ရခိုင်ပြည်နယ် ဂွမြို့နယ်အတွင်းက တိုက်ပွဲတွေဆီ စစ်ကူပို့လိုက်တဲ့ အကြမ်းဖက်စစ်တပ်ယာဥ်တန်း လမ်းမှာ ကားမှောက်ပြီး စစ်သားတချို့သေကာ ထိခိုက်မှုတွေလည်းရှိခဲ့ကြောင်း စစ်တပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

ဧရာဝတီတိုင်းထဲက အကြမ်းဖက်စစ်သားတွေကို စစ်ယာဉ်တန်း ၈စီးနဲ့ ပို့ခဲ့တာဖြစ်ပြီး ရိုးချောင်း တောင်ပေါ်လမ်းမှာ ၂စီး တိမ်းမှောက်ခဲ့တာကြောင့် ၆ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အားလုံး အကြမ်းဖက်စစ်ကား ၈စီးနဲ့ ဂွမြို့နယ်ကိုအပို့ခံရတာ။ အောက်တိုဘာ ၄ရက်နေ့က မိုးအရမ်းရွာလို့ လမ်းချော်ပြီး ရိုးလမ်းဘေးထိုးကျတိမ်းမှောက်သွားတာ။ အကြမ်းဖက်စစ်သား ၆ ဦးသေတယ်။ အများအပြား ထိခိုက်ဒဏ်ရာတွေ ရထားတယ်လို့ စစ်တပ်နဲ့နီးစပ်သူတစ်ယောက်က ပြောပါတယ်။

ဂွမြို့နယ်ကို တက်သွားတဲ့ ယာဥ်တန်းကတော့ ဧရာဝတီတိုင်းထဲက မြို့နယ်တွေက အပို့ခံရတဲ့အကြမ်းဖက်စစ်ယာဥ်တန်းပဲ။ သေတာ ဘယ်မြို့နယ်က အကြမ်းဖက်တပ်ကလဲဆိုတာ မသိရသေးဘူးလို့ အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။

ဧရာဝတီတိုင်းထဲဟာ စစ်သားအများစုဟာ ရခိုင်ပြည်နယ် တိုက်ပွဲတွေဆီ အပို့ခံနေရပြီး တပ်ရင်းလိုက် သေဆုံးမှုတွေ ရှိနေတာကြောင့် စစ်ကောင်စီဟာ တပ်တွေရဲ့ ထုတ်နုတ်အင်အားတွေနဲ့ သင်တန်းဆင်း တပ်သားသစ်တွေကိုပါ ပို့ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၃ ခုနှစ်က မော်လမြိုင်မှာ တိမ်းမှောက်ခဲ့တဲ့ စစ်ကားတစ်စီး (ဓာတ်ပုံ အင်တာနက်)
0 Shares:
You May Also Like
Read More

ငဖဲမြို့နယ်၊ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း၏ ကာကင်းစခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်က ၁ ဦးသေပြီး ၁ ဦးအရှင်ဖမ်းမိကာ လက်နက် ၆ လက် သိမ်းဆည်းရမိ…

မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းရဲ့ ကာကင်းစခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ရာ စစ်သား ၁ ယောက် သေပြီး ၁ ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနှင့် ဖယ်ခုံမြို့နယ်များတွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေ၊ စစ်တပ်က အရာရှိများအပါ သေဆုံးသူများပြားပြီး စစ်သား ၃ ဦး လက်နက် ခဲယမ်းများနှင့် အလင်းဝင်

ကရင်နီပြည်နယ်ရှိ လွိုင်ကော် ၊ ဒီးမော့ဆို ၊ ဖရူဆိုမြို့နယ်တွေနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံ မြို့နယ်တို့မှာ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေပြီး စစ်တပ်က အရာရှိအပါအဝင် စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ဗဟိုက ထုတ်ပြန်ထားပါတယ်။
Read More

သာကေတက အငြိမ်းစားရဲမှူးဟောင်းကို AA နဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး စစ်ကောင်စီ ဖမ်းဆီး

ရန်ကုန်တိုင်း သာကေတမြို့နယ် အမှတ် ၇ ရပ်ကွက်မှာ နေထိုင်တဲ့ အငြိမ်းစား ရဲမှူရဟောင်း ဦးရွှေဇံ ဆိုသူကို အကြမ်းဖက် စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၆ ရက်မှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရဲအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

PDF နှင့် လက်တွဲတိုက်ပွဲဝင်ခဲ့သည့် တိုင်းရင်းသားတပ်ဖွဲ့များ၊ ဒေသကာကွယ်ရေးတပ်များကို ကျေးဇူးတင်ကြောင်း NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြော၊ PDF ၏ အောင်ပွဲသည် ပြည်သူ့အောင်ပွဲ၊ တော်လှန်ရေးအောင်ပွဲ ဖြစ်သည်ဟု ဆို

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့်ပြီဖြစ်ကာ ၄နှစ်အတွင်းမှာ စစ်တပ်ကို ဖိအားပေး တိုက်ပွဲဝင်နိုင်ခဲ့ပြီး အောင်မြင်မှု များစွာရရှိထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ၄ နှစ်ပြည့် အထိမ်းအမှတ် မိန့်ခွန်းမှာ ပြောပါတယ်။
Read More

ဗိုလ်​ကြီးအပါ စစ်ကောင်စီတပ်က ၅ ယောက်သေခဲ့တဲ့ သံဖြူဇရပ်က ခမရ ၅၈၈ စခန်း တိုက်ခိုက်မှုမှာ ကျဆုံးခဲ့တဲ့ ရဲဘော် ၂ ယောက်ရဲ့ စျာပနအခမ်းအနား (ဓာတ်ပုံသတင်း)

မွန်ပြည်နယ်၊ ရေး-သိမ်ဇရပ်ကားလမ်းမပေါ်ရှိ စံပြကျေးရွာအနီး တပ်စွဲထားတဲ့ ခမရ ၅၈၈ တပ်စခန်းကို တိုက်ခိုက်ချိန်က ကျဆုံးခဲ့တဲ့ တော်လှန်ရေးရဲဘော် ၂ ယောက်ရဲ့ စျာပနပုံရိပ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ဒေါနစစ်ကြောင်းက မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

ကေတုမတီ လေတပ်ဝန်းအတွင်း ဆီလှောင်ကန်များရှိရာကို ရှော့တိုက်ဒုံး ၆ လုံးဖြင့် တိုက်ခိုက်ရာ ၆ လုံးစလုံး အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က အကြမ်းဖက်စစ်အုပ်စုရဲ့ ကေတုမတီလေတပ်ဝန်းအတွင်းကို ရှော့တိုက်ဒုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်မှုမှာ စစ်အုပ်စုထိခိုက်မှုတွေရှိနိုင်ကြောင်း Brave Warriors For Myanmar (BWM) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ ဒီဇင်ဘာလ၉ရက် မနေ့ညပိုင်းမှာ တောင်ငူ ကေတုမတီလေတပ်ဝန်းထဲမှာရှိတဲ့ ဆီလှောင်ကန်တွေရှိရာကို BWM နဲ့ မဟာမိတ်တွေက ရှော့တိုက်ဒုံးတွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။