မကွေးတိုင်း၊ ဆောမြို့နယ် အမှတ် (၁) စစ်ဒေသထဲက စိုးမိုးနယ်မြေတစ်ခုမှာ ရေဘေးသင့်ခဲ့တဲ့ ကျေးရွာတစ်ရွာကို ငွေကျပ် ၁၈၄ သိန်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း The Youth Force-Saw & Kyaukthu ကထုတ်ပြန်ပါတယ်။
ရေဘေးသင့် ကျေးရွာအတွက် ဂန့်ဂေါ ခရိုင် တပ်ရင်း (၁၃)က ငွေကျပ် ၁၈၄ သိန်း ထောက်ပံ့ ပေးခဲ့တာပဲဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ဆောမြို့နယ် ကျန်းမာရေးတာဝန်ခံရဲ့ ချိတ်ဆက်မှုနဲ့ မြို့နယ် ရပ်ကျေး အုပ်ချုပ် ရေးမှူးတွေ၊ ကျန်းမာရေး အဖွဲ့ဝင်တွေကတဆင့် လှူဒါန်းခဲ့တာလည်း ဖြစ်ပါတယ်။
ရေဘေးဒဏ်ခံစားနေရတဲ့ အဲဒီကျေးရွာအတွက် အိမ်ထောင်စုတစ်စုကို ငွေကျပ် ၁ သိန်း နှုန်း နဲ့ အိမ်ထောင်စု ၁၈၄ ခုစာ ထောက်ပံ့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
0 Shares:
You May Also Like
Read More

နတ်မြစ်အတွင်း ရေကြောင်းခရီးသွားလာမှုကို AA အကန့်အသတ်မရှိ ပိတ်၊ လက်ကျန်စစ်ကောင်စီတပ်ဖွဲ့၀င်များအား ရှာဖွေရှင်းလင်းနေ

စစ်ကောင်စီကို ပိတ်ဆို့တိုက်ခိုက်နိုင်ဖို့ ရခိုင်ပြည်နယ်က နတ်မြစ်အတွင်း ရေကြောင်းခရီးသွားလာမှုတွေကို အချိန်ကာလ အကန့်အသတ်မရှိ ပိတ်ပင် တားမြစ်လိုက်တယ်လို့ AA ကထုတ်ပြန်ပါတယ်။
Read More

ပြည်နယ်အားကောင်းရေးမှသည် ပြည်ထောင်စုအားကောင်းရေးကို တည်ဆောက်မယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပူးတွဲကြေညာ၊ MNDAA ရဲ့ ရှေ့မတိုးနောက်မဆုတ် ကြေညာချက်ကို တန်ပြန်ထုတ်ပြန်ခြင်းဟု လည်းဆို

ပြည်နယ်အားကောင်းရေးမှသည် ပြည်ထောင်စုအားကောင်းရေးကို အခြေခံမူများနဲ့ အညီ တည်ဆောက်သွားမယ်လို့ တော်လှန်ရေးအင်အားစု ၉ဖွဲ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တွင် ပန်းပန်ခြင်း၊ အင်္ကျီအပြာ ဝတ်ဆင်ခြင်းကို အကြမ်းဖက်လုပ်ရပ်အဖြစ် သတ်မှတ်ကာ ဖမ်းဆီးထောင်ချဖို့ စစ်တပ်လော်ဘီများ လှုံ့ဆော်နေ

အာဏာသိမ်းစစ်ကောင်စီကနေ မတရား ဖမ်းဆီးအကျဉ်းချထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၁၉ရက် မနက်ဖြန်ဆိုရင် အသက် ၈၀ ပြည့်ပြီဖြစ်ပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ် ပြည်သူလူထုကြားမှာ လှုပ်ရှားမှုတွေ လုပ်ဆောင်ဖို့ တော်လှန်ရေးအင်အားစုတွေက နှိုးဆော်တိုက်တွန်းထားပါတယ်။
Read More

ပေါ်တာဆွဲဖမ်းဆီးခံရပြီး စစ်သားဖြစ်လာသူ ၂ ဦး အလင်းဝင်ရောက်လာနိုင်ဖို့ Burma Revolution Rangers အဖွဲ့ သွားရောက်ခေါ်ဆောင်

အကြမ်းဖက်စစ်ကောင်စီရဲ့ ပေါ်တာဆွဲဖမ်းဆီးခြင်းခံရပြီး စစ်ကောင်စီတပ်သားဖြစ်လာသူ ၂ ယောက်ကို အလင်းဝင်ရောက်နိုင်ဖို့ သွားရောက်ခေါ်ဆောင်ပေးခဲ့ကြောင်း Burma Revolution Rangers က ထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူ-မြိုင်လမ်းပေါ်က မြို့စောင့်ဂိတ်စခန်းကို တော်လှန်ရေးတပ်ပေါင်းစုများ ဝင်ရောက်တိုက်ခိုက်၊ စစ်သားနှင့် ရဲ ၁၂ယောက်ကို လက်နက်များနှင့်အတူ အရှင်ဖမ်းဆီးရမိ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့အရှေ့ဘက် မြိုင်-ပခုက္ကူလမ်းပိုင်းက စီမံကိန်းရုံး ခေါ် အကြမ်းဖက်မြို့စောင့်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့အပြီး၊ စစ်ကောင်စီတပ်သား နဲ့  ရဲ ၁၂ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ပကဖ သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီ အသက်သွေးကြောတစ်ခုဖြစ်သည့် ကပစစက်ရုံများ၏ တာဝန်ရှိသူများ စာရင်းကို တမာအင်စတီကျု ထုတ်ပြန် 

မြန်မာနိုင်ငံရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) တွေရဲ့ နောက်ကွယ်က အဓိက တာဝန်ရှိသူတွေကို တမာအင်စတီကျု ကနေပြီး “သေနတ်များနောက်ကွယ်မှ သွေးစွန်းလက်များ၊ မြန်မာစစ်တပ်၏ လက်နက်ထုတ်သူများအား ဖော်ထုတ်ခြင်း” အမည်နဲ့ သုတေသနအစီရင်ခံစာ တစ်စောင်ကို ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်မှာ ထုတ်ပြန်လာပါတယ်။