ဘုတလင်မြို့နယ် တိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းဗိုလ်ကြီး အောင်ကျော်ဇင်ဆိုသူဟာ ပြည်သူတွေကို နှိပ်စက်ညှင်းပန်းသတ်ဖြတ်ပြီး နေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။
အဲဒီ စစ်သုံ့ပန်း ဗိုလ်ကြီးရဲ့ ပြောကြားမှုကို မုံရွာခရိုင်အမှတ်(၂၀)တပ်ရင်း (Battalion of Budalin-BOV) က ဒီနေ့ အောက်တိုဘာ ၆ ရက်နေ့မှာ ရုပ်သံနဲ့တကွ ထုတ်ပြန်လာခြင်း ဖြစ်ပါတယ်။
စက်တင်ဘာ ၃၀ ရက်နေ့က ဘုတလင်မြို့ကို ပြန်လာတဲ့ အင်အား (၈၅) ယောက်ပါ စစ်ကောင်စီ စစ်ကြောင်းကိုတော်လှန်ရေး အင်အားစုတွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ၄၀ ကျော်ကို စစ်သုံ့ပန်းအဖြစ် လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ဖားကန့်တွင် စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာရှိ ကောင်းပြည့်ဆီဆိုင်အနီး အကြမ်းဖက်စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ ယောက် သေဆုံးကာ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

သံဖြူဇရပ်မြို့နယ်အတွင်း စစ်ကော်မရှင်တပ် ကင်းပုန်းကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရှူးဘူတာနားရှိ စစ်ကော်မရှင်တပ်ကင်းပုန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Mon State Revolutionary Force က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း ရဲဘော်တွေအတွက် ကျည်ကာဦးထုပ်၊ ကျည်ကာပြားနဲ့ အီကွေ့မန့်တွေ တပ်ဆင်ပေး (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်း ရဲဘော်တွေအတွက် အမှတ် (၁) တပ်ရင်း ဘဏ္ဍာရေးရှာဖွေရေးကော်မတီ ''ဝိုင်းတွန်းဇို့''က ကျည်ကာဦးထုပ်၊ ကျည်ကာပြားနဲ့ အီကွေ့မန့်တွေ တပ်ဆင်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ကောလင်းမြို့နယ်က စစ်ကော်မရှင်ရဲ့ သစ်ဖုလှစခန်းသိမ်းတိုက်ပွဲ မှတ်တမ်းရုပ်သံ

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်ထဲက စစ်ကော်မရှင်ရဲ့ သစ်ဖုလှစခန်းသိမ်းတိုက်ပွဲ မှတ်တမ်းရုပ်သံကို ကောလင်းခရိုင်တပ်ရင်း၁ က ထုတ်ပြန်လိုက်ပါတယ်။ ကောလင်းမြို့နယ် ကျောက်တန်းလမ်းဆုံအနီးရှိ သစ်ဖုလှဘုရားကုန်းမှာ စစ်ကော်မရှင်တပ်စွဲထားတဲ့ စခန်းကို တော်လှန်ရေးတပ်တွေက ဒီဇင်ဘာ ၂၀ ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
Read More

ငါန်းမြာကြီးရဲကင်းစခန်းသို့လာသည့် စစ်ကား ၄ စီးကို ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၇ ဦးသေပြီး ဗိုလ်အပါအဝင် ၂ ဦး ဖမ်းဆီးရမိ (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရဲကင်းစခန်းသို့ တပ်ချိန်းဖို့နဲ့ လက်နက်ရိက္ခာလာပို့တဲ့ စစ်ကောင်စီတပ် ယာဉ် ၄ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၇ ယောက်သေပြီး ဗိုလ် ၁ ယောက်အပါအဝင် ၂ ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ TGYR - Youth Guerrilla Counter Revolution -NZ အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

Southern Eagle PDF ဆေးမှူး ရဲဘော် Lightning ၏ စျာပန (ရုပ်/သံ)

ပဲခူး-ရန်ကုန် လမ်းပိုင်းတိုက်ပွဲတစ်နေရာမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ဆေးမှူး Lightning ရဲ့ နာရေးစျာပနရုပ်သံကို Southern Eagle PDF က ထုတ်ပြန်လိုက်ပါတယ်။