၂၀၂၄ ခုနှစ် စက်တင်ဘာလ အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ (Blood Money Campaign) အဖွဲ့က အောက်တိုဘာလ ၅ ရက်နေ့ မနေ့က သတင်းထုတ်ပြန်ပါတယ်။

ရှမ်း၊ ရခိုင်၊ ချင်း၊ ကချင်၊ ကယား၊ ကရင်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေးနဲ့ ပဲခူးစတဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ စစ်ကောင်စီက လေကြောင်းကနေ အကြိမ် ၃၅၀ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁၅ ဦးနဲ့ အမျိုးသမီး ၄၈ ဦးအပါအဝင် အရပ်သား ၂၁၇ ဦး သေဆုံးခဲ့ပြီး ၃၂၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

တိုက်ခိုက်မှုတွေ အတွင်း နေအိမ် သုံးရာကျော် (၃၀၃) လုံး၊ ဘာသာရေးအဆောက်အဦ ၁၆ လုံး၊ စာသင်ကျောင်း ခြောက်ကျောင်း၊ အချုပ်ထောင် နှစ်ခု၊ UN ရုံးခန်း တစ်ခုနဲ့ ဟိုတယ်သုံးလုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒီအချက်အလက်တွေဟာ သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့က မြန်မာပြည်တွင်း သတင်းမီဒီယာတွေမှာ ဖော်ပြတဲ့ ကိန်းဂဏန်းတွေကို အခြေခံပြီး ထုတ်ပြန်တာဖြစ်ပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ရန်နိုင်မင်း စစ်ဆင်ရေးအမည်နဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို အာဏာသိမ်းပြီးနောက်ပိုင်း စံချိန်တင်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေကြားထဲကနေ စစ်ကောင်စီဟာ လေကြောင်းကို အသုံးပြုခဲ့ပြီး အပြစ်မဲ့ အရပ်သား ပြည်သူတွေ သေဆုံးခဲ့ရပါတယ်။

အထူးသဖြင့် စစ်ကောင်စီဟာ ရှမ်းပြည်နယ်က ၎င်းတို့ လက်လွှတ်လိုက်ရတဲ့ ဒေသတွေကို ၂ ရက်လျှင် တစ်ကြိမ်နှုန်း လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။

သွေစွန်းငွေ Blood Money Campaign ၏ ထုတ်ပြန်ချက် (ဓာတ်ပုံ BMC)

0 Shares:
You May Also Like
Read More

ပြင်းပြင်းထန်ထန် လေ့ကျင့်သင်ကြားပေးခဲ့သည့် MDY-PDF ၏ အခြေခံစစ်ပညာသင်တန်း (အပတ်စဉ် – ၁၇) သင်တန်းဆင်းပွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF ရဲ့ အခြေခံစစ်ပညာသင်တန်း (အပတ်စဉ် - ၁၇) သင်တန်းဆင်းပွဲ အခမ်းအနားကို လွတ်မြောက်နယ်မြေတစ်နေရာမှာ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်တပ်လက်နက်ကြီးကြောင့် ကျောက်တံခါးတွင် ၆နှစ် ကလေးငယ်အပါ အရပ်သား ၄ ဦး သေဆုံး

ပဲခူးတိုင်း၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်မှာ စစ်ကောင်စီ အထိုင်တပ်တွေကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်လို့ ၆ နှစ်အရွယ် ကလေးငယ် အပါအဝင် အရပ်သား၄ ယောက် သေဆုံးခဲ့ကြောင်း ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တရုတ်နဲ့ ထိုင်း ကြားခံဝင်ရောက်လာတဲ့ မြန်မာနယ်စပ်ကုန်သွယ်ရေးက စစ်ကောင်စီအတွက် အသက်ရှူပေါက်ဖြစ်နေ

တရုတ်နဲ့ထိုင်းဟာ မြန်မာနိုင်ငံက နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီအကြား ဝင်ရောက်ညှိုနှိုင်းစေ့စပ် ဆွေးနွေးပေးနေတယ်လို့ ISP Myanmar ရဲ့ အစီရင်ခံစာတစ်ခုမှာ ဖော်ပြထားပါတယ်။
Read More

ကန့်ဘလူတွင် စစ်အုပ်စုက နေအိမ်များကို မီးရှို့၊ ပြည်သူ ၁ ဦးကို ပစ်သတ်ကာ ၅ ဦးကို ဖမ်းခေါ်သွား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းတိုက်နယ်အတွင်းမှာရှိတဲ့ ကျေးရွာတွေက နေအိမ်တွေကို စစ်အုပ်စုက မီးရှို့တဲ့အပြင် ဒေသခံတွေကိုလည်း ဖမ်းဆီးသတ်ဖြတ်နေတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

MBT တပ်ဖွဲ့ဝင် ရဲဘော် မိုးကြိုး စစ်ကောင်စီ၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံရ

မန္တလေးတိုင်း၊ မြင်းခြံအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ Myingyan Black Tiger (MBT) တပ်ဖွဲ့က ရဲဘော် မိုးကြိုးကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်လိုက်တယ်လို့ MBT က သတင်းထုတ်ပြန်ထားပါတယ်။