဆပ်ခဲ့ရမှု ပုံရိပ်တချို့ကို အဆိုပါတပ်ရင်းက ဒီနေ့မှာ ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

စစ်ရှောင်နေအိမ်များကို ဖောက်ထွင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စောင့်ကြိုတိုက်ခိုက်ခံရ​၊ ၆ ဦး သေပြီး အများအပြား ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ ပဲခူးတိုင်းအစပ်က စစ်ရှောင်ကျေးရွာတွေကို ဖောက်ထွင်းပြန်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်သား ၆ယောက်သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ကူမရတာကြောင့် စစ်ကောင်စီတပ်များ ဆုတ်ခွာတော့မည်ဟု သတင်းထွက်နေသည့် ညောင်ကျိုးစခန်း 

ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်း နယ်စပ်မှာရှိတဲ့ ညောင်ကျိုးစခန်းကို စစ်ကောင်စီတပ်တွေက စစ်ကူ ထပ်မပို့နိုင်တော့တာကြောင့် အဲဒီစခန်းကို လက်လွှတ်လိုက်တော့မယ် အခြေအနေ ဖြစ်နေတယ်လို့ တပ်တွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

လွတ်ရက်စေ့ပြီး ပြန်လွတ်လာတဲ့ နိုင်ကျဉ်းကို ဒကစမှူးနဲ့ အပေါင်းအပါတွေ အမှုဆင်ငွေညှစ်ပြီး မတရားဖမ်းဆီးထား

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ လွတ်ရက်စေ့ပြီး ပြန်လည်လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသားတစ်ယောက်ကို ဒကစမှူး အောင်နိုင်ဦး ဦးဆောင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မတရားငွေညှစ်တောင်းခံရင်း ဖမ်းဆီးချုပ်နှောင်တာတွေလုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက မောင်းကို ပြောပါတယ်။
Read More

လွတ်လပ်ပြီး တရားမျှတသည်ဆိုတဲ့ ရွေးကောက်ပွဲအတုတွင် မပြိုင်ရသေးဘဲ ကြံ့ခိုင်ရေး အနိုင်ရနေ

အာဏာသိမ်းစစ်တပ်ရဲ့ လက်ပါးစေ နိုင်ငံရေးပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီ USDP ဟာ စစ်တပ်ကပဲ စီစဥ်ပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲ မစတင်ခင်အချိန်မှာ လွှတ်တော်အမတ်နေရာ ၂၈ နေရာကို အနိုင်ရနေပြီ ဖြစ်ပါတယ်။
Read More

အင်းတော်၊ ဂျပန်လှိုဏ်ဂူစခန်းမှ ထွက်ပြေးသွားသည့် တပ်မ ၇၇ တပ်မမှူးကို အရှင်ဖမ်းမိ

အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း နောက်ဆုံးလက်ကျန် ဂျပန်လှိုဏ်ဂူစခန်းကနေ စခန်းစွန့်ခွာ ထွက်ပြေးသွားတဲ့ စစ်ကောင်စီရဲ့ တပ်မမှူး အောင်သက်ဦးနဲ့အဖွဲ့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ကသာမြို့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။