စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်နဲ့ ရေဦးမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။

မနေ့က အောက်တိုဘာ ၅ ရက် နေ့လည်ပိုင်းမှာ တံတားဦးလေတပ်ကနေ တက်လာတဲ့ Mi 35 တိုက်လေယာဉ်၂စီးနဲ့ဒီပဲယင်းမြို့ပတ်ချာလည်ကိုဗုံးကြဲတိုက်ခိုက်သွားတာဖြစ်ပါတယ်။

ဒီပဲယင်း၊  မြို့မရပ်ကွက်၊ တောင်ပြင်ရပ်ကွက်တို့နဲ့  ကံပြားရွာကို ပစ်ခတ်သွားတယ်။ နေအိမ်အဆောက်အဦးတွေ ထိခိုက်ပျက်စီးတာများတယ်။လို့ People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) ကမောင်းကိုပြောပါတယ်။

တဆက်တည်းမှာပဲ ညနေပိုင်းမှာ စစ်ကောင်စီတပ်ဟာ တံတားဦးလေဆိပ်ကနေ တက်လာတဲ့ Yak-130 ဖိုက်တာလေယာဉ်နဲ့ ဒီပဲယင်းမြို့ပေါ်ကို ပေါင် ၅၀၀ ဗုံး ၁လုံး ကြဲချခဲ့ပြီးနောက် ရေဦးမြို့နယ်အနောက်ခြမ်းက တင်းတိမ်ရံရွာကိုလည်း ပေါင်၅၀၀ ဗုံး ၁လုံး ထပ်မံ ကြဲချ တိုက်ခိုက်သွားတယ်လို့ သိရပါတယ်။

ကိုထူးခန့်ဇော်က ဆက်လက်ပြီးနောက်တစ်ကြိမ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် တင်းတိမ်ရံရွာ စျေးအနီးမှာနေထိုင်တဲ့ အမျိုးသမီးကြီးတစ်ဦး သေဆုံးခဲ့ပြီး  တစ်ဦးဒဏ်ရာရရှိခဲ့တယ်။ ဘာတိုက်ပွဲမှ မရှိဘဲ လေကြောင်းတိုက်ခိုက်နေတာပါလို့ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ရေဦးနယ်အနောက်ခြမ်းက မစိုးရိမ်ရွာ၊ တင်းတိမ်ရံရွာ၊ ရွာမရွာ၊ ရှော်ဖြူရွာတို့က ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရေဦးမှာ ပြည်သူပိုင်နေအိမ်တွေ မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း (ရေဦးPDF) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လက်ရှိ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို အစွမ်းကုန် ကြိုးပမ်းကာကွယ်သွားမယ်လို့ TNLA ပြော

TNLA က လက်ရှိထိန်းချုပ်ထားတဲ့ နယ်မြေမှာ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား ထပ်မံအခြေမစိုက်နိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းကာကွယ်သွားရမယ်လို့ PSLF/TNLA ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောကြားလိုက်ပါတယ်။
Read More

ဒေါနစစ်ကြောင်း (၂)၊ ရေးပြောက်ကျားတပ် (YGF) မှ ရှေ့တန်းစစ်မြေပြင်များတွင် တာဝန်ထမ်းဆောင်နေသည့် ရဲဘော်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ ဒေါနစစ်ကြောင်း (၂) ၊ ရေးပြောက်ကျားတပ် (YGF) အနေနဲ့ စိုးမိုးနယ်မြေတွေနဲ့ ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေရဲ့ မှတ်တမ်းပုံရိပ်တွေကို ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။‎
Read More

စကခ (၁၉) က ပြန်လာသည့် စစ်ကားကို ရေးပြောက်ကျားတပ်က ကြားဖြတ်တိုက်ခိုက်

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကမ -၁၉) က ထွက်လာတဲ့ စစ်ကားကို စောင့်ကြိုတိုက်ခိုက်ရာမှာ ကားပေါ်ပါလာတဲ့ တပ်ရေးဗိုလ်ကြီး ၁ယောက်အပါအဝင် ၄ ယောက် ထိခိုက်ခဲ့ကြောင်း ရေးပြောက်ကျားတပ်-YGF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဝင်းဒရယ်ကျေးရွာ စာသင်ကျောင်းနားမှာ ဒေသခံတွေ သဘောမတူဘဲ တပ်စခန်းလာဆောက်နေတဲ့ ခွဲထွက် DKBA စခန်းသစ် ဒရုန်းနဲ့ ဗုံးကြဲသတိပေးခံရ

ကရင်ပြည်နယ်၊ တပ်မဟာ ၁ နယ်မြေ၊ သထုံခရိုင်၊ ဖားအံမြို့နယ် ဝင်းဒရယ်ကျေးရွာက စာသင်ကျောင်းနားမှာ စခန်းအသစ်တည်ဆောက်နေတဲ့ ဗိုလ်ဘိ ဦးဆောင်တဲ့ ခွဲထွက် DKBA တပ်ဖွဲ့ကို ဒရုန်းနဲ့ ဗုံး၁လုံးကြဲချကာ ပထမဆုံးအကြိမ် သတိပေးခံခဲ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ကျိုက်ဒုံနဲ့ နို့တကောမှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁) ယောက် ထိမှန်သေဆုံး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံမြို့နဲ့ နို့တကောမြို့နယ်တွေမှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းပစ်ခတ် တိုက်ခိုက်မှုကြောင့် အရပ်သူ အမျိုးသမီး (၁) ယောက် ထိမှန်သေဆုံးပြီး အဆောက်အဦးတချို့ ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ပါတယ်။