ကရင်ပြည်နယ်အတွင်း တောတွင်းတစ်နေရာမှာ အကြမ်းဖက်စစ်တပ်ကို တိုက်ထုတ်နိုင်ဖို့ လက်နက်ခဲယမ်းတွေ လိုအပ်ချက်အရ တာဝေးပစ် ဗုံးသီးတွေ စမ်းသပ်တီထွင်ထုတ်လုပ်ရာ အောင်မြင်ခဲ့ပေမယ့် ကုန်ကျစားရိတ်လိုအပ်ချက်တွေ ရှိနေတယ်လို့ တာဝေးပစ် ဗုံးသီးထုတ်လုပ်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေ ထုတ်လုပ်တဲ့ တာဝေးပစ်ဗုံးသီးက အကြမ်းဖက်စစ်တပ်က သုံးနေတဲ့ ၈၁ မမ ဗုံးသီးပုံစံဖြစ်ပြီး ပေ ၆၀ နဲ့ ပေ ၁၀၀ ကြားကပစ်မှတ်ကို ထိခိုက်မှု ကောင်းတယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ ထုတ်လုပ်တဲ့ ဗုံးသီးကို လက်ရှိ စစ်မြေပြင်မှာ စတင်အသုံးပြုနေပါပြီ၊ စစ်ရေးပစ်မှတ်တွေကိုလည်း တိကျအောင် ခိုင်မာတဲ့နည်းပညာနဲ့ ထုတ်လုပ်နေပါတယ်၊ လိုအပ်မှုတွေကတော့ရှိတာပေါ့၊ အကြမ်းဖက်စစ်တပ်လို ထုတ်လုပ်တဲ့စက်ရုံ၊ အလုပ်ရုံတွေမရှိပေမယ့် သူတို့အကြမ်းဖက်စစ်တပ် ကပစ ကထုတ်တဲ့ ဗုံးသီးခဲယမ်းတွေထက် သာအောင် လုပ်ဆောင်ထားတာဖြစ်တယ်” လို့ လက်နက်ကြီးဗုံးသီးထုတ်လုပ်တဲ့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
“ကျွန်တော်တို့က ဖော်စပ်ထားတဲ့ ယမ်းအားမြှင့်တဲ့ယမ်း၊ ခဲ ၊ သံတိုသံစနဲ့ ကုန်ကျမှုစာရိတ်နဲ့ ညီမျှတဲ့ ဗုံးသီးကောင်းကို ထုတ်လုပ်နိုင်တယ်လေ၊ ကပစ မှာကျတော့ စက်ရုံအလုပ်ရုံတွေရှိပြီး မြေပြင်တော်လှန်ရေးမှာ ထုတ်လုပ်နေတဲ့ ဗုံးသီးတွေထက် ပိုမိုကောင်းမွန်အောင်လုပ်နိုင်နေပေမယ့် သူတို့ရဲ့ မွေးရာပါအကျင်စရိုက်ဖြစ်တဲ့ ခိုးမှ၊ ဖွက်မှ အဆင်ပြေကြရတဲ့ အကြမ်းဖက်စစ်သားတွေဆိုတော့ ဗုံးသီးတစ်လုံးကို ကျပ်ငွေ ၃သောင်းလောက်ကျတဲ့ငွေပမာဏနဲ့ ထုတ်လုပ်နိုင်တာဆိုရင် သေချာတယ်၊ သူတို့ထုတ်လုပ်တဲ့ ဗုံးသီးက ကျပ်ငွေ ၁ သောင်းတောင် မသုံးဘဲ ထုတ်လုပ်ထားတာလေ၊ အဆင့်ဆင့်ခိုးယူပြီး တကယ့်ကွာလတီမှီတဲ့ဗုံးသီး မရနိုင်ဘူးလေ၊ အခုလက်ရှိမြေပြင်မှာ လုပ်ဆောင်နေတဲ့ ဗုံးသီးတွေက ပြည်သူတွေ ပါဝင်ကူညီလှူဒါန်းလို့ရရှိတဲ့ ငွေပမာဏနဲ့ ထုတ်လုပ်ပေးနေတာဆိုတော့ ၃ သောင်းကုန်ကျရင် ကျပ်ငွေ ၃သောင်းနဲ့ညီမျှတဲ့ ခဲယမ်းအပြည့်အဝအသုံးပြုနေကြတာ” လို့ အဲ့ဒီဗုံးထုတ်လုပ်သူက ဆက်ပြောပါတယ်။
အဆင့်မြင့်တဲ့ လက်နက်ခဲယမ်း၊ ဗုံးသီးနဲ့ တာဝေးပစ်လက်နက်တွေကိုပါ ထုတ်လုပ်နေတာကြောင့် တော်လှန်ရေးဘက်တော်သား ပြည်သူတွေအနေနဲ့လည်း ပါဝင်လှူဒါန်းပေးစေလိုပြီး အာဏာရှင်စစ်တပ် အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်ကာဆက်လက် ကြိုးစား လုပ်ကိုင်သွားမှာဖြစ်တယ်လို့ တာဝေးပစ်ဗုံးသီးထုတ်လုပ်ရေးအဖွဲ့တွေဆီ သိရပါတယ်။
ပုံစာ – မြေပြင်တော်လှန်ရေးတပ်ဖွဲ့ ထုတ်လုပ်နေတဲ့ ဗုံးသီး…
0 Shares:
You May Also Like
Read More

စစ်အာဏာရှင်စနစ် တိုက်ဖျက်ချေမှုန်းရေးအတွက် နေပြည်တော် PDF တပ်ရင်း ၉၀၁ က တပ်သားအသစ်တွေ ခေါ်ယူနေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာန၊ အမှတ်(၉၀၁) တပ်ရင်းက စစ်အာဏာရှင်စနစ် တိုက်ဖျက်ချေမှုန်းရေးအတွက် တပ်သားအသစ်တွေကို စိစစ် လက်ခံခေါ်ယူနေတယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

တနင်္သာရီမြို့နယ်မှာ ခမရ ၅၅၈ တပ်၊ စစ်ကောင်စီတပ် လုံခြုံရေးကင်းနှင့် ရိက္ခာပို့စစ်ကြောင်းတို့ကို တိုက်ခိုက်ခဲ့

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ခမရ ၅၅၈ တပ်ရင်းနဲ့ စစ်ကောင်စီ လုံခြုံရေးကင်းတို့ကို ဖေဖော်ဝါရီလအတွင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပကဖ ဇုန် ၄ အဖွဲ့ - တောင်ပံနီ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၂) စစ်ဒေသ (ခွဲ) စစ်သင်တန်းကျောင်း(၂) သင်တန်းဆင်းပွဲ NUG ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူတွေ တက်ရောက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၂) စစ်ဒေသ(ခွဲ) စစ်သင်တန်းကျောင်း (၂) သင်တန်းဆင်းပွဲအခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ NUG က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တွင် ပန်းပန်ခြင်း၊ အင်္ကျီအပြာ ဝတ်ဆင်ခြင်းကို အကြမ်းဖက်လုပ်ရပ်အဖြစ် သတ်မှတ်ကာ ဖမ်းဆီးထောင်ချဖို့ စစ်တပ်လော်ဘီများ လှုံ့ဆော်နေ

အာဏာသိမ်းစစ်ကောင်စီကနေ မတရား ဖမ်းဆီးအကျဉ်းချထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၁၉ရက် မနက်ဖြန်ဆိုရင် အသက် ၈၀ ပြည့်ပြီဖြစ်ပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ် ပြည်သူလူထုကြားမှာ လှုပ်ရှားမှုတွေ လုပ်ဆောင်ဖို့ တော်လှန်ရေးအင်အားစုတွေက နှိုးဆော်တိုက်တွန်းထားပါတယ်။
Read More

အတုအယောင်ရွေးကောက်ပွဲ ဝါဒဖြန့်ဇာတ်ကားအား ဝေဖန်သည့်ပို့စ်များအပေါ် ထောက်ခံသည်ဆိုကာ စစ်အုပ်စုက ဒါရိုက်တာ ၂ဦးအား ထပ်မံဖမ်းဆီး

အတုအယောင်ရွေးကောက်ပွဲ ဝါဒဖြန့်ဇာတ်ကားနဲ့ ပတ်သက်တော်လှန်ရေးအင်အားစုတွေရဲ့ ဝေဖန်ပြောဆိုမှုအပေါ် လူမှုကွန်ရက်ကတဆင့် ထောက်ခံအားပေးတယ်ဆိုပြီး အကြမ်းဖက်စစ်အုပ်စုက မြန်မာပြည်တွင်းက ဒါရိုက်တာ၂ယောက်ကို ထပ်မံဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ကော်မရှင်ဟာ ၄င်းတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲအတွက် ဝါဒဖြန့်ဇာတ်လမ်းတွေကိုလည်း ဆက်တိုက်ရိုက်ကူး ထုတ်လွှင့်လာနေတယ်လို့သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုရိုက်ကူးတဲ့ "ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ" အမည်ရ အတုယောင်ရွေးကောက်ပွဲ ဝါဒဖြန့်ဇာတ်လမ်း ထွက်ရှိလာပြီးတဲ့နောက် ဇာတ်လမ်းထဲ ပါဝင်တဲ့သရုပ်ဆောင်တွေအပေါ် တော်လှန်ရေးအင်အားစုတွေ၊ ပြည်သူတွေနဲ့ တော်လှန်အနုပညာရှင်တွေက ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့ကြပါတယ်။
Read More

နိုင်ငံတဝန်း ၃ လ အတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် ၁၈ နှစ်အောက် ကလေးငယ် ၇၉ ဦး အပါအဝင် ပြည်သူ ၄၀၀ နီးပါး သေဆုံးခဲ့ဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် ဇူလိုင်လကနေ စက်တင်ဘာလအထိ ၃ လတာအတွင်း အသက် ၁၈ နှစ်အောက် ကလေးငယ် ၇၉ ယောက်အပါအဝင် အရပ်သားပြည်သူ ၄၀၀ နီးပါး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။