ကရင်ပြည်နယ် KNU တပ်မဟာ ၅ နယ်မြေ ကော်သူလေး မူတြော်ခရိုင်အတွင်း ဖားဂေါ်လိုးစခန်းမှ ပေါ်ခေးခိုကို တပ်ဆုတ်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၃၀ ထက်မနည်းသေကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ရင်းမှူး ၁ ယောက်နဲ့ တပ်ခွဲမှူးပါ သေဆုံးခဲ့ပြီး ၆၀ မမ လက်နက်ကြီး ၅ လက်၊ RPG ၁ လက်၊ MA-1 အမျိုးအစား သေနတ် ၁၆ လက်၊ MA-2 သေနတ် ၃ လက်၊ MA-3 သေနတ် ၅ လက်၊ MA-4 သေနတ် ၁ လက်၊ A-5 သေနတ် ၁ လက်၊ 9မမ ပစ္စတို သေနတ် ၁ လက်၊ စက်လတ် သေနတ် ၂ လက်၊ ဆက်သွယ်ရေးစကားပြောစက်ကြီး ၄ လုံး၊ စကားပြောစက်အသေး ၁ လုံးနှင့် မိုင်းရှင်းစက် ၁ လုံးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကိုင်းတိုင်းအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကို ၇ ရက်တာအတွင်း ဒရုန်းနဲ့ ဗုံးသီး ၃၂ လုံးကြဲချတိုက်ခိုက်

စစ်ကိုင်းတိုင်းအတွင်းက မင်္ဂလာပျူစခန်း၊ ပန်းရံပျူစခန်း၊ သီးလုံးပျူစခန်း၊ ဆိပ်ခွန်စခန်းနဲ့ မင်းကုန်း စစ်တပ်အထိုင်စခန်းတွေကို ၇ ရက်တာအတွင်း ဗုံးသီး ၃၂ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ HG FIGHTERS-Shwe Bo အဖွဲ့ထံက သိရပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ် ဖမ်းဆီးမိထားတဲ့ မူးယစ်ဆေးဝါး ၆ သိန်းကျော်ကို KNU မီးရှို့ဖျက်ဆီး (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဖားအံခရိုင်အတွင်း ဖမ်းဆီးမိထားတဲ့ မူးယစ်ဆေးဝါး ၆ သိန်းကျော် ထိုင်းဘတ် ၃၀၅၉ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNU-Hpa-An Districtမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

လောင်းလုံးတွင် ပေါ်တာဆွဲနေသည့် စစ်ကော်မရှင်တပ်ကို ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၆ ဦး သေပြီး ပြည်သူ ၆ ဦး လွတ်မြောက်လာ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း လူငယ်တွေကို ပေါ်တာဆွဲနေတဲ့ စစ်ကော်မရှင်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ယောက်သေဆုံးပြီး ပေါ်တာဆွဲခံထားရတဲ့ ပြည်သူ ၆ ယောက် လွတ်မြောက်လာတယ်လို့ လောင်းလုံးပကဖက သတင်းထုတ်ပြန်ထားပါတယ်။
Read More

မုံရွာမှ အရာတော်သို့ ရိက္ခာပို့လာတဲ့ စစ်ယာဉ်တန်းနဲ့ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမှအရာတော်သို့ ရိက္ခာပို့လာတဲ့စစ်ယာဉ်တန်းနဲ့ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ ယောက် သေပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ တောကျွဲကြီးပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ချောင်းဦး-မြင်းမူလမ်းပိုင်းမှာ ကြေးနီသယ်ယာဉ်တွေကို အစောင့်လိုက်ပါလာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တွေကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်းရှိ တပ်မ ၃၃ မှ မုံရွာမြို့ဘက်သို့ ကြေးနီသယ်လာတဲ့ တွဲယာဉ် ၅၀ ခန့်ကို လုံခြုံရေးပေးဖို့ လိုက်ပါလာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ် ၈ စီးကို ဇန်နဝါရီ ၂၂ ရက်က ချောင်းဦး-မြင်းမူ လမ်းပိုင်းတစ်နေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲထံက သိရပါတယ်။
Read More

ဖားကန့် KPDF ရဲဘော်များ၏ တော်လှန်သင်္ကြန်သံချပ် (ရုပ်/သံ)

ကချင်ပြည်နယ် ဖားကန့်မြို့မှာ ဧပြီ ၁၂ ရက်က ဖားကန့် KPDF ရဲဘော်တွေ သင်္ကြန်သံချပ်ထိုးပြီး တော်လှန်သင်္ကြန်ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။